အမ္တီတီကို ျပန္လည္ေစာင့္ၾကည့္ေနၿပီး စပုိ႔တင္းခ်ာတိတ္ကို ေခၚယူႏုိင္ေျခနည္းတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ခံစစ္ကို ေျခစြမ္းရွိၿပီး အေတြ႕အႀကဳံျမင့္မားတဲ့ ကစားသမားတစ္ဦးကို ေခၚယူဖို႔ လုပ္ေဆာင္ေနရာမွာ လိုင္လီရဲ႕ ဂါဘရီယယ္လ္ မာဂါလက္စ္အျပင္ ဘာစီလိုနာရဲ႕ ဆင္ျမဴယယ္လ္ အမ္တီတီကိုလည္း အလိုရွိေနလို႔ ျပန္လည္ေစာင့္ၾကည့္မွဳေတြ ျပဳလုပ္ေနပါတယ္။ ARSENAL MYANMAR.

ဘာစီလိုနာအသင္းမွာ ဂ်ရတ္ ပီေကးနဲ႔ ကေလမြန္ လြန္ဂေလတုိ႔ေနာက္ကို ေရာက္ေနတဲ့ အမ္တီတီဟာ ႏူးကမ့္ပ္မွာ အေရးပါမွဳ ေလ်ာ့က်ခဲ့သလို အသင္းရဲ႕ အေရာင္းစာရင္းထဲကိုပါ ထည့္သြင္းခံထားရသူျဖစ္ၿပီး သူ႕ရဲ႕ မာနအရ ေနရာရဖို႔ကို ႀကဳိးစားေနေပမယ့္ ကမ္းလွမ္းမွဳေကာင္း ရွိလာရင္ေတာ့ လက္ခံစဥ္းစားသြားဖို႔ ရွိေနပါတယ္။ ARSENAL MYANMAR.

ေပါင္ ၂၅ သန္းေလာက္နဲ႔ အေရာင္းအဝယ္ျဖစ္ႏုိင္တဲ့ ဒီ ၂၆ ႏွစ္အရြယ္ ျပင္သစ္လက္ေရြးစင္ကို အာဆင္နယ္အသင္းအျပင္ အဲဗာတန္နဲ႔ ဝက္စ္ဟမ္းတုိ႔ကပါ ေစာင့္ၾကည့္ေနၾကၿပီး ရာသီကုန္ခ်ိန္မွာ ေခၚယူႏုိင္ဖို႔အတြက္ လုပ္ေဆာင္သြားဖို႔ ရွိေနၾကသလို နည္းျပ မီခယ္လ္ အာတီတာအတြက္ စိတ္ဝင္စားစရာ အားျဖည့္မွဳလည္း ျဖစ္လာႏုိင္ပါတယ္။ ARSENAL MYANMAR.

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက အသံထြက္ခဲ့ၿပီး ယူ႐ို ၁၅ သန္းနဲ႔ ကမ္းလွမ္းထားတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့တဲ့ စပုိ႔တင္း လစၥဘြန္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဂ်ဳိယယ္လ္ဆန္ ဖာနန္ဒက္စ္အတြက္ ေပၚတူဂီကို သြားေရာက္ေဆြးေႏြးဖို႔ အာဆင္နယ္တာဝန္ရွိသူေတြက စီစဥ္ေနတယ္လို႔ ဆုိေပမယ့္ လက္ရွိမွာေတာ့ သူ႕အတြက္ အေရးမသာဘူးလို႔ ဆိုပါတယ္။ ARSENAL MYANMAR.

စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၄၀ သတ္မွတ္ထားတဲ့ အသက္ ၁၇ ႏွစ္အရြယ္ ေတာင္ပံကစားသမားအတြက္ စပုိ႔တင္းဘက္က စာခ်ဳပ္သစ္ ကမ္းလွမ္းထားတာကို ကစားသမားအေနနဲ႔ စိတ္ေျပာင္းၿပီး ျပန္လည္သေဘာတူညီဖို႔ ရွိေနတာေၾကာင့္ အာဆင္နယ္တုိ႔ရဲ႕ စည္း႐ုံးမွဳက လူငယ္တစ္ဦးအတြက္ေတာ့ သိပ္ၿပီး စိတ္ဝင္စားစရာ မျဖစ္ႏုိင္ခ်ိန္မွာ ေပၚတူဂီမွာ ဆက္ရွိၿပီး ေလ်ာ္ေၾကးစာခ်ဳပ္ကို ႏွစ္ဆတုိးျမႇင့္ဖို႔ ရွိေနတာေၾကာင့္ စကတည္းက ဂန္းနားပရိသတ္ေတာ္တာ္မ်ားမ်ားက သေဘာမက်ဘဲ ေငြျဖဳန္းတီးမွဳလို႔ ထင္ျမင္ေနတဲ့ အေျပာင္းအေရႊ႕ကေတာ့ ပ်က္ျပယ္ဖို႔ နီးစပ္ေနၿပီလို႔ သိရွိရပါတယ္။ ARSENAL MYANMAR.

