ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း အဆင့်ရပ်တည်မှုရဲ့ (၁၃) နေရာမှာ ရှိနေတဲ့ အာဆင်နယ်

Transfermarkt ရဲ့ ‌‌ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် (၁၃) နေရာမှာ ရပ်တည်နေခဲ့တာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ဂန်းနားတို့ရဲ့ ကစားသမားစုစုပေါင်းတန်ဖိုးဟာ ပေါင် (၅၆၈.၇၆) သန်း ဖြစ်ပြီး လီဗာပူးလ် (၉၇၃.၃၅ သန်း) ၊ မန်စီးတီး (၉၇၁.၆၄ သန်း) ၊ ချယ်လ်ဆီး (၇၅၅.၀၁ သန်း) ၊ မန်ယူ (၇၁၉.၈၇ သန်း) နဲ့ စပါး (၆၄၄.၇၀ သန်း) တို့ရဲ့ နောက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

နည်းပြအာတေတာလက်ထက်မှာ သောမတ်စ်ပါတေး၊ ဂါဘရီယဲလ်မာဂါလွိုင်စ်၊ ရူနာအဲလက်စ် ရူနာဆင်၊ ဒါနီဆီဘယ်ယော့စ် (အငှား) နဲ့ ဝီလီယံတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) အတွင်း ဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ အာဆင်နယ်အသင်းရဲ့ လူစာရင်းတန်ဖိုးဟာ ပေါင် (၆၅၆.၀၈) သန်း ရှိခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ပေါင် (၆၇.၃၂) သန်းလောက် ကျဆင်းသွားခဲ့တာဖြစ်တယ်လို့လည်း Football London က ဖော်ပြထားပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ကပ်ဆိုးကာလဖြစ်တဲ့အပြင် ဘဏ္ဍာရေးအခြေအနေအရ ကစားသမားအချို့ကို ရောင်းထုတ်သွားဖွယ်ရှိနေတာကလည်း အခုလို တန်းဖိုးကျဆင်းသွားခြင်းရဲ့ အကြောင်းအရင်းတရပ် ဖြစ်နေပါတယ်။

တိုက်စစ်မှူး အူဘာမီယန်နဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးတို့ကတော့ ဈေးကွက်ပေါက်ကြေး ပေါင် (၄၅) သန်းနဲ့ အာဆင်နယ်ရဲ့ တန်ဖိုးအမြင့်မားဆုံး ကစားသမားတွေအဖြစ် ရပ်တည်နေပြီး သူတို့နောက်မှာတော့ လာကာဇက်က ပေါင် (၃၇.၈) သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ နီကိုးလက်စ်ပေပေရဲ့ လက်ရှိဈေးကွက်ပေါက်ကြေးကတော့ ပေါင် (၃၆) သန်းသာ ရှိတော့တယ်လို့ သိရပြီး လူငယ်ကြယ်ပွင့်လေး ဘူကာရိုဆာကာနဲ့ တန်ကြေးအတူတူပဲ ဖြစ်နေပါတယ်။ တချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေးခေါ်ထားတဲ့ ကစားသမားတဦးဖြစ်တဲ့ အိုဇေးလ်ကတော့ ဈေးကွက်ပေါက်ကြေး ပေါင် (၉) သန်းသာ ရှိတော့တာကိုလည်း တွေ့ရပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး လူစာရင်းပိုင်ဆိုင်ထားတဲ့ အသင်း (၁၅) သင်း – 1. Liverpool (£973.35m) 2. Man City (£971.64m) 3. Bayern Munich (£793.08m) 4. Barcelona (£790.20m) 5. Paris Saint-Germain (£772.88m) 6. Real Madrid (£769.50m) 7. Chelsea (£755.01m) 8. Man United (£719.87m) 9. Atletico Madrid (£677.93m) 10. Tottenham (£664.70m) 11. Juventus (£636.93m) 12. Inter Milan (£589.95) 13. Arsenal (£568.76m) 14. Napoli (£543.13m) 15. Borussia Dortmund (£528.53m)

Ref : Football London , Transfermarkt

Zawgyi
Transfermarkt ရဲ႕ ‌‌ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ကမာၻ႔ေဈးအႀကီးဆုံး လူစာရင္း အဆင့္သတ္မွတ္ခ်က္ရဲ႕ အဆင့္ (၁၃) ေနရာမွာ ရပ္တည္ေနခဲ့တာကို ေတြ႕ရပါတယ္။

