Gunnersaurus လေး အမ်းမရိတ်ကို ပြန်လာခဲ့ပြီဖြစ်ပေမယ့် အရုပ်ထဲကသူက ဘယ်သူလဲ … ?

အာဆင်နယ်အသင်းဟာ အသင်းရဲ့ လာဘ်ကောင်အရုပ်လေး Gunnersaurus အမ်းမရိတ်မြေကို ပြန်လာခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ တရားဝင်ကြေညာခဲ့ပါတယ်။

ဘဏ္ဍာရေးအခြေအနေတွေကြောင့် အာဆင်နယ်အသင်း ဝန်ထမ်းတွေ လျှော့ချခဲ့တဲ့အထဲမှာ Gunnersaurus အဖြစ် ကာလရှည်ကိုယ်စားပြုခဲ့သူ ဂျယ်ရီကိုင်းကလည်း ပါဝင်သွားခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ဒါဟာ ခေတ္တခဏသာ အနားပေးခဲ့တာဖြစ်ပြီး ကွင်းအတွင်း ပရိသတ်တွေ ပြန်လည်ဝင်ရောက်လာချိန်ကျရင် Gunnersaurus လည်း ပြန်လာမှာဖြစ်တယ်လို့ အတည်ပြုထားခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း Gunnersaurus ကို အာဆင်နယ်အသင်း ပြန်လည်ခေါ်ယူခဲ့ပြီဖြစ်ပေမယ့် ဂျယ်ရီကိုင်းတယောက် ပြန်လာခဲ့ပြီလားဆိုတာကတော့ ရေရေရာရာ မသိရသေးတဲ့ အခြေအနေပါ။ ကိုင်းကို အာဆင်နယ်အသင်းက Gunnersaurus အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းမှုပြုထားခဲ့ပေမယ့်လည်း ကာယကံရှင်ကတော့ အခုထက်ထိ လက်မခံသေးဘူးလို့ Telegraph သတင်းဌာနက ဖော်ပြထားပါတဘ်။

” ကျွန်တော်တို့အနေနဲ့ ပြောလိုတာကတော့ Gunnersaurus ဟာ အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတဘ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေကြား ထင်ရှားကျော်ကြားတဲ့ ပုံရိပ်တခုပါပဲ။ ”

” ဂန်းနားတွေဟာ ဒီလာဘ်ကောင်အရုပ်လေးကို အဝေးမှာ ထားလိုခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကပ်ဆိုးကြား အခြေအနေတွေကြောင့် မတတ်သာခဲ့ဘဲ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ” လို့ အာဆင်နယ်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုထားပါတယ်။

Ref : Telegraph

Zawgyi
အာဆင္နယ္အသင္းဟာ အသင္းရဲ႕ လာဘ္ေကာင္အ႐ုပ္ေလး Gunnersaurus အမ္းမရိတ္ေျမကို ျပန္လာခဲ့ၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္သတၱပတ္ကပဲ တရားဝင္ေၾကညာခဲ့ပါတယ္။

ဘ႑ာေရးအေျခအေနေတြေၾကာင့္ အာဆင္နယ္အသင္း ဝန္ထမ္းေတြ ေလွ်ာ့ခ်ခဲ့တဲ့အထဲမွာ Gunnersaurus အျဖစ္ ကာလရွည္ကိုယ္စားျပဳခဲ့သူ ဂ်ယ္ရီကိုင္းကလည္း ပါဝင္သြားခဲ့တာျဖစ္ၿပီး အဲဒီကိစၥနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြလည္း ျမင့္တက္ခဲ့ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ဒါဟာ ေခတၱခဏသာ အနားေပးခဲ့တာျဖစ္ၿပီး ကြင္းအတြင္း ပရိသတ္ေတြ ျပန္လည္ဝင္ေရာက္လာခ်ိန္က်ရင္ Gunnersaurus လည္း ျပန္လာမွာျဖစ္တယ္လို႔ အတည္ျပဳထားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာလည္း Gunnersaurus ကို အာဆင္နယ္အသင္း ျပန္လည္ေခၚယူခဲ့ၿပီျဖစ္ေပမယ့္ ဂ်ယ္ရီကိုင္းတေယာက္ ျပန္လာခဲ့ၿပီလားဆိုတာကေတာ့ ေရေရရာရာ မသိရေသးတဲ့ အေျခအေနပါ။ ကိုင္းကို အာဆင္နယ္အသင္းက Gunnersaurus အျဖစ္ ျပန္လည္တာဝန္ထမ္းေဆာင္ဖို႔ ကမ္းလွမ္းမႈျပဳထားခဲ့ေပမယ့္လည္း ကာယကံရွင္ကေတာ့ အခုထက္ထိ လက္မခံေသးဘူးလို႔ Telegraph သတင္းဌာနက ေဖာ္ျပထားပါတဘ္။

” ကြၽန္ေတာ္တို႔အေနနဲ႔ ေျပာလိုတာကေတာ့ Gunnersaurus ဟာ အာဆင္နယ္အသင္းရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းတခု ျဖစ္ပါတဘ္။ ကြၽန္ေတာ္တို႔ရဲ႕ ကမာၻတဝန္းက ပရိသတ္ေတြၾကား ထင္ရွားေက်ာ္ၾကားတဲ့ ပုံရိပ္တခုပါပဲ။ ”

” ဂန္းနားေတြဟာ ဒီလာဘ္ေကာင္အ႐ုပ္ေလးကို အေဝးမွာ ထားလိုျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း ဗိုင္းရပ္စ္ကပ္ဆိုးၾကား အေျခအေနေတြေၾကာင့္ မတတ္သာခဲ့ဘဲ ဆုံးျဖတ္ခဲ့ရတာ ျဖစ္ပါတယ္။ ” လို႔ အာဆင္နယ္အသင္းရဲ႕ ေျပာေရးဆိုခြင့္ရွိသူတဦးက ဆိုထားပါတယ္။

Ref : Telegraph

By | 2020-11-17T03:50:53+00:00 November 17th, 2020|Team News|Comments Off on Gunnersaurus လေး အမ်းမရိတ်ကို ပြန်လာခဲ့ပြီဖြစ်ပေမယ့် အရုပ်ထဲကသူက ဘယ်သူလဲ … ?
error: Content is protected !!