အမ်းမရိတ်မှာ အာဆင်နယ်အံ့အားသင့်သွားအောင် ကစားပြသွားမယ်လို့ ဒန်းဒက်ခ်နည်းပြဆို

ဒီညကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်း အံ့အားသင့်သွားလောက်အောင် သူတို့အသင်း ကစားပြသွားမှာဖြစ်ပြီး အခက်တွေ့သွားစေမယ်လို့ ဒန်းဒက်ခ်နည်းပြ ဖီလစ်ပို ဂျီယိုဗာညိုလီက ဆိုလိုက်ပါတယ်။

ဂန်းနားတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် (၂) နာရီခွဲမှာ အိုက်ယာလန်ကလပ်အသင်းဟာ အိမ်ကွင်းအိမ်းရိတ်မြေမှာ ဧည့်ခံကစားမှာဖြစ်ပြီး နှစ်သင်းကြား ကွာဟချက်တွေ ကြီးမားတာကြောင့် အခက်အခဲမရှိ အနိုင်သုံးမှတ် ရယူနိုင်လိမ့်မယ်လို့ အများစုက ခန့်မှန်းနေကြပါတယ်။

ဒါပေမယ့်လည်း ဂျီယိုဗာညိုလီက ဒန်းဒက်ခ်အသင်းအနေနဲ့ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားသွားမှာဖြစ်ပြီး အရည်အသွေးပိုင်းအရ ကွာဟနှစ်ပေမယ့် နှစ်ဆအားထုတ်မှုနဲ့အတူ အမ်းမရိတ်မှာ အိမ်ရှင်းအသင်းကို ရင်ဆိုင်မှာဖြစ်တယ်လို့ ပွဲမတိုင်မီ ပြောလာခဲ့တာပါ။

” ကျွန်တော်တို့အသင်းအနေနဲ့ အာဆင်နယ်အသင်းအတွက် အခက်တွေ့အောင် ကစားသွားရုံပါပဲ။ ” လို့ ဂျီယိုဗာညိုလီက ပြောပါတယ်။ ” နှစ်သင်းကြား အရည်အသွေးတွေက အများကြီး ကွာဟနေတာ မှန်ပါတယ်။ ဒါပေမယ့်လည်း လိုက်ဝိတ်သမားအနေနဲ့ ဟဲဗီးဝိတ်သမားနဲ့ ရင်ဆိုင်ရချိန်မှာ အကောင်းဆုံး လုပ်နိုင်စွမ်းကတော့ နှစ်ဆပိုကြိုးစားတာပါပဲ။ အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် ပြိုင်ဘက်ကို အလဲထိုးနိုင်ပါလိမ့်မယ်။ ”

” အဆင့်အတန်းချင်းကွာဟနေတဲ့ အသင်းနှစ်သင်းကြားတော့ နှိုင်းယှဉ်ပြောစရာ သိပ်မရှိပါဘူး။ စွမ်းဆောင်ရည်ပိုင်းအရ လိုက်ဝိတ်အသင်းတွေက ပိုပြီးပြေးလွှားကစားဖို့ လိုအပ်တယ်လေ။ အာဆင်နယ်အသင်းထက် ခြေတစ်လှမ်းဦးအောင် ဘယ်လိုလုပ်သွားမလဲ။ ”

ဂျီယိုဗာညိုလီက ” ကျွန်တော့်တို့အသင်းအနေနဲ့ ပွဲရဲ့ အခြေအနေကို စောင့်ကြည့်ပြီးတော့သာ အကောင်းဆုံး စွမ်းဆောင်ရမှာပါ။ အာရုံစူးစိုက်မှုအပြည့် ရှိရမယ်။ စိတ်ဆန္ဒပြင်းပြမှုအပြည့်နဲ့ ကစားနိုင်ရမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်စုံရပါမယ်။ ”

