ပါတေးကြောင့် ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်ဖို့ ရွေးချယ်စရာများသွားတဲ့အကြောင်း ဆိုလာတဲ့ ကမ်းဘဲလ်

ပါတေးကို ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ဈေးကွက်မှာ အရခေါ်ယူနိုင်ခဲ့တာက အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ ရွေးချယ်စရာ များသွားခဲ့ကြောင်း တိုက်စစ်မှူးဟောင်းကြီး ကယ်ဗင်ကမ်းဘဲလ်က သုံးသပ်လာခဲ့ပါတယ်။

ဂန်းနားတို့ဟာ အသက် (၂၇) နှစ်သားကို အက်သလက်တီကိုမက်ဒရစ်အသင်းဆီကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၄၅) သန်း ပေးချေခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြအာတေတာအနေနဲ့လည်း သူ့စိတ်ကြိုက်ကစားသမားကို ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အစဉ်အဆက် လိုအပ်ချက်တခုလို ဖြစ်ခဲ့တဲ့ အာဆင်နယ်ရဲ့ ကွင်းလယ်ခံစစ်ပိုင်းဟာ ဂါနာသား ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာခဲ့ပြီး ခံစစ်ကိုလည်း အရင်ကထက် ပိုမိုအကူအညီပေးလာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း လိုအပ်ချက်တွေ ရှိနေသေးချိန်မှာ ပါတေး ရှိနေခြင်းက နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေအတွက် စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အနေအထားကို ရောက်လာစေခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ အန်ဒီဒီ၊ အာဝါတို့လို ကွင်းလယ်ကစားသမားတွေကို ထပ်မံခေါ်ယူနိုင်ခြေ ရှိနေတယ်လို့ ဂန်းနားဟောင်းကြီးက ယူဆနေပါတယ်။

” တကယ်လို့ သောမတ်စ်ပါတေးသာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားမယ်ဆိုရင် အန်ဒီဒီလို ကစားသမားကို ကွင်းလယ်ခံစစ်မှာ ထားကစားလို့ရနိုင်တယ်လေ။ ဒါလည်း အဆင်ပြေတာပဲ။ ” လို့ ကယ်ဗင်ကမ်းဘဲလ်က Highbury Squad Youtube Channel နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

” ဒါတွေက ပြဿနာ မရှိပါဘူး။ ဘယ်လို ကစားသွားမလဲဆိုတာတွေ အပေါ်ပဲ မူတည်ပါတယ်။ အာဝါကို ခေါ်ခဲ့မယ်ဆိုရင် ပါတေးက ကွင်းလယ်ခံစစ်ကစားမယ်၊ ဒါမှမဟုတ် အန်ဒီဒီကို ခေါ်ခဲ့မယ်ဆိုရင်တော့ ပါတေးက box to box ကစားသမား ဖြစ်လာပါလိမ့်မယ်။ ”

အခြားဂန်းနားဟောင်းဖြစ်သူ အလန်စမစ်လည်း ပါတေးဟာ ကွင်းလယ်ခံစစ်ကစားသမားဆိုတာထက် ပိုသူဖြစ်ပြီး နောက်ထပ် ဗီအာရာလက်သစ်တဦးလို့ပင် ဆိုနိုင်ကြောင်း ထောက်ခံခဲ့ပါတယ်။ ” ကွင်းလယ်အထိုင်ကစားသမားလား… မဟုတ်ပါဘူး။ ပါတေးက ဒါထက်ပိုပါတယ်။ ”

” သူဟာ ထိရောက်တဲ့ ကစားဟန်တွေကို ပြသထားနိုင်ခဲ့ပြီး တိုက်စစ်က အူဘာမီယန်ကို ပံ့ပိုးကစားနိုင်ဖို့အတွက်လည်း အချိန်တိုအတွင်း နားလည်မှုတခု တည်ဆောက်နိုင်ခဲ့ပါတယ်။ သူ့ကိုကြည့်ရတာနဲ့တင် ပက်ထရစ်ဗီအာရာကို ပြန်အမှတ်ရမိပါတယ်။ ” လို့ စမစ်က ပြောကြားခဲ့ပါတယ်။

Ref : Goal

Zawgyi
ပါေတးကို ၿပီးခဲ့တဲ့ေႏြအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အရေခၚယူႏိုင္ခဲ့တာက အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ပိုင္းကို ထပ္မံအင္အားျဖည့္တင္းဖို႔ ေ႐ြးခ်ယ္စရာ မ်ားသြားခဲ့ေၾကာင္း တိုက္စစ္မႉးေဟာင္းႀကီး ကယ္ဗင္ကမ္းဘဲလ္က သုံးသပ္လာခဲ့ပါတယ္။

