ဆဘော့ဇ်ဆလိုင်ရီကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်မှာသာ လီယွန်ကွင်းလယ်ကြယ်ပွင့် ဟူဆန်အာဝါကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် သြစတြီးယားကလပ် ရက်ဘူးလ်ဆယ်ဘတ်ချ်အသင်းရဲ့ လူငယ်ကစားသမားလေး ဒေါ့မနစ်ဆဘော့ဇ်ဆလိုင်ရီကို ခေါ်ယူသွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဂန်းနားတို့ဟာ ကွင်းလယ်တိုက်စစ်ကစားသမား မီဆုအိုဇေးလ်နေရာကို ရေရှည်အစားထိုးသွားနိုင်မယ့် ကစားသမားတဦးကို အရခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်တယ်လို့ Fabrizio Romano က အတည်ပြုခဲ့ပြီး ဟန်ဂေရီသား‌လေးဟာလည်း အာဝါနဲ့အတူ ပစ်မှတ်စာရင်းထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဆဘော့ဇ်ဆလိုင်ရီဟာ ရက်ဘူးလ်ဆယ်ဘတ်ချ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပြီး ဒီရာသီမှာ ပွဲစဉ် (၁၀) ပွဲသာ ကစားထားရသေးပေမယ့်လည်း သွင်းဂိုး (၅) ဂိုး သွင်းယူထားနိုင်သလို ဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပေမယ့် ဘယ်တောင်ပံမှာလည်း ကစားတတ်သလို box-to-box လည်း ကစားတတ်တဲ့ အသက် (၂၀) နှစ်သားလေးကို အာဆင်နယ်အသင်း စောင့်ကြည့်နေတာ ကြာမြင့်နေပြီဖြစ်ပြီး ဥရောပရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲမှာ တဦးအပါအဝင်လည်း ဖြစ်နေပါတယ်။

ဒီရာသီမှာ နည်းပြအာတေတာရဲ့ အသင်းဟာ ခံစစ်ပိုင်းမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် တိုက်စစ်ပိုင်းကတော့ သွင်းဂိုးတွေရဖို့ ရုန်းကန်နေရကာ အခွင့်အရေးဖန်တီးနိုင်မှု အားနည်းနေတာကြောင့် တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတဦးကို အရခေါ်ယူသွားဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ဈေးကွက်မှာ ပါတေးအပြင် အာဝါကိုပါ ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဂါနာသားကိုသာ ရခဲ့ပြီးနောက် လာမယ့်အပြောင်းအရွှေ့ကာလမှာ မပြီးပြတ်သေးတဲ့ အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ အာဆင်နယ်အသင်း စီစဉ်ခဲ့တာပါ။

Ref : Fabrizio Romano

Zawgyi
အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာသာ လီယြန္ကြင္းလယ္ၾကယ္ပြင့္ ဟူဆန္အာဝါကို မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ ၾသစႀတီးယားကလပ္ ရက္ဘူးလ္ဆယ္ဘတ္ခ်္အသင္းရဲ႕ လူငယ္ကစားသမားေလး ေဒါ့မနစ္ဆေဘာ့ဇ္ဆလိုင္ရီကို ေခၚယူသြားဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။

ဂန္းနားတို႔ဟာ ကြင္းလယ္တိုက္စစ္ကစားသမား မီဆုအိုေဇးလ္ေနရာကို ေရရွည္အစားထိုးသြားႏိုင္မယ့္ ကစားသမားတဦးကို အရေခၚယူသြားဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ Fabrizio Romano က အတည္ျပဳခဲ့ၿပီး ဟန္ေဂရီသား‌ေလးဟာလည္း အာဝါနဲ႔အတူ ပစ္မွတ္စာရင္းထဲ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

ဆေဘာ့ဇ္ဆလိုင္ရီဟာ ရက္ဘူးလ္ဆယ္ဘတ္ခ်္အသင္းအတြက္ ေျခစြမ္းေကာင္းေတြ ျပသေနသူ ျဖစ္ၿပီး ဒီရာသီမွာ ပြဲစဥ္ (၁၀) ပြဲသာ ကစားထားရေသးေပမယ့္လည္း သြင္းဂိုး (၅) ဂိုး သြင္းယူထားႏိုင္သလို ဖန္တီးမႈ (၇) ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ပါတယ္။

ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္ေပမယ့္ ဘယ္ေတာင္ပံမွာလည္း ကစားတတ္သလို box-to-box လည္း ကစားတတ္တဲ့ အသက္ (၂၀) ႏွစ္သားေလးကို အာဆင္နယ္အသင္း ေစာင့္ၾကည့္ေနတာ ၾကာျမင့္ေနၿပီျဖစ္ၿပီး ဥေရာပရဲ႕ အေတာက္ပဆုံး ၾကယ္ပြင့္ေတြထဲမွာ တဦးအပါအဝင္လည္း ျဖစ္ေနပါတယ္။

ဒီရာသီမွာ နည္းျပအာေတတာရဲ႕ အသင္းဟာ ခံစစ္ပိုင္းမွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားေပမယ့္ တိုက္စစ္ပိုင္းကေတာ့ သြင္းဂိုးေတြရဖို႔ ႐ုန္းကန္ေနရကာ အခြင့္အေရးဖန္တီးႏိုင္မႈ အားနည္းေနတာေၾကာင့္ တိုက္စစ္အားသန္ကြင္းလယ္ကစားသမားတဦးကို အရေခၚယူသြားဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပါေတးအျပင္ အာဝါကိုပါ ေခၚယူဖို႔ ျပင္ဆင္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဂါနာသားကိုသာ ရခဲ့ၿပီးေနာက္ လာမယ့္အေျပာင္းအေ႐ႊ႕ကာလမွာ မၿပီးျပတ္ေသးတဲ့ အစီအစဥ္ကို ဆက္လက္အေကာင္အထည္ေဖာ္သြားဖို႔ အာဆင္နယ္အသင္း စီစဥ္ခဲ့တာပါ။

Ref : Fabrizio Romano

By | 2020-10-31T15:09:54+00:00 October 31st, 2020|Transfer News|Comments Off on ဆဘော့ဇ်ဆလိုင်ရီကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတဲ့ အာဆင်နယ်
error: Content is protected !!