” သူတို့အသင်းက ဒဏ်ရာအခြေအနေတွေနဲ့ ကြုံနေရလို့ ခံစစ်ပိုင်းမှာ ဘယ်သူပွဲထွက်လာသည်ဖြစ်ပါစေ၊ ထိပ်တန်းကစားသမားတဦးကပဲ ကစားသွားမှာ ဖြစ်ပါတယ်။ ဒေးဗစ်လူးဝစ်ဒဏ်ရာရနေလို့ မူစတာဖီ ကစားရင်လည်း သိပ်မထူးပါဘူး။ မူစတာဖီကလည်း ထိပ်တန်းကစားသမားပဲလေ။ အဓိကကတော့ သူတို့ကစားဟန်ကို နားလည်ဖို့ပါပဲ။ သူတို့ ဒီကစားသမားတွေကို ဘယ်လိုအသုံးချသလဲ ဆိုတာကိုပေါ့။ ”

” သူတို့ရဲ့ ကစားကွက်တည်ဆောက်ပုံ၊ တိုက်စစ်ဆင်ပုံ၊ တိုက်စစ်လမ်းကြောင်းနဲ့ လုပ်တတ်ကိုင်တတ်တာတွေကို နားလည်ထားရင် ကျွန်တော်တို့အသင်း အကောင်းဆုံး ကစားနိုင်မှာပါ။ ကျွန်တော်တို့အတွက်တော့ တကယ့်စိန်ခေါ်မှုပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတသင်းနဲ့ ကစားရတော့မယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ဒန်းဒက်ခ်အသင်းဟာ လက်ရှိအချိန်မှာ အိုက်ယာလန်ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး (၁၆) ပွဲကစားထားပြီးချိန်မှာ ရမှတ် (၂၅) မှတ် စုဆောင်းထားနိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

Ref : Goal

Zawgyi
ဒီညကစားမယ့္ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အာဆင္နယ္အသင္း အံ့အားသင့္သြားေလာက္ေအာင္ သူတို႔အသင္း ကစားျပသြားမွာျဖစ္ၿပီး အခက္ေတြ႕သြားေစမယ္လို႔ ဒန္းဒက္ခ္နည္းျပ ဖီလစ္ပို ဂ်ီယိုဗာညိဳလီက ဆိုလိုက္ပါတယ္။

ဂန္းနားတို႔ဟာ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ (၂) နာရီခြဲမွာ အိုက္ယာလန္ကလပ္အသင္းဟာ အိမ္ကြင္းအိမ္းရိတ္ေျမမွာ ဧည့္ခံကစားမွာျဖစ္ၿပီး ႏွစ္သင္းၾကား ကြာဟခ်က္ေတြ ႀကီးမားတာေၾကာင့္ အခက္အခဲမရွိ အႏိုင္သုံးမွတ္ ရယူႏိုင္လိမ့္မယ္လို႔ အမ်ားစုက ခန႔္မွန္းေနၾကပါတယ္။

ဒါေပမယ့္လည္း ဂ်ီယိုဗာညိဳလီက ဒန္းဒက္ခ္အသင္းအေနနဲ႔ ႀကိဳးစားအားထုတ္မႈအျပည့္နဲ႔ ကစားသြားမွာျဖစ္ၿပီး အရည္အေသြးပိုင္းအရ ကြာဟႏွစ္ေပမယ့္ ႏွစ္ဆအားထုတ္မႈနဲ႔အတူ အမ္းမရိတ္မွာ အိမ္ရွင္းအသင္းကို ရင္ဆိုင္မွာျဖစ္တယ္လို႔ ပြဲမတိုင္မီ ေျပာလာခဲ့တာပါ။

” ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ အာဆင္နယ္အသင္းအတြက္ အခက္ေတြ႕ေအာင္ ကစားသြား႐ုံပါပဲ။ ” လို႔ ဂ်ီယိုဗာညိဳလီက ေျပာပါတယ္။ ” ႏွစ္သင္းၾကား အရည္အေသြးေတြက အမ်ားႀကီး ကြာဟေနတာ မွန္ပါတယ္။ ဒါေပမယ့္လည္း လိုက္ဝိတ္သမားအေနနဲ႔ ဟဲဗီးဝိတ္သမားနဲ႔ ရင္ဆိုင္ရခ်ိန္မွာ အေကာင္းဆုံး လုပ္ႏိုင္စြမ္းကေတာ့ ႏွစ္ဆပိုႀကိဳးစားတာပါပဲ။ အဲဒီလိုသာ လုပ္ႏိုင္ခဲ့ရင္ ၿပိဳင္ဘက္ကို အလဲထိုးႏိုင္ပါလိမ့္မယ္။ ”

