နည်းပြအာတေတာ ရုန်းကန်နေရမှုနဲ့ မော်ဒန်ဘောလုံးနည်းပြတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို သုံးသပ်လာတဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်နည်းပြ မီကေလ်အာတေတာအနေနဲ့ လက်ရှိအချိန်မှာ ရလဒ် မတည်မငြိမ်မှုတွေနဲ့အတူ ရုန်းကန်နေရပေမယ့် အကူးအပြောင်းကာလတခုဖြစ်တာကြောင့် အချိန်တခု ပေးရမှာဖြစ်ကြောင်း ဂန်းနားဟောင်း ဆက်ဖာဘရီဂတ်စ်က သုံးသပ်လာပါတယ်။

စပိန်သားဟာ ပြီးခဲ့တဲ့ရာသီဝက်ကာလမှာမှ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း ထိရောက်တဲ့ အပြောင်းအလဲတွေနဲ့အတူ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ဖို့ရာ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

” အခုကာလက အကူးအပြောင်းကာလမို့ ဒီလို ဖြစ်နေတာပါ။ မီကေလ် (အာတေတာ) မှာ အိုက်ဒီယာတွေ ရှိတယ်။ ဒါပေမယ့် ဒါတွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ အချိန်တခုပေးရမှာလည်း အမှန်ပါပဲ။ ဒီနေ့ခေတ် ဘောလုံးနည်းပြတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ပရိသတ်တွေကတော့၊ အသင်းကပါ အချိန်ပေးလိုခြင်း မရှိတာ ဖြစ်ပါတယ်။ (၃) ပွဲလောက် ရှုံးလိုက်တာနဲ့ပဲ အားလုံးက မေးခွန်းတွေ ထုတ်နေကြပြီ။ ” လို့ ဖာဘရီဂတ်စ်က ဆိုပါတယ်။

” ဒီလိုအခြေအနေတွေဟာ အရမ်းအရမ်းကိုပဲ ခက်ခဲတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပြတဦးဟာ ကိုယ့်အိုက်ဒီယာကို အကောင်အထည်ဖော်လိုတယ်။ လုပ်ငန်းစဉ်အတိုင်းပဲ ရှေ့ဆက်သွားလိုတယ်။ ဒါပေမယ့်လည်း ဘောလုံးဟာ အလျင်အမြန်ပဲ ရှေ့ဆက်နေတာကြောင့် အခက်အခဲတွေနဲ့ ကြုံလာရတယ်။ ”

” အားလုံးက နိုင်ပွဲတွေပဲ ရယူလိုချင်ကြတာလေ။ ဘုတ်အဖွဲ့ဆီကလည်း ဖိအားတွေရှိမယ်။ ပရိသတ်တွေကလည်း ဖိအားတွေပေးတယ်။ ကစားသမားတွေကလည်း တမျိုးတဖုံ ဖိအား ဖြစ်စေတယ်။ အဲဒီအတွက် နေ့စဉ်နေ့တိုင်း ရလဒ်ကောင်းဖို့ပဲ အာရုံစိုက်ကြရပါတယ်။ မီကေလ်ဟာ အသင်းတသင်းကို ကောင်းကောင်း ရှာဖွေ တည်ဆောက်နေသူ ဖြစ်ပါတယ်။ ”

” (ဒါနီ) ဆဘယ်ယော့စ်၊ (ဂရာနစ်) ချာကာတို့ ရှိနေသလို သောမတ်စ်ပါတေးကိုလည်း အက်သလက်တီကိုကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ပါတေးဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။ အခုဆိုရင် ဝီလီယံလည်း ရှိနေပြီ။ အူဘာမီယန်လို ထိပ်တန်းကျလှတဲ့ ကစားသမားကိုလည်း ပိုင်ဆိုင်ထားတယ်။ အဲဒီအတွက် ကစားသမားအားလုံး အသားကျသွားအောင် အချိန်ပဲ လိုအပ်တော့တာပါ။ ”

