အက္သလက္တီကိုနဲ႔ အာဆင္နယ္တုိ႔ၾကား ပါေတး-ဂန္ဒူဇီ အလဲအထပ္အတြက္ ေဆြးေႏြးေန

အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ အာဆင္နယ္အသင္းဆီက ကမ္းလွမ္းမွဳတစ္ခုကို ရရွိခဲ့တယ္လို႔ စပိန္သတင္းရပ္ဝန္းက ေဖာ္ျပခဲ့ၿပီး ဂန္းနားလူငယ္ကစားသမား မက္တီယို ဂန္ဒူဇီ+ေပါင္သန္းအနည္းငယ္နဲ႔ ကမ္းလွမ္းမွဳကို စပိန္အသင္းဘက္က ပယ္ခ်ခဲ့ထားတယ္လို႔ ဆိုပါတယ္။ ARSENAL MYANMAR.

အသင္းကေန ထြက္ခြာၿပီး အာဆင္နယ္ဆီလာခ်င္ေနတဲ့ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ရရွိလာတဲ့ ကမ္းလွမ္းမွဳက အက္သလက္တီကိုအတြက္ မူအားျဖင့္ေတာ့ သေဘာတူညီခ်င္စရာျဖစ္ၿပီး ကစားသမားေတြအတြက္ ေဈးကြက္ေပါက္ေဈး သတ္မွတ္မွဳမွာသာ ကြာျခားေနခဲ့တာလည္းျဖစ္တယ္လုိ႔လည္း သိရပါတယ္။ ARSENAL MYANMAR.

အာဆင္နယ္အသင္းဘက္က သူတုိ႔ရဲ႕ လူငယ္ကြင္းလယ္လူ ဂန္ဒူဇီကို ယူ႐ိုသန္း ၄၀ ကေန ၄၅ သန္းၾကား သတ္မွတ္ထားခဲ့တာကို အက္သလက္တီကိုဘက္က လက္မခံႏုိင္ဘဲျဖစ္ေနၿပီး ဒီျပင္သစ္ယူ-၂၁ ကစားသမားဟာ ယူ႐ို ၂၅ သန္းကေန သန္း ၃၀ ၾကားသာ တန္လို႔ ေငြေၾကးပမာဏကို တုိးျမႇင့္ေပးဖို႔ အေၾကာင္းျပန္ၾကားထားခဲ့ပါတယ္။ ARSENAL MYANMAR.

ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုလည္း ပုိင္ဆုိင္ထားခဲ့တဲ့ အက္သလက္တီကိုတုိ႔အေနနဲ႔ ယူ႐ိုသန္း ၅၀ တန္စာခ်ဳပ္ေလ်ာ္ေၾကးထည့္သြင္းထားတဲ့ ပါေတးအတြက္ ဂန္ဒူဇီအျပင္ ယူ႐ိုသန္း ၂၀ ေက်ာ္ အလုိက္ေပးေစလိုေနတယ္လို႔ဆိုေနၾကၿပီး ေငြေၾကးစိစစ္သုံးစြဲရမယ့္ အာဆင္နယ္အတြက္ေတာ့ စဥ္းစားစရာျဖစ္ေနခဲ့ေပမယ့္ ညႇိႏွဳိင္းေဆြးေႏြးမွဳေတြကေတာ့ ေရွ႕ဆက္ေနဆဲလုိ႔ ဆိုပါတယ္။ ARSENAL MYANMAR.

အာဆင္နယ္ဘက္ကေတာ့ ကစားသမားအလဲအထပ္နဲ႔ဆိုရင္ ယူ႐ို ၁၀ သန္းဝန္းက်င္သာ အသုံးျပဳသြားႏိုင္မယ့္ အေနအထားလည္းရွိေနတယ္လို႔ ခန္႔မွန္းေနၾကၿပီး တီကိုဘက္က စိတ္ဝင္စားေနတဲ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကိုပဲ ေျပာင္းလဲအသုံးျပဳမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အာတီတာရဲ႕ ပထမဦးစားေပး ပစ္မွတ္အတြက္ေတာ့ အရင္ထက္စာရင္ ပုိမိုနီးစပ္လာခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။ ARSENAL MYANMAR.

