မတ်တီရိုဂွမ်ဒူဇီရဲ့ အာဆင်နယ်ကစားသမားဘဝက အဆုံးသတ်သွားပြီဖြစ်ကြောင်း ကယ်ဗင်ကမ်းဘဲလ် မှတ်ချက်ပြု

စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိခဲ့တဲ့ ကွင်းလယ်ကစားသမားလေး မတ်တီရိုဂွမ်ဒူဇီရဲ့ အာဆင်နယ်ကစားသမားဘဝဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်တယ်လို့ ဂန်းနားတိုက်စစ်မှူးဟောင်းကြီး ကယ်ဗင်ကမ်းဘဲလ်က မှတ်ချက်ပြုလာခဲ့ပါတယ်။

အသက် (၂၁) နှစ်သားလေးဟာ နည်းပြဟောင်း အူနိုင်းအမ်မရီလက်အောက်မှာ တောက်ပလာခဲ့သလို နည်းပြအာတေတာလက်ထက်မှာလည်း ကနဦးအစနေ့ရက်တွေမှာ အခွင့်အရေးရခဲ့ကာ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လေ့ကျင့်ရေးကွင်းမှာ စည်းကမ်းပိုင်းအားနည်းချက်တွေ ရှိခဲ့တဲ့အပြင် ဘရိုက်တန်အသင်းနဲ့ပွဲမှာ နီးလ်မူပေးနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို ပွဲကစားခွင့်လည်း ပျောက်ဆုံးခဲ့ပါတယ်။

ဒီရာသီမှာတော့ ပြင်သစ်သားလေးဟာ ဂျာမန်ကလပ် ဟာသာဘာလင်အသင်းဆီ အငှားထွက်ကစားနေပြီး ရာသီကုန် နွေအပြောင်းအရွှေ့မှာ အမ်းမရိတ်မြေကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂွမ်ဒူဇီရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကမ်းဘဲလ်က ” ကျွန်တော်ကတော့ သူ အာဆင်နယ်အသင်းအတွက် ကစားခွင့်ရတော့မယ် မထင်ပါဘူး။ သူ့အနာဂတ်ဟာ အာဆင်နယ်မှာ မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းနဲ့ပွဲအပြီးမှာ မီကေလ်အာတေတာဟာ သူ့ကို ဒဏ်ပေးခဲ့ပါတယ်။ ”

” အာတေတာလို နည်းပြမျိုးလက်အောက်မှာ ကစားသမားတိုင်းဟာ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာမှ ရမှာပါ။ မဟုတ်ရင်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တိတ်တိတ်နေပြီး အကောင်းဆုံး ကြိုးစားပြနိုင်တဲ့ ကစားသမားတွေသာ နေရာရမှာ ဖြစ်ပါတယ်။ ဂွမ်ဒူဇီကတော့ ဒီလို မလုပ်နိုင်ခဲ့ဘူး။ ”

ကမ်းဘဲလ်က ” ဒီရာသီအစပိုင်းမှာတော့ သူဟာ မီဆုအိုဇေးလ်လိုပဲ အခွင့်အရေး ထပ်ရခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးစလုံး မပြောင်းလဲခဲ့ကြဘူး။ အာတေတာကတော့ သူ မယုံကြည်တော့တဲ့ ကစားသမားတွေကို နေရာပေးမှာ မဟုတ်ပါဘူး။ နည်းပြရဲ့ ယုံကြည်မှုကို မရတော့တဲ့ ကစားသမားအနေနဲ့လည်း အသင်းမှာ ပြန်လည်ပါဝင်လာမှာ မဟုတ်ပါဘူး။ ”

” တခုကောင်းတာကတော့ ဂွမ်ဒူဇီအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် အငှားထွက်ကစားခဲ့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်အသင်းအနေနဲ့လည်း စည်းကမ်းပိုင်းအားနည်းတဲ့ ကစားသမားကို အသင်းမှာ ဆက်ထားရတာက ခက်ခဲတယ်လေ။ အငှားထွက်ကစားတာက သူ့အတွက်ရော၊ အသင်းအတွက်ပါ ကောင်းခဲ့ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : London Evening Standard

Zawgyi
စည္းကမ္းပိုင္းဆိုင္ရာ အားနည္းမႈေတြ ရွိခဲ့တဲ့ ကြင္းလယ္ကစားသမားေလး မတ္တီ႐ိုဂြမ္ဒူဇီရဲ႕ အာဆင္နယ္ကစားသမားဘဝဟာ အဆုံးသတ္သြားခဲ့ၿပီျဖစ္တယ္လို႔ ဂန္းနားတိုက္စစ္မႉးေဟာင္းႀကီး ကယ္ဗင္ကမ္းဘဲလ္က မွတ္ခ်က္ျပဳလာခဲ့ပါတယ္။

