ေက်ာနံပါတ္ ၇ ေပးအပ္မွဳနဲ႔ ႏုိင္ဂ်ီးရီးယားရဲ႕ ခ်ဥ္းကပ္မွဳေတြကို တုံ႔ျပန္လုိက္တဲ့ ဆာကာ

အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာက ေက်ာနံပါတ္ ၇ ကို အသင္းက ေပးအပ္ခဲ့မွဳအတြက္ ဂုဏ္ယူေၾကာင္းနဲ႔ ဒီအက်ႌကို ဝတ္ဆင္ကစားၿပီး ေရွ႕က ကစားသမားေကာင္းေတြရဲ႕ ေျခရာကို နင္းၿပီး အသင္းရဲ႕ ယုံၾကည္မွဳကို တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ARSENAL MYANMAR.

အသင္းႀကီးကို ေက်ာနံပါတ္ ၈၇ နဲ႔ စတင္ေရာက္ရွိလာခဲ့တဲ့ ဆာကာဟာ ဒီရာသီမွာ ၇၇ ကို ေျပာင္းလဲဝတ္ဆင္ခဲ့ၿပီး ေျခစြမ္းပိုမို ေကာင္းမြန္လာခဲ့သလို လာမယ့္ရာသီမွာေရာ တစ္လုံးတည္းဂဏန္း ၇ နဲ႔ ေျခစြမ္းျပႏုိင္ပါ့မလား၊ အစဥ္အလာႀကီးမားတဲ့ နံပါတ္တစ္ခုရဲ႕ ဖိအားမ်ား ရွိေနမလားလို႔ေတာ့ ပရိသတ္ေတြက ေတြးျမင္ေနၾကပါတယ္။ ARSENAL MYANMAR.

ဆာကာက “ကၽြန္ေတာ္ ဒီနံပါတ္ကို ရလို႔ သိပ္ၿပီး စိတ္လွဳပ္ရွားရပါတယ္။ ဒါဟာ အာဆင္နယ္ရဲ႕ ဂႏၴဝင္ေတြကို ဆက္ခံၿပီး သူတုိ႔ရဲ႕ ေသြးေတြ စီးဆင္းေနတဲ့ အက်ႌထဲမွာ လုိက္ပါစီးေမ်ာဖို႔ အခြင့္ေကာင္းလည္းျဖစ္ပါတယ္။ ဒီနံပါတ္အတြက္ တကယ္ပဲ ဂုဏ္ယူရၿပီး ဒါဟာ ကမာၻေပၚမွာလည္း ကစားသမားေကာင္းေတြ ဝတ္ဆင္ေနတဲ့ နံပါတ္ျဖစ္ပါတယ္”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။ ARSENAL MYANMAR.

အသက္ ၁၈ ႏွစ္အရြယ္ ဒီလူငယ္ဟာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အေရးပါတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ေနၿပီး သူကေတာ့ ဒီလိုမ်ဳိး နံပါတ္ကို ေပးအပ္ခဲ့တဲ့ နည္းျပနဲ႔ အသင္းရဲ႕ ယုံၾကည္မွဳအေပၚ ျပန္လည္ေပးဆပ္ဖို႔ အသင့္ရွိေနတယ္လို႔ ေျပာၾကားခဲ့သလို ဒီနံပါတ္နဲ႔ သူ႕ရဲ႕ အာဆင္နယ္သမုိင္းကိုလည္း ကိုယ္တုိင္ေရးထိုးသြားမယ္လုိ႔ ဆုိပါတယ္။ ARSENAL MYANMAR.

ႏိုင္ဂ်ီးရီးယားလက္ေရြးစင္အျဖစ္ ေျပာင္းလဲကစားဖို႔ ေကာလဟာလေတြကိုေတာ့ သူ႕အေနနဲ႔ လက္ရွိမွာ အဂၤလန္အသင္းေတြကိုပဲ ကိုယ္စားျပဳထားေၾကာင္း၊ ဒါေပမယ့္ မိဘေတြဘက္က ႏုိင္ဂ်ီးရီးယားေသြးဟာလည္း ေရြးခ်ယ္ဖို႔ ခက္ခဲေစတဲ့ အရာတစ္ခုျဖစ္ေၾကာင္းနဲ႔ ဒီလိုမ်ဳိး ကမ္းလွမ္းမွဳေတြ ရွိေနေပမယ့္ သူဟာ လူငယ္ကစားသမားတစ္ေယာက္သာျဖစ္ၿပီး လက္ေရြးစင္ျဖစ္ဖို႔ မတန္ေသးဘူးလို႔ ယူဆလို႔ တကယ္တမ္း မွန္ကန္တဲ့ အခ်ိန္ကို ေရာက္မွပဲ စဥ္းစားပါရေစလို႔ ဆာကာက ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။ ARSENAL MYANMAR.