REF: DAILY CANNON
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် အာဆင်နယ်အသင်းဆီက ကမ်းလှမ်းမှုတစ်ခုကို ရရှိခဲ့တယ်လို့ စပိန်သတင်းရပ်ဝန်းက ဖော်ပြခဲ့ပြီး ဂန်းနားလူငယ်ကစားသမား မက်တီယို ဂန်ဒူဇီ+ပေါင်သန်းအနည်းငယ်နဲ့ ကမ်းလှမ်းမှုကို စပိန်အသင်းဘက်က ပယ်ချခဲ့ထားတယ်လို့ ဆိုပါတယ်။ ARSENAL MYANMAR.

အသင်းကနေ ထွက်ခွာပြီး အာဆင်နယ်ဆီလာချင်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူအတွက် ရရှိလာတဲ့ ကမ်းလှမ်းမှုက အက်သလက်တီကိုအတွက် မူအားဖြင့်တော့ သဘောတူညီချင်စရာဖြစ်ပြီး ကစားသမားတွေအတွက် ဈေးကွက်ပေါက်ဈေး သတ်မှတ်မှုမှာသာ ကွာခြားနေခဲ့တာလည်းဖြစ်တယ်လို့လည်း သိရပါတယ်။ ARSENAL MYANMAR.

အာဆင်နယ်အသင်းဘက်က သူတို့ရဲ့ လူငယ်ကွင်းလယ်လူ ဂန်ဒူဇီကို ယူရိုသန်း ၄၀ ကနေ ၄၅ သန်းကြား သတ်မှတ်ထားခဲ့တာကို အက်သလက်တီကိုဘက်က လက်မခံနိုင်ဘဲဖြစ်နေပြီး ဒီပြင်သစ်ယူ-၂၁ ကစားသမားဟာ ယူရို ၂၅ သန်းကနေ သန်း ၃၀ ကြားသာ တန်လို့ ငွေကြေးပမာဏကို တိုးမြှင့်ပေးဖို့ အကြောင်းပြန်ကြားထားခဲ့ပါတယ်။ ARSENAL MYANMAR.

ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ပိုင်ဆိုင်ထားခဲ့တဲ့ အက်သလက်တီကိုတို့အနေနဲ့ ယူရိုသန်း ၅၀ တန်စာချုပ်လျော်ကြေးထည့်သွင်းထားတဲ့ ပါတေးအတွက် ဂန်ဒူဇီအပြင် ယူရိုသန်း ၂၀ ကျော် အလိုက်ပေးစေလိုနေတယ်လို့ဆိုနေကြပြီး ငွေကြေးစိစစ်သုံးစွဲရမယ့် အာဆင်နယ်အတွက်တော့ စဉ်းစားစရာဖြစ်နေခဲ့ပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေကတော့ ရှေ့ဆက်နေဆဲလို့ ဆိုပါတယ်။ ARSENAL MYANMAR.

အာဆင်နယ်ဘက်ကတော့ ကစားသမားအလဲအထပ်နဲ့ဆိုရင် ယူရို ၁၀ သန်းဝန်းကျင်သာ အသုံးပြုသွားနိုင်မယ့် အနေအထားလည်းရှိနေတယ်လို့ ခန့်မှန်းနေကြပြီး တီကိုဘက်က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကိုပဲ ပြောင်းလဲအသုံးပြုမလား စောင့်ကြည့်ရမှာဖြစ်ပြီး အာတီတာရဲ့ ပထမဦးစားပေး ပစ်မှတ်အတွက်တော့ အရင်ထက်စာရင် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ARSENAL MYANMAR.

REF: DAILY CANNON
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-26T05:13:52+00:00 July 26th, 2020|News|Comments Off on အက္သလက္တီကိုနဲ႔ အာဆင္နယ္တုိ႔ၾကား ပါေတး-ဂန္ဒူဇီ အလဲအထပ္အတြက္ ေဆြးေႏြးေန
error: Content is protected !!