အူဘာမီယန်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးရမလဲဆိုတာ အာတေတာကို အကြံပြုလာတဲ့ ဒန်နီမာဖီ

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ညမှာ မန်ယူအသင်းကို အိုးထရက်ဖို့ဒ်ဆီ သွားရောက်ရင်ဆိုင်ရာမှာ (၃-၄-၃) ကစားကွက်ကို အသုံးပြုသွားနိုင်ခြေများပြီး တိုက်စစ်မှူး အူဘာမီယန်ကိုလည်း ဘယ်တောင်ပံမှာပဲ ဆက်လက်ထားရှိသင့်တယ်လို့ ဒန်နီဖာဖီက အကြံပြုသွားခဲ့ပါတယ်။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲဆက်တိုက် ရလဒ်တွေဆိုးနေမှုကို သရဲနီတို့နဲ့ အတွေ့မှာ ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်နေပေမယ့်လည်း ပြိုင်ဘက်အသင်းရဲ့ လတ်တလောခြေစွမ်းနဲ့ ရလဒ်ကောင်းတွေကြောင့် သိပ်ကြီးမလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါကြောင့် နည်းပြအာတေတာရဲ့ နည်းဗျူဟာပိုင်းက အ‌ရေးပါလာဖို့ သေချာနေပြီး ကစားသမားတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေရာချထားသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အိုက်ယာလန်ကလပ် ဒန်းဒက်ခ်အသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ နည်းပြအာတေတာအနေနဲ့ အပြောင်းအလဲတော်တော်များများ ပြုလုပ်ကာ မန်ယူအသင်းကို ရင်ဆိုင်သွားဖို့ ရှိနေချိန်မှာ မာဖီက အူဘာမီယန်ကို ဘယ်တောင်ပံမှာသာ ဆက်လက်ထားရှိသွားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော်ကတော့ အာဆင်နယ်အသင်းဟာ ဒီနေ့မှာ အကောင်းဆုံး ကြိုးစားမှု၊ ယုံကြည်မှုတွေနဲ့အတူ ပြန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (၃-၄-၃) ကစားကွက်ကလည်း လက်ရှိအချိန်မှာ သူတို့အသင်းနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေပါတယ်။ ကီရင်တီယာနေးကလည်း ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ” လို့ မာဖီက ပြောပါတယ်။

” ဘယ်နောက်ခံလူတဦးဖြစ်ပေမယ့်လည်း ဘယ်နောက်ခံအတွင်းလူအဖြစ် ကစားရာမှာ ဘောလုံးထိချက်ကောင်းတွေ၊ ပေးပို့မှုကောင်းတွေနဲ့အတူ တီယာနေးက ကောင်းကောင်း စွမ်းဆောင်ထားနိုင်တယ်။ ပြီးတော့ တိုက်စစ်ကစားချိန်မှာလည်း wing-back တဦးအဖြစ် တမဟုတ်ချင်း ပြောင်းလဲနိုင်သူ ဖြစ်ပါတယ်။ ”

မာဖီက ” ဒီနေရာမှာ အာတီတာအနေနဲ့ ဘယ်တောင်ပံမှာ ဆာကာနဲ့ မစ်လန်း-နိုင်းစ် နှစ်ဦးထဲကတဦးကို ရွေးချယ်ဖို့ လိုအပ်လာပါပြီ။ ဘယ်တောင်ပံတိုက်စစ်မှာတော့ အူဘာမီယန်ကို ဆက်လက်ထားရှိရမှာ ဖြစ်ပါတယ်။ သူ့နောက်မှာ ကစားမယ့် ကစားသမားအဖြစ်တော့ မစ်လန်း-နိုင်းစ်က ပိုသင့်တော်မယ် ထင်ပါတယ်။ ”

” (၄-၃-၃) ကစားကွက်မှာ အူဘာမီယန်ကို တောင်ပံထွက်ကစားစေတာဟာ အလုပ်မဖြစ်ပေမယ့် (၃-၄-၃) မှာတော့ နိုင်းစ်ကြောင့် သူဟာ နေရာလွတ်တွေရတယ်။ တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားနိုင်တယ်လေ။ အူဘာမီယန်ကို အထောင်တိုက်စစ်ပြန်ပို့မှ အလုပ်ဖြစ်မယ်ဆိုတဲ့ အမြင်တွေကိုတော့ ကျွန်တော် သဘောမတူပါဘူး။ ဘယ်တောင်ပံမှာကစားတာကသာ သူ့အတွက် နေရာလွတ်တွေ ကောင်းကောင်းရစေပြီး အခွင့်အရေးတွေကို အဆုံးသတ်နိုင်ဖို့ ပိုကောင်းစေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Daily Express

Zawgyi
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ညမွာ မန္ယူအသင္းကို အိုးထရက္ဖို႔ဒ္ဆီ သြားေရာက္ရင္ဆိုင္ရာမွာ (၃-၄-၃) ကစားကြက္ကို အသုံးျပဳသြားႏိုင္ေျခမ်ားၿပီး တိုက္စစ္မႉး အူဘာမီယန္ကိုလည္း ဘယ္ေတာင္ပံမွာပဲ ဆက္လက္ထားရွိသင့္တယ္လို႔ ဒန္နီဖာဖီက အႀကံျပဳသြားခဲ့ပါတယ္။