REF: METRO
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာက ကျောနံပါတ် ၇ ကို အသင်းက ပေးအပ်ခဲ့မှုအတွက် ဂုဏ်ယူကြောင်းနဲ့ ဒီအင်္ကျီကို ဝတ်ဆင်ကစားပြီး ရှေ့က ကစားသမားကောင်းတွေရဲ့ ခြေရာကို နင်းပြီး အသင်းရဲ့ ယုံကြည်မှုကို တုံ့ပြန်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ARSENAL MYANMAR.

အသင်းကြီးကို ကျောနံပါတ် ၈၇ နဲ့ စတင်ရောက်ရှိလာခဲ့တဲ့ ဆာကာဟာ ဒီရာသီမှာ ၇၇ ကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး ခြေစွမ်းပိုမို ကောင်းမွန်လာခဲ့သလို လာမယ့်ရာသီမှာရော တစ်လုံးတည်းဂဏန်း ၇ နဲ့ ခြေစွမ်းပြနိုင်ပါ့မလား၊ အစဉ်အလာကြီးမားတဲ့ နံပါတ်တစ်ခုရဲ့ ဖိအားများ ရှိနေမလားလို့တော့ ပရိသတ်တွေက တွေးမြင်နေကြပါတယ်။ ARSENAL MYANMAR.

ဆာကာက “ကျွန်တော် ဒီနံပါတ်ကို ရလို့ သိပ်ပြီး စိတ်လှုပ်ရှားရပါတယ်။ ဒါဟာ အာဆင်နယ်ရဲ့ ဂန္ထဝင်တွေကို ဆက်ခံပြီး သူတို့ရဲ့ သွေးတွေ စီးဆင်းနေတဲ့ အင်္ကျီထဲမှာ လိုက်ပါစီးမျောဖို့ အခွင့်ကောင်းလည်းဖြစ်ပါတယ်။ ဒီနံပါတ်အတွက် တကယ်ပဲ ဂုဏ်ယူရပြီး ဒါဟာ ကမ္ဘာပေါ်မှာလည်း ကစားသမားကောင်းတွေ ဝတ်ဆင်နေတဲ့ နံပါတ်ဖြစ်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ARSENAL MYANMAR.

အသက် ၁၈ နှစ်အရွယ် ဒီလူငယ်ဟာ နည်းပြ မီခယ်လ် အာတီတာရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်နေပြီး သူကတော့ ဒီလိုမျိုး နံပါတ်ကို ပေးအပ်ခဲ့တဲ့ နည်းပြနဲ့ အသင်းရဲ့ ယုံကြည်မှုအပေါ် ပြန်လည်ပေးဆပ်ဖို့ အသင့်ရှိနေတယ်လို့ ပြောကြားခဲ့သလို ဒီနံပါတ်နဲ့ သူ့ရဲ့ အာဆင်နယ်သမိုင်းကိုလည်း ကိုယ်တိုင်ရေးထိုးသွားမယ်လို့ ဆိုပါတယ်။ ARSENAL MYANMAR.

နိုင်ဂျီးရီးယားလက်ရွေးစင်အဖြစ် ပြောင်းလဲကစားဖို့ ကောလဟာလတွေကိုတော့ သူ့အနေနဲ့ လက်ရှိမှာ အင်္ဂလန်အသင်းတွေကိုပဲ ကိုယ်စားပြုထားကြောင်း၊ ဒါပေမယ့် မိဘတွေဘက်က နိုင်ဂျီးရီးယားသွေးဟာလည်း ရွေးချယ်ဖို့ ခက်ခဲစေတဲ့ အရာတစ်ခုဖြစ်ကြောင်းနဲ့ ဒီလိုမျိုး ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် သူဟာ လူငယ်ကစားသမားတစ်ယောက်သာဖြစ်ပြီး လက်ရွေးစင်ဖြစ်ဖို့ မတန်သေးဘူးလို့ ယူဆလို့ တကယ်တမ်း မှန်ကန်တဲ့ အချိန်ကို ရောက်မှပဲ စဉ်းစားပါရစေလို့ ဆာကာက ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ARSENAL MYANMAR.

REF: METRO
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-25T17:13:43+00:00 July 25th, 2020|News|Comments Off on ေက်ာနံပါတ္ ၇ ေပးအပ္မွဳနဲ႔ ႏုိင္ဂ်ီးရီးယားရဲ႕ ခ်ဥ္းကပ္မွဳေတြကို တုံ႔ျပန္လုိက္တဲ့ ဆာကာ
error: Content is protected !!