” အဆင့္အတန္းခ်င္းကြာဟေနတဲ့ အသင္းႏွစ္သင္းၾကားေတာ့ ႏႈိင္းယွဥ္ေျပာစရာ သိပ္မရွိပါဘူး။ စြမ္းေဆာင္ရည္ပိုင္းအရ လိုက္ဝိတ္အသင္းေတြက ပိုၿပီးေျပးလႊားကစားဖို႔ လိုအပ္တယ္ေလ။ အာဆင္နယ္အသင္းထက္ ေျခတစ္လွမ္းဦးေအာင္ ဘယ္လိုလုပ္သြားမလဲ။ ”

ဂ်ီယိုဗာညိဳလီက ” ကြၽန္ေတာ့္တို႔အသင္းအေနနဲ႔ ပြဲရဲ႕ အေျခအေနကို ေစာင့္ၾကည့္ၿပီးေတာ့သာ အေကာင္းဆုံး စြမ္းေဆာင္ရမွာပါ။ အာ႐ုံစူးစိုက္မႈအျပည့္ ရွိရမယ္။ စိတ္ဆႏၵျပင္းျပမႈအျပည့္နဲ႔ ကစားႏိုင္ရမယ္။ ဒီလိုအခ်က္ေတြနဲ႔ ျပည့္စုံရပါမယ္။ ”

” သူတို႔အသင္းက ဒဏ္ရာအေျခအေနေတြနဲ႔ ႀကဳံေနရလို႔ ခံစစ္ပိုင္းမွာ ဘယ္သူပြဲထြက္လာသည္ျဖစ္ပါေစ၊ ထိပ္တန္းကစားသမားတဦးကပဲ ကစားသြားမွာ ျဖစ္ပါတယ္။ ေဒးဗစ္လူးဝစ္ဒဏ္ရာရေနလို႔ မူစတာဖီ ကစားရင္လည္း သိပ္မထူးပါဘူး။ မူစတာဖီကလည္း ထိပ္တန္းကစားသမားပဲေလ။ အဓိကကေတာ့ သူတို႔ကစားဟန္ကို နားလည္ဖို႔ပါပဲ။ သူတို႔ ဒီကစားသမားေတြကို ဘယ္လိုအသုံးခ်သလဲ ဆိုတာကိုေပါ့။ ”

” သူတို႔ရဲ႕ ကစားကြက္တည္ေဆာက္ပုံ၊ တိုက္စစ္ဆင္ပုံ၊ တိုက္စစ္လမ္းေၾကာင္းနဲ႔ လုပ္တတ္ကိုင္တတ္တာေတြကို နားလည္ထားရင္ ကြၽန္ေတာ္တို႔အသင္း အေကာင္းဆုံး ကစားႏိုင္မွာပါ။ ကြၽန္ေတာ္တို႔အတြက္ေတာ့ တကယ့္စိန္ေခၚမႈပါပဲ။ ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲကတသင္းနဲ႔ ကစားရေတာ့မယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒန္းဒက္ခ္အသင္းဟာ လက္ရွိအခ်ိန္မွာ အိုက္ယာလန္ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနတဲ့အသင္းျဖစ္ၿပီး (၁၆) ပြဲကစားထားၿပီးခ်ိန္မွာ ရမွတ္ (၂၅) မွတ္ စုေဆာင္းထားႏိုင္ခဲ့တဲ့အသင္းလည္း ျဖစ္ပါတယ္။

Ref : Goal

By | 2020-10-29T15:28:37+00:00 October 29th, 2020|Critic Talk|Comments Off on အမ်းမရိတ်မှာ အာဆင်နယ်အံ့အားသင့်သွားအောင် ကစားပြသွားမယ်လို့ ဒန်းဒက်ခ်နည်းပြဆို
error: Content is protected !!