ဖာဘရီဂတ်စ်က ” နောက်ဆုံး သုံးလေးနှစ်အတွင်း ကျွန်တော် လေ့လာကြည့်သမျှတော့ ဒီနေ့ခေတ် နည်းပြတွေဟာ တလမ်းတည်းပဲ မသွားလိုကြတော့ပါဘူး။ သူတို့မှာ အိုက်ဒီယာတွေ ရှိကြတယ်။ သူတို့ ကိုယ်ပိုင်အိုက်ဒီယာတွေနဲ့ပဲ စတင်ကြတယ်။ ဒါပေမယ့်လည်း အလုပ်မဖြစ်တော့ရင်၊ တခုခု လိုအပ်လာရင် အဲဒီအိုက်ဒီယာကို စွန့်လွှတ်သွားဖို့လည်း ဝန်မလေးကြဘူး။ ”

” ကိုယ့်ဖလော်ဆော်ဖီတွေ၊ အိုက်ဒီယာတွေကို ပုံသေကြီးကိုင်ထားပြီး ရှေ့ဆက်သွားတာထက် ရလဒ်တွေကောင်းဖို့၊ ယုံကြည်မှုတွေ ရဖို့ပဲ ပိုမိုဆန္ဒရှိလာကြပါတယ်။ မော်ရင်ညို အမြဲပြောနေသလိုပေါ့။ စိတ်ကူးတွေထက် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့ပဲ လိုအပ်တယ်ဆိုတာ။ ဒီနေ့ခေတ်ဟာ ဒီလိုပဲ ဖြစ်လာခဲ့ပါပြီ။ အိုက်ဒီယာတွေ၊ ဖလော်ဆောဖီတွေထက် ရလဒ်ကပဲ အရေးကြီးတဲ့နေရာကို ရောက်လာပါပြီ။ ”

” မီကေလ်ဟာ ခေါင်းဆောင်တဦးဆိုတာ အားလုံး မြင်နေရတာပဲလေ။ သူဟာ ဘောလုံးနဲ့ပတ်သက်လို့ အသိအမြင် ကြွယ်ဝသူ ဖြစ်ပါတယ်။ ပက်ဂွာဒီယိုလာလို နည်းပြတဦးဆီကနေလည်း အကောင်းဆုံး သင်ယူနိုင်ခဲ့တယ်။ ဒါဟာ သူ့အတွက် အရမ်းကောင်းပါတယ်။ ကျွန်တော်လည်း သူ့အရည်အသွေးနဲ့ပတ်သက်လို့ ဘယ်တုန်းကမျှ သံသယ မဖြစ်မိပါဘူး။ ”

” ဘာစီလိုနာအသင်းက ထွက်ပေါ်လာခဲ့သူပီပီ နိုင်ပွဲတပွဲအတွက် ဘာတွေလိုအပ်သလဲဆိုတာကို ကောင်းကောင်းသိသူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ။ ဘာကြောင့်လည်းဆိုတော့ အာဆင်နယ်နည်းပြရာထူးဟာ သူ့အတွက် နည်းပြဘဝ ပထမဆုံးအလုပ်ဖြစ်နေပေမယ့်လည်း သူ အောင်မြင်မှုရလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ သူဟာ သူ့ခံယူချက်တွေကို ပြသခဲ့ပြီး ဖြစ်ပါတယ်။ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

Ref : 90min

Zawgyi
အာဆင္နယ္နည္းျပ မီေကလ္အာေတတာအေနနဲ႔ လက္ရွိအခ်ိန္မွာ ရလဒ္ မတည္မၿငိမ္မႈေတြနဲ႔အတူ ႐ုန္းကန္ေနရေပမယ့္ အကူးအေျပာင္းကာလတခုျဖစ္တာေၾကာင့္ အခ်ိန္တခု ေပးရမွာျဖစ္ေၾကာင္း ဂန္းနားေဟာင္း ဆက္ဖာဘရီဂတ္စ္က သုံးသပ္လာပါတယ္။

