မိုလ်ဒီအသင်းနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲမတိုင်မီ ဒဏ်ရာအခြေအနေများ

မိုလ်ဒီအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲမတိုင်မီ ဒဏ်ရာအခြေအနေတွေကို အာဆင်နယ်အသင်းက အခုလိုပဲ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ဒေးဗစ်လူးဝစ်

လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသေးစားဒဏ်ရာရခဲ့တဲ့ ဘရာဇီးလ်သားကြီးကတော့ အခုချိန်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်တာကြောင့် ဒီပွဲမှာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ကယ်လန်ချိန်ဘာစ်

ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ အင်္ဂလန်သားအနေနဲ့လည်း အပြည့်အဝ ပြန်ကောင်းလာခဲ့ပြီဖြစ်ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း ပါဝင်နေနိုင်ပြီ ဖြစ်ပါတယ်။ ပွဲတွေ ပြန်ကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှုပိုင်း ပြည့်ဝဖို့သာ ကျန်ရှိနေပါတော့တယ်။

ပါဘလိုမာရီ

ခြေကျင်းဝတ်ဒဏ်ရာ‌ကြောင့် အနားယူခဲ့ရတဲ့ ပါဘလိုမာရီကတော့ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှသာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ဖို့ ရှိနေပါတယ်။

ဂါဘရီရဲလ်မာတင်နယ်လီ

လေ့ကျင့်ရေးကွင်းမှာ တက်တက်ကြွကြွ ပြန်လည်မြင်တွေ့နေရတဲ့ မာတင်နယ်လီတယောက် မြက်ခင်းစိမ်းတွေထက် ပြန်လာနိုင်ဖို့တော့ အချိန်တခု စောင့်ရဦးမှာ ဖြစ်ပါတယ်။ အပေါ့စားလေ့ကျင့်ခန်းမျိုးတွေသာ ပြန်လည်ပြုလုပ်နိုင်သေးတာဖြစ်ပြီး ဒီနှစ်ကုန်လောက်မှသာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်မှာဖြစ်သလို ကြံ့ခိုင်မှုလည်း တည်ဆောက်ရဦးမှာဖြစ်တာကြောင့် တော်တော်နဲ့ ပြန်လာနိုင်ဦးမှာ မဟုတ်သေးပါဘူး။

Ref : Arsenal Official

Zawgyi
မိုလ္ဒီအသင္းနဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္ပြဲမတိုင္မီ ဒဏ္ရာအေျခအေနေတြကို အာဆင္နယ္အသင္းက အခုလိုပဲ ထုတ္ျပန္ေၾကညာသြားခဲ့ပါတယ္။

ေဒးဗစ္လူးဝစ္

လက္စတာအသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အေသးစားဒဏ္ရာရခဲ့တဲ့ ဘရာဇီးလ္သားႀကီးကေတာ့ အခုခ်ိန္မွာ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝေနၿပီျဖစ္တာေၾကာင့္ ဒီပြဲမွာ ကစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ကယ္လန္ခ်ိန္ဘာစ္

ဒူးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတဲ့ အဂၤလန္သားအေနနဲ႔လည္း အျပည့္အဝ ျပန္ေကာင္းလာခဲ့ၿပီျဖစ္ၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြမွာလည္း ပါဝင္ေနႏိုင္ၿပီ ျဖစ္ပါတယ္။ ပြဲေတြ ျပန္ကစားႏိုင္ဖို႔အတြက္ ႀကံ့ခိုင္မႈပိုင္း ျပည့္ဝဖို႔သာ က်န္ရွိေနပါေတာ့တယ္။

ပါဘလိုမာရီ

ေျခက်င္းဝတ္ဒဏ္ရာ‌ေၾကာင့္ အနားယူခဲ့ရတဲ့ ပါဘလိုမာရီကေတာ့ ႏိုင္ငံတကာပြဲစဥ္ေတြ အၿပီးမွသာ ေလ့က်င့္ခန္း အျပည့္အဝ ျပန္ဆင္းႏိုင္ဖို႔ ရွိေနပါတယ္။

ဂါဘရီရဲလ္မာတင္နယ္လီ

ေလ့က်င့္ေရးကြင္းမွာ တက္တက္ႂကြႂကြ ျပန္လည္ျမင္ေတြ႕ေနရတဲ့ မာတင္နယ္လီတေယာက္ ျမက္ခင္းစိမ္းေတြထက္ ျပန္လာႏိုင္ဖို႔ေတာ့ အခ်ိန္တခု ေစာင့္ရဦးမွာ ျဖစ္ပါတယ္။ အေပါ့စားေလ့က်င့္ခန္းမ်ိဳးေတြသာ ျပန္လည္ျပဳလုပ္ႏိုင္ေသးတာျဖစ္ၿပီး ဒီႏွစ္ကုန္ေလာက္မွသာ ေလ့က်င့္ခန္း အျပည့္အဝ ျပန္ဆင္းႏိုင္မွာျဖစ္သလို ႀကံ့ခိုင္မႈလည္း တည္ေဆာက္ရဦးမွာျဖစ္တာေၾကာင့္ ေတာ္ေတာ္နဲ႔ ျပန္လာႏိုင္ဦးမွာ မဟုတ္ေသးပါဘူး။

Ref : Arsenal Official

By | 2020-11-04T15:13:48+00:00 November 4th, 2020|Injury News|Comments Off on မိုလ်ဒီအသင်းနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲမတိုင်မီ ဒဏ်ရာအခြေအနေများ
error: Content is protected !!