ဂန္းနားတို႔ဟာ အသက္ (၂၇) ႏွစ္သားကို အက္သလက္တီကိုမက္ဒရစ္အသင္းဆီကေန စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ (၄၅) သန္း ေပးေခ်ေခၚယူခဲ့တာျဖစ္ၿပီး နည္းျပအာေတတာအေနနဲ႔လည္း သူ႔စိတ္ႀကိဳက္ကစားသမားကို ရခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

အစဥ္အဆက္ လိုအပ္ခ်က္တခုလို ျဖစ္ခဲ့တဲ့ အာဆင္နယ္ရဲ႕ ကြင္းလယ္ခံစစ္ပိုင္းဟာ ဂါနာသား ေရာက္လာခဲ့ၿပီးေနာက္ပိုင္းမွာ တိုးတက္မႈေတြ ရွိလာခဲ့ၿပီး ခံစစ္ကိုလည္း အရင္ကထက္ ပိုမိုအကူအညီေပးလာႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ဒါေပမယ့္လည္း လိုအပ္ခ်က္ေတြ ရွိေနေသးခ်ိန္မွာ ပါေတး ရွိေနျခင္းက ေနာက္ထပ္ ကစားသမားသစ္ ေခၚယူမႈေတြအတြက္ စိတ္ႀကိဳက္ ေ႐ြးခ်ယ္ႏိုင္တဲ့ အေနအထားကို ေရာက္လာေစခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ အန္ဒီဒီ၊ အာဝါတို႔လို ကြင္းလယ္ကစားသမားေတြကို ထပ္မံေခၚယူႏိုင္ေျခ ရွိေနတယ္လို႔ ဂန္းနားေဟာင္းႀကီးက ယူဆေနပါတယ္။

” တကယ္လို႔ ေသာမတ္စ္ပါေတးသာ တိုက္စစ္ကို ပိုမိုလိုက္ပါကစားမယ္ဆိုရင္ အန္ဒီဒီလို ကစားသမားကို ကြင္းလယ္ခံစစ္မွာ ထားကစားလို႔ရႏိုင္တယ္ေလ။ ဒါလည္း အဆင္ေျပတာပဲ။ ” လို႔ ကယ္ဗင္ကမ္းဘဲလ္က Highbury Squad Youtube Channel နဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

” ဒါေတြက ျပႆနာ မရွိပါဘူး။ ဘယ္လို ကစားသြားမလဲဆိုတာေတြ အေပၚပဲ မူတည္ပါတယ္။ အာဝါကို ေခၚခဲ့မယ္ဆိုရင္ ပါေတးက ကြင္းလယ္ခံစစ္ကစားမယ္၊ ဒါမွမဟုတ္ အန္ဒီဒီကို ေခၚခဲ့မယ္ဆိုရင္ေတာ့ ပါေတးက box to box ကစားသမား ျဖစ္လာပါလိမ့္မယ္။ ”

အျခားဂန္းနားေဟာင္းျဖစ္သူ အလန္စမစ္လည္း ပါေတးဟာ ကြင္းလယ္ခံစစ္ကစားသမားဆိုတာထက္ ပိုသူျဖစ္ၿပီး ေနာက္ထပ္ ဗီအာရာလက္သစ္တဦးလို႔ပင္ ဆိုႏိုင္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။ ” ကြင္းလယ္အထိုင္ကစားသမားလား… မဟုတ္ပါဘူး။ ပါေတးက ဒါထက္ပိုပါတယ္။ ”

” သူဟာ ထိေရာက္တဲ့ ကစားဟန္ေတြကို ျပသထားႏိုင္ခဲ့ၿပီး တိုက္စစ္က အူဘာမီယန္ကို ပံ့ပိုးကစားႏိုင္ဖို႔အတြက္လည္း အခ်ိန္တိုအတြင္း နားလည္မႈတခု တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ သူ႔ကိုၾကည့္ရတာနဲ႔တင္ ပက္ထရစ္ဗီအာရာကို ျပန္အမွတ္ရမိပါတယ္။ ” လို႔ စမစ္က ေျပာၾကားခဲ့ပါတယ္။

Ref : Goal

By | 2020-11-16T12:43:18+00:00 November 16th, 2020|Critic Talk|Comments Off on ပါတေးကြောင့် ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်ဖို့ ရွေးချယ်စရာများသွားတဲ့အကြောင်း ဆိုလာတဲ့ ကမ်းဘဲလ်
error: Content is protected !!