စပိန္သားဟာ ၿပီးခဲ့တဲ့ရာသီဝက္ကာလမွာမွ အာဆင္နယ္အသင္းကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး အခ်ိန္တိုအတြင္း ထိေရာက္တဲ့ အေျပာင္းအလဲေတြနဲ႔အတူ FA ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔ ရယူေပးႏိုင္ခဲ့ေပမယ့္လည္း ဒီရာသီမွာေတာ့ ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူႏိုင္ဖို႔ရာ ႀကိဳးပမ္းေနရဆဲ ျဖစ္ပါတယ္။

” အခုကာလက အကူးအေျပာင္းကာလမို႔ ဒီလို ျဖစ္ေနတာပါ။ မီေကလ္ (အာေတတာ) မွာ အိုက္ဒီယာေတြ ရွိတယ္။ ဒါေပမယ့္ ဒါေတြကို အေကာင္းဆုံး အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အခ်ိန္တခုေပးရမွာလည္း အမွန္ပါပဲ။ ဒီေန႔ေခတ္ ေဘာလုံးနည္းျပေတြ ရင္ဆိုင္ေနရတဲ့ ျပႆနာကေတာ့ ပရိသတ္ေတြကေတာ့၊ အသင္းကပါ အခ်ိန္ေပးလိုျခင္း မရွိတာ ျဖစ္ပါတယ္။ (၃) ပြဲေလာက္ ရႈံးလိုက္တာနဲ႔ပဲ အားလုံးက ေမးခြန္းေတြ ထုတ္ေနၾကၿပီ။ ” လို႔ ဖာဘရီဂတ္စ္က ဆိုပါတယ္။

” ဒီလိုအေျခအေနေတြဟာ အရမ္းအရမ္းကိုပဲ ခက္ခဲတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နည္းျပတဦးဟာ ကိုယ့္အိုက္ဒီယာကို အေကာင္အထည္ေဖာ္လိုတယ္။ လုပ္ငန္းစဥ္အတိုင္းပဲ ေရွ႕ဆက္သြားလိုတယ္။ ဒါေပမယ့္လည္း ေဘာလုံးဟာ အလ်င္အျမန္ပဲ ေရွ႕ဆက္ေနတာေၾကာင့္ အခက္အခဲေတြနဲ႔ ႀကဳံလာရတယ္။ ”

” အားလုံးက ႏိုင္ပြဲေတြပဲ ရယူလိုခ်င္ၾကတာေလ။ ဘုတ္အဖြဲ႕ဆီကလည္း ဖိအားေတြရွိမယ္။ ပရိသတ္ေတြကလည္း ဖိအားေတြေပးတယ္။ ကစားသမားေတြကလည္း တမ်ိဳးတဖုံ ဖိအား ျဖစ္ေစတယ္။ အဲဒီအတြက္ ေန႔စဥ္ေန႔တိုင္း ရလဒ္ေကာင္းဖို႔ပဲ အာ႐ုံစိုက္ၾကရပါတယ္။ မီေကလ္ဟာ အသင္းတသင္းကို ေကာင္းေကာင္း ရွာေဖြ တည္ေဆာက္ေနသူ ျဖစ္ပါတယ္။ ”

” (ဒါနီ) ဆဘယ္ေယာ့စ္၊ (ဂရာနစ္) ခ်ာကာတို႔ ရွိေနသလို ေသာမတ္စ္ပါေတးကိုလည္း အက္သလက္တီကိုကေန ေခၚယူႏိုင္ခဲ့ပါတယ္။ ပါေတးဟာ အရမ္းေကာင္းတဲ့ ကစားသမားပါ။ အခုဆိုရင္ ဝီလီယံလည္း ရွိေနၿပီ။ အူဘာမီယန္လို ထိပ္တန္းက်လွတဲ့ ကစားသမားကိုလည္း ပိုင္ဆိုင္ထားတယ္။ အဲဒီအတြက္ ကစားသမားအားလုံး အသားက်သြားေအာင္ အခ်ိန္ပဲ လိုအပ္ေတာ့တာပါ။ ”