အသက္ (၂၁) ႏွစ္သားေလးဟာ နည္းျပေဟာင္း အူႏိုင္းအမ္မရီလက္ေအာက္မွာ ေတာက္ပလာခဲ့သလို နည္းျပအာေတတာလက္ထက္မွာလည္း ကနဦးအစေန႔ရက္ေတြမွာ အခြင့္အေရးရခဲ့ကာ ပြဲထြက္လူစာရင္းထဲမွာ ပုံမွန္ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ေလ့က်င့္ေရးကြင္းမွာ စည္းကမ္းပိုင္းအားနည္းခ်က္ေတြ ရွိခဲ့တဲ့အျပင္ ဘ႐ိုက္တန္အသင္းနဲ႔ပြဲမွာ နီးလ္မူေပးနဲ႔ ျပႆနာျဖစ္ပြားခဲ့ၿပီးေနာက္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရသလို ပြဲကစားခြင့္လည္း ေပ်ာက္ဆုံးခဲ့ပါတယ္။

ဒီရာသီမွာေတာ့ ျပင္သစ္သားေလးဟာ ဂ်ာမန္ကလပ္ ဟာသာဘာလင္အသင္းဆီ အငွားထြက္ကစားေနၿပီး ရာသီကုန္ ေႏြအေျပာင္းအေ႐ႊ႕မွာ အမ္းမရိတ္ေျမကေန ထြက္ခြာသြားဖြယ္ ရွိေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ဂြမ္ဒူဇီရင္ဆိုင္ေနရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ ကမ္းဘဲလ္က ” ကြၽန္ေတာ္ကေတာ့ သူ အာဆင္နယ္အသင္းအတြက္ ကစားခြင့္ရေတာ့မယ္ မထင္ပါဘူး။ သူ႔အနာဂတ္ဟာ အာဆင္နယ္မွာ မရွိေတာ့ပါဘူး။ ၿပီးခဲ့တဲ့ရာသီက ဘ႐ိုက္တန္အသင္းနဲ႔ပြဲအၿပီးမွာ မီေကလ္အာေတတာဟာ သူ႔ကို ဒဏ္ေပးခဲ့ပါတယ္။ ”

” အာေတတာလို နည္းျပမ်ိဳးလက္ေအာက္မွာ ကစားသမားတိုင္းဟာ စည္းမ်ဥ္းစည္းကမ္းေတြကို အျပည့္အဝ လိုက္နာမွ ရမွာပါ။ မဟုတ္ရင္ေတာ့ ထိုက္သင့္တဲ့ ျပစ္ဒဏ္နဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။ တိတ္တိတ္ေနၿပီး အေကာင္းဆုံး ႀကိဳးစားျပႏိုင္တဲ့ ကစားသမားေတြသာ ေနရာရမွာ ျဖစ္ပါတယ္။ ဂြမ္ဒူဇီကေတာ့ ဒီလို မလုပ္ႏိုင္ခဲ့ဘူး။ ”

ကမ္းဘဲလ္က ” ဒီရာသီအစပိုင္းမွာေတာ့ သူဟာ မီဆုအိုေဇးလ္လိုပဲ အခြင့္အေရး ထပ္ရခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ဦးစလုံး မေျပာင္းလဲခဲ့ၾကဘူး။ အာေတတာကေတာ့ သူ မယုံၾကည္ေတာ့တဲ့ ကစားသမားေတြကို ေနရာေပးမွာ မဟုတ္ပါဘူး။ နည္းျပရဲ႕ ယုံၾကည္မႈကို မရေတာ့တဲ့ ကစားသမားအေနနဲ႔လည္း အသင္းမွာ ျပန္လည္ပါဝင္လာမွာ မဟုတ္ပါဘူး။ ”

” တခုေကာင္းတာကေတာ့ ဂြမ္ဒူဇီအေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္အတြက္ အငွားထြက္ကစားခဲ့တာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ အာဆင္နယ္အသင္းအေနနဲ႔လည္း စည္းကမ္းပိုင္းအားနည္းတဲ့ ကစားသမားကို အသင္းမွာ ဆက္ထားရတာက ခက္ခဲတယ္ေလ။ အငွားထြက္ကစားတာက သူ႔အတြက္ေရာ၊ အသင္းအတြက္ပါ ေကာင္းခဲ့ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : London Evening Standard

By | 2020-11-14T12:55:40+00:00 November 14th, 2020|Critic Talk|Comments Off on မတ်တီရိုဂွမ်ဒူဇီရဲ့ အာဆင်နယ်ကစားသမားဘဝက အဆုံးသတ်သွားပြီဖြစ်ကြောင်း ကယ်ဗင်ကမ်းဘဲလ် မှတ်ချက်ပြု
error: Content is protected !!