ဂန္းနားတို႔ဟာ ၿပီးခဲ့တဲ့ပြဲစဥ္ႏွစ္ပြဲဆက္တိုက္ ရလဒ္ေတြဆိုးေနမႈကို သရဲနီတို႔နဲ႔ အေတြ႕မွာ ရပ္တန႔္ပစ္ႏိုင္ဖို႔ လိုအပ္ေနေပမယ့္လည္း ၿပိဳင္ဘက္အသင္းရဲ႕ လတ္တေလာေျခစြမ္းနဲ႔ ရလဒ္ေကာင္းေတြေၾကာင့္ သိပ္ႀကီးမလြယ္ကူတဲ့ အေနအထားမွာ ရွိေနပါတယ္။

ဒါေၾကာင့္ နည္းျပအာေတတာရဲ႕ နည္းဗ်ဴဟာပိုင္းက အ‌ေရးပါလာဖို႔ ေသခ်ာေနၿပီး ကစားသမားေတြကို အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုေနရာခ်ထားသြားမလဲဆိုတာကလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

အိုက္ယာလန္ကလပ္ ဒန္းဒက္ခ္အသင္းကို ဂိုးျပတ္အႏိုင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အၿပီးမွာ နည္းျပအာေတတာအေနနဲ႔ အေျပာင္းအလဲေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ကာ မန္ယူအသင္းကို ရင္ဆိုင္သြားဖို႔ ရွိေနခ်ိန္မွာ မာဖီက အူဘာမီယန္ကို ဘယ္ေတာင္ပံမွာသာ ဆက္လက္ထားရွိသြားဖို႔ တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

” ကြၽန္ေတာ္ကေတာ့ အာဆင္နယ္အသင္းဟာ ဒီေန႔မွာ အေကာင္းဆုံး ႀကိဳးစားမႈ၊ ယုံၾကည္မႈေတြနဲ႔အတူ ျပန္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ (၃-၄-၃) ကစားကြက္ကလည္း လက္ရွိအခ်ိန္မွာ သူတို႔အသင္းနဲ႔ အလိုက္ဖက္ဆုံး ျဖစ္ေနပါတယ္။ ကီရင္တီယာေနးကလည္း ေျခစြမ္းေကာင္းေတြ ျပသေနပါတယ္။ ” လို႔ မာဖီက ေျပာပါတယ္။

” ဘယ္ေနာက္ခံလူတဦးျဖစ္ေပမယ့္လည္း ဘယ္ေနာက္ခံအတြင္းလူအျဖစ္ ကစားရာမွာ ေဘာလုံးထိခ်က္ေကာင္းေတြ၊ ေပးပို႔မႈေကာင္းေတြနဲ႔အတူ တီယာေနးက ေကာင္းေကာင္း စြမ္းေဆာင္ထားႏိုင္တယ္။ ၿပီးေတာ့ တိုက္စစ္ကစားခ်ိန္မွာလည္း wing-back တဦးအျဖစ္ တမဟုတ္ခ်င္း ေျပာင္းလဲႏိုင္သူ ျဖစ္ပါတယ္။ ”

မာဖီက ” ဒီေနရာမွာ အာတီတာအေနနဲ႔ ဘယ္ေတာင္ပံမွာ ဆာကာနဲ႔ မစ္လန္း-ႏိုင္းစ္ ႏွစ္ဦးထဲကတဦးကို ေ႐ြးခ်ယ္ဖို႔ လိုအပ္လာပါၿပီ။ ဘယ္ေတာင္ပံတိုက္စစ္မွာေတာ့ အူဘာမီယန္ကို ဆက္လက္ထားရွိရမွာ ျဖစ္ပါတယ္။ သူ႔ေနာက္မွာ ကစားမယ့္ ကစားသမားအျဖစ္ေတာ့ မစ္လန္း-ႏိုင္းစ္က ပိုသင့္ေတာ္မယ္ ထင္ပါတယ္။ ”

” (၄-၃-၃) ကစားကြက္မွာ အူဘာမီယန္ကို ေတာင္ပံထြက္ကစားေစတာဟာ အလုပ္မျဖစ္ေပမယ့္ (၃-၄-၃) မွာေတာ့ ႏိုင္းစ္ေၾကာင့္ သူဟာ ေနရာလြတ္ေတြရတယ္။ တိုက္စစ္ကို လြတ္လြတ္လပ္လပ္ ကစားႏိုင္တယ္ေလ။ အူဘာမီယန္ကို အေထာင္တိုက္စစ္ျပန္ပို႔မွ အလုပ္ျဖစ္မယ္ဆိုတဲ့ အျမင္ေတြကိုေတာ့ ကြၽန္ေတာ္ သေဘာမတူပါဘူး။ ဘယ္ေတာင္ပံမွာကစားတာကသာ သူ႔အတြက္ ေနရာလြတ္ေတြ ေကာင္းေကာင္းရေစၿပီး အခြင့္အေရးေတြကို အဆုံးသတ္ႏိုင္ဖို႔ ပိုေကာင္းေစပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Daily Express

By | 2020-11-01T13:39:22+00:00 November 1st, 2020|Critic Talk|Comments Off on အူဘာမီယန်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးရမလဲဆိုတာ အာတေတာကို အကြံပြုလာတဲ့ ဒန်နီမာဖီ
error: Content is protected !!