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ခံစစ်ကို ခြေစွမ်းရှိပြီး အတွေ့အကြုံမြင့်မားတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လုပ်ဆောင်နေရာမှာ လိုင်လီရဲ့ ဂါဘရီယယ်လ် မာဂါလက်စ်အပြင် ဘာစီလိုနာရဲ့ ဆင်မြူယယ်လ် အမ်တီတီကိုလည်း အလိုရှိနေလို့ ပြန်လည်စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ARSENAL MYANMAR.

ဘာစီလိုနာအသင်းမှာ ဂျရတ် ပီကေးနဲ့ ကလေမွန် လွန်ဂလေတို့နောက်ကို ရောက်နေတဲ့ အမ်တီတီဟာ နူးကမ့်ပ်မှာ အရေးပါမှု လျော့ကျခဲ့သလို အသင်းရဲ့ အရောင်းစာရင်းထဲကိုပါ ထည့်သွင်းခံထားရသူဖြစ်ပြီး သူ့ရဲ့ မာနအရ နေရာရဖို့ကို ကြိုးစားနေပေမယ့် ကမ်းလှမ်းမှုကောင်း ရှိလာရင်တော့ လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။ ARSENAL MYANMAR.

ပေါင် ၂၅ သန်းလောက်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တဲ့ ဒီ ၂၆ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကို အာဆင်နယ်အသင်းအပြင် အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ကပါ စောင့်ကြည့်နေကြပြီး ရာသီကုန်ချိန်မှာ ခေါ်ယူနိုင်ဖို့အတွက် လုပ်ဆောင်သွားဖို့ ရှိနေကြသလို နည်းပြ မီခယ်လ် အာတီတာအတွက် စိတ်ဝင်စားစရာ အားဖြည့်မှုလည်း ဖြစ်လာနိုင်ပါတယ်။ ARSENAL MYANMAR.

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသံထွက်ခဲ့ပြီး ယူရို ၁၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့တဲ့ စပို့တင်း လစ္စဘွန်းရဲ့ လူငယ်တောင်ပံကစားသမား ဂျိုယယ်လ်ဆန် ဖာနန်ဒက်စ်အတွက် ပေါ်တူဂီကို သွားရောက်ဆွေးနွေးဖို့ အာဆင်နယ်တာဝန်ရှိသူတွေက စီစဉ်နေတယ်လို့ ဆိုပေမယ့် လက်ရှိမှာတော့ သူ့အတွက် အရေးမသာဘူးလို့ ဆိုပါတယ်။ ARSENAL MYANMAR.

စာချုပ်လျော်ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့ အသက် ၁၇ နှစ်အရွယ် တောင်ပံကစားသမားအတွက် စပို့တင်းဘက်က စာချုပ်သစ် ကမ်းလှမ်းထားတာကို ကစားသမားအနေနဲ့ စိတ်ပြောင်းပြီး ပြန်လည်သဘောတူညီဖို့ ရှိနေတာကြောင့် အာဆင်နယ်တို့ရဲ့ စည်းရုံးမှုက လူငယ်တစ်ဦးအတွက်တော့ သိပ်ပြီး စိတ်ဝင်စားစရာ မဖြစ်နိုင်ချိန်မှာ ပေါ်တူဂီမှာ ဆက်ရှိပြီး လျော်ကြေးစာချုပ်ကို နှစ်ဆတိုးမြှင့်ဖို့ ရှိနေတာကြောင့် စကတည်းက ဂန်းနားပရိသတ်တော်တာ်များများက သဘောမကျဘဲ ငွေဖြုန်းတီးမှုလို့ ထင်မြင်နေတဲ့ အပြောင်းအရွှေ့ကတော့ ပျက်ပြယ်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။ ARSENAL MYANMAR.

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-25T21:12:36+00:00 July 25th, 2020|News|Comments Off on အမ္တီတီကို ျပန္လည္ေစာင့္ၾကည့္ေနၿပီး စပုိ႔တင္းခ်ာတိတ္ကို ေခၚယူႏုိင္ေျခနည္းတဲ့ အာဆင္နယ္
error: Content is protected !!