လက္ရွိအခ်ိန္မွာ ဂန္းနားတို႔ရဲ႕ ကစားသမားစုစုေပါင္းတန္ဖိုးဟာ ေပါင္ (၅၆၈.၇၆) သန္း ျဖစ္ၿပီး လီဗာပူးလ္ (၉၇၃.၃၅ သန္း) ၊ မန္စီးတီး (၉၇၁.၆၄ သန္း) ၊ ခ်ယ္လ္ဆီး (၇၅၅.၀၁ သန္း) ၊ မန္ယူ (၇၁၉.၈၇ သန္း) နဲ႔ စပါး (၆၄၄.၇၀ သန္း) တို႔ရဲ႕ ေနာက္မွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

နည္းျပအာေတတာလက္ထက္မွာ ေသာမတ္စ္ပါေတး၊ ဂါဘရီယဲလ္မာဂါလြိဳင္စ္၊ ႐ူနာအဲလက္စ္ ႐ူနာဆင္၊ ဒါနီဆီဘယ္ေယာ့စ္ (အငွား) နဲ႔ ဝီလီယံတို႔လို ကစားသမားေတြကို ေခၚယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ (၄) အတြင္း ဝင္ေရာက္ႏိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

လြန္ခဲ့တဲ့ လအနည္းငယ္တုန္းကေတာ့ အာဆင္နယ္အသင္းရဲ႕ လူစာရင္းတန္ဖိုးဟာ ေပါင္ (၆၅၆.၀၈) သန္း ရွိခဲ့တယ္လို႔ သိရၿပီး လက္ရွိအခ်ိန္မွာေတာ့ ေပါင္ (၆၇.၃၂) သန္းေလာက္ က်ဆင္းသြားခဲ့တာျဖစ္တယ္လို႔လည္း Football London က ေဖာ္ျပထားပါတယ္။

ကိုဗစ္ဗိုင္းရပ္စ္ကပ္ဆိုးကာလျဖစ္တဲ့အျပင္ ဘ႑ာေရးအေျခအေနအရ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္သြားဖြယ္ရွိေနတာကလည္း အခုလို တန္းဖိုးက်ဆင္းသြားျခင္းရဲ႕ အေၾကာင္းအရင္းတရပ္ ျဖစ္ေနပါတယ္။

တိုက္စစ္မႉး အူဘာမီယန္နဲ႔ ကြင္းလယ္ကစားသမား ေသာမတ္စ္ပါေတးတို႔ကေတာ့ ေဈးကြက္ေပါက္ေၾကး ေပါင္ (၄၅) သန္းနဲ႔ အာဆင္နယ္ရဲ႕ တန္ဖိုးအျမင့္မားဆုံး ကစားသမားေတြအျဖစ္ ရပ္တည္ေနၿပီး သူတို႔ေနာက္မွာေတာ့ လာကာဇက္က ေပါင္ (၃၇.၈) သန္းနဲ႔ တတိယေနရာမွာ ရွိေနပါတယ္။

ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ျဖစ္တဲ့ နီကိုးလက္စ္ေပေပရဲ႕ လက္ရွိေဈးကြက္ေပါက္ေၾကးကေတာ့ ေပါင္ (၃၆) သန္းသာ ရွိေတာ့တယ္လို႔ သိရၿပီး လူငယ္ၾကယ္ပြင့္ေလး ဘူကာ႐ိုဆာကာနဲ႔ တန္ေၾကးအတူတူပဲ ျဖစ္ေနပါတယ္။ တခ်ိန္က ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပးေခၚထားတဲ့ ကစားသမားတဦးျဖစ္တဲ့ အိုေဇးလ္ကေတာ့ ေဈးကြက္ေပါက္ေၾကး ေပါင္ (၉) သန္းသာ ရွိေတာ့တာကိုလည္း ေတြ႕ရပါတယ္။

ကမာၻ႔တန္ေၾကးအျမင့္ဆုံး လူစာရင္းပိုင္ဆိုင္ထားတဲ့ အသင္း (၁၅) သင္း – 1. Liverpool (£973.35m) 2. Man City (£971.64m) 3. Bayern Munich (£793.08m) 4. Barcelona (£790.20m) 5. Paris Saint-Germain (£772.88m) 6. Real Madrid (£769.50m) 7. Chelsea (£755.01m) 8. Man United (£719.87m) 9. Atletico Madrid (£677.93m) 10. Tottenham (£664.70m) 11. Juventus (£636.93m) 12. Inter Milan (£589.95) 13. Arsenal (£568.76m) 14. Napoli (£543.13m) 15. Borussia Dortmund (£528.53m)

Ref : Football London , Transfermarkt

By | 2020-11-14T15:04:30+00:00 November 14th, 2020|Team News|Comments Off on ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း အဆင့်ရပ်တည်မှုရဲ့ (၁၃) နေရာမှာ ရှိနေတဲ့ အာဆင်နယ်
error: Content is protected !!