ဖာဘရီဂတ္စ္က ” ေနာက္ဆုံး သုံးေလးႏွစ္အတြင္း ကြၽန္ေတာ္ ေလ့လာၾကည့္သမွ်ေတာ့ ဒီေန႔ေခတ္ နည္းျပေတြဟာ တလမ္းတည္းပဲ မသြားလိုၾကေတာ့ပါဘူး။ သူတို႔မွာ အိုက္ဒီယာေတြ ရွိၾကတယ္။ သူတို႔ ကိုယ္ပိုင္အိုက္ဒီယာေတြနဲ႔ပဲ စတင္ၾကတယ္။ ဒါေပမယ့္လည္း အလုပ္မျဖစ္ေတာ့ရင္၊ တခုခု လိုအပ္လာရင္ အဲဒီအိုက္ဒီယာကို စြန႔္လႊတ္သြားဖို႔လည္း ဝန္မေလးၾကဘူး။ ”

” ကိုယ့္ဖေလာ္ေဆာ္ဖီေတြ၊ အိုက္ဒီယာေတြကို ပုံေသႀကီးကိုင္ထားၿပီး ေရွ႕ဆက္သြားတာထက္ ရလဒ္ေတြေကာင္းဖို႔၊ ယုံၾကည္မႈေတြ ရဖို႔ပဲ ပိုမိုဆႏၵရွိလာၾကပါတယ္။ ေမာ္ရင္ညိဳ အၿမဲေျပာေနသလိုေပါ့။ စိတ္ကူးေတြထက္ လက္ေတြ႕က်က် အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ပဲ လိုအပ္တယ္ဆိုတာ။ ဒီေန႔ေခတ္ဟာ ဒီလိုပဲ ျဖစ္လာခဲ့ပါၿပီ။ အိုက္ဒီယာေတြ၊ ဖေလာ္ေဆာဖီေတြထက္ ရလဒ္ကပဲ အေရးႀကီးတဲ့ေနရာကို ေရာက္လာပါၿပီ။ ”

” မီေကလ္ဟာ ေခါင္းေဆာင္တဦးဆိုတာ အားလုံး ျမင္ေနရတာပဲေလ။ သူဟာ ေဘာလုံးနဲ႔ပတ္သက္လို႔ အသိအျမင္ ႂကြယ္ဝသူ ျဖစ္ပါတယ္။ ပက္ဂြာဒီယိုလာလို နည္းျပတဦးဆီကေနလည္း အေကာင္းဆုံး သင္ယူႏိုင္ခဲ့တယ္။ ဒါဟာ သူ႔အတြက္ အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္လည္း သူ႔အရည္အေသြးနဲ႔ပတ္သက္လို႔ ဘယ္တုန္းကမွ် သံသယ မျဖစ္မိပါဘူး။ ”

” ဘာစီလိုနာအသင္းက ထြက္ေပၚလာခဲ့သူပီပီ ႏိုင္ပြဲတပြဲအတြက္ ဘာေတြလိုအပ္သလဲဆိုတာကို ေကာင္းေကာင္းသိသူ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းအတြက္ေတာ့ စိတ္လႈပ္ရွားစရာ အခိုက္အတန႔္ပါပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ အာဆင္နယ္နည္းျပရာထူးဟာ သူ႔အတြက္ နည္းျပဘဝ ပထမဆုံးအလုပ္ျဖစ္ေနေပမယ့္လည္း သူ ေအာင္ျမင္မႈရလိမ့္မယ္လို႔ ကြၽန္ေတာ္ အျပည့္အဝ ယုံၾကည္ပါတယ္။ သူဟာ သူ႔ခံယူခ်က္ေတြကို ျပသခဲ့ၿပီး ျဖစ္ပါတယ္။ အသင္းအတြက္ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

Ref : 90min

By | 2020-11-14T11:24:52+00:00 November 14th, 2020|Critic Talk|Comments Off on နည်းပြအာတေတာ ရုန်းကန်နေရမှုနဲ့ မော်ဒန်ဘောလုံးနည်းပြတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို သုံးသပ်လာတဲ့ ဖာဘရီဂတ်စ်
error: Content is protected !!