မူစတာဖီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ရှကိုဒရန်မူစတာဖီကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဂျာမန်သားဟာ ဒီဘက်နှစ်ပိုင်းတွေအတွင်း ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နည်းပြအာတေတာလက်အောက်မှာတော့ ပုံစံကောင်းတခုကို ပြသနေသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂါဘရီယဲလ်မာဂါလွိုင်စ် ရောက်ရှိလာမှုအပြင် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီရာသီမှာ ပွဲကစားခွင့်နည်းပါးနေပြီး အရန်ခုံတန်းပေါ်မှာသာ အချိန်ဖြုန်းနေရသူလည်း ဖြစ်ပါတယ်။

အသက် (၂၈) နှစ်သားဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး အာဆင်နယ်အသင်းဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ကာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာဖို့ စီစဉ်ထားသူပါ။

ဒီအချိန်မှာပဲ အရန်အင်အားဖြည့်တင်းသွားဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာအသင်းဟာ ဈေးသက်သာနိုင်တဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေရာမှာ မူစတာဖီဟာလည်း ပစ်မှတ်စာရင်းထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဓိကပစ်မှတ်က မန်စီးတီးရဲ့ အဲရစ်ဂါစီယာဖြစ်ပေမယ့်လည်း ဇန်နဝါရီလမှာ ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ပမာဏတခုအထိ အသုံးပြုရမှာဖြစ်တာကြောင့် ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ နူးကမ့်အသင်းဟာ ဈေးချိုတဲ့ ကစားသမားတွေဘက်ကကို မျက်စိကျလာခဲ့တာပါ။

အာဆင်နယ်အသင်းကတော့ လာမယ့် ဇန်နဝါရီလမှာ မူစတာဖီ၊ ဆိုကရာတစ်နဲ့ အိုဇေးလ်တို့လို ကစားသမားတွေကို ဘယ်ကြေးပဲရသည်ဖြစ်ပါစေ လက်ခံစဉ်းစားသွားဖို့ ရှိနေတာကြောင့် ဘာစီလိုနာအသင်းသာ အမှန်တကယ် ကမ်းလှမ်းမှုပြုလာခဲ့ရင် အစဉ်ပြေမယ့် အခြေအနေမှာ ရှိနေပါတယ်။

Ref : Football London

Zawgyi
ဘာစီလိုနာအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ရွကိုဒရန္မူစတာဖီကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဂ်ာမန္သားဟာ ဒီဘက္ႏွစ္ပိုင္းေတြအတြင္း ေျခစြမ္းပိုင္းက်ဆင္းမႈေတြေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း နည္းျပအာေတတာလက္ေအာက္မွာေတာ့ ပုံစံေကာင္းတခုကို ျပသေနသူ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂါဘရီယဲလ္မာဂါလြိဳင္စ္ ေရာက္ရွိလာမႈအျပင္ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ဒီရာသီမွာ ပြဲကစားခြင့္နည္းပါးေနၿပီး အရန္ခုံတန္းေပၚမွာသာ အခ်ိန္ျဖဳန္းေနရသူလည္း ျဖစ္ပါတယ္။

အသက္ (၂၈) ႏွစ္သားဟာ ဒီရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကစားသမားျဖစ္ၿပီး အာဆင္နယ္အသင္းဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခဲ့ကာ ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ထြက္ခြာဖို႔ စီစဥ္ထားသူပါ။

ဒီအခ်ိန္မွာပဲ အရန္အင္အားျဖည့္တင္းသြားဖို႔ ႀကိဳးစားေနတဲ့ ဘာစီလိုနာအသင္းဟာ ေဈးသက္သာႏိုင္တဲ့ ကစားသမားေတြကို ပစ္မွတ္ထားေနရာမွာ မူစတာဖီဟာလည္း ပစ္မွတ္စာရင္းထဲ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ အဓိကပစ္မွတ္က မန္စီးတီးရဲ႕ အဲရစ္ဂါစီယာျဖစ္ေပမယ့္လည္း ဇန္နဝါရီလမွာ ေခၚယူမယ္ဆိုရင္ေတာ့ ေျပာင္းေ႐ႊ႕ပမာဏတခုအထိ အသုံးျပဳရမွာျဖစ္တာေၾကာင့္ ဘ႑ာေရးအၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ႏူးကမ့္အသင္းဟာ ေဈးခ်ိဳတဲ့ ကစားသမားေတြဘက္ကကို မ်က္စိက်လာခဲ့တာပါ။

အာဆင္နယ္အသင္းကေတာ့ လာမယ့္ ဇန္နဝါရီလမွာ မူစတာဖီ၊ ဆိုကရာတစ္နဲ႔ အိုေဇးလ္တို႔လို ကစားသမားေတြကို ဘယ္ေၾကးပဲရသည္ျဖစ္ပါေစ လက္ခံစဥ္းစားသြားဖို႔ ရွိေနတာေၾကာင့္ ဘာစီလိုနာအသင္းသာ အမွန္တကယ္ ကမ္းလွမ္းမႈျပဳလာခဲ့ရင္ အစဥ္ေျပမယ့္ အေျခအေနမွာ ရွိေနပါတယ္။

Ref : Football London

By | 2020-11-15T15:53:57+00:00 November 15th, 2020|Transfer News|Comments Off on မူစတာဖီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ
error: Content is protected !!