မဆုံႏုိင္ေသးတဲ့ ဘရာဇီးလ္ေနာက္ခံလူကို ျပန္ႀကဳိးစားဖို႔ ရွိေနတဲ့ အာဆင္နယ္

ၿပီးခဲ့တဲ့ ေဆာင္းရာသီမွာ အသံထြက္ခဲ့ၿပီး သုံးစရာ ေငြမရွိခဲ့လို႔ လက္ေလွ်ာ့ထားခဲ့ရတဲ့ လုိင္လီေနာက္ခံလူ ဘရာဇီးလ္သား ဂါဘရီယယ္လ္ မာဂါလက္စ္အတြက္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အာဆင္နယ္တုိ႔ ထပ္မံႀကဳိးစားဖို႔ ရွိေနၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ ခ်ိတ္ဆက္မွဳေတြကို ေတြ႕ျမင္ရဖို႔ ရွိေနပါတယ္။ ARSENAL MYANMAR.

အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြကလည္း အလိုရွိေနတဲ့ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံလူဟာ ဘရာဇီးလ္ယူ-၂၃ လက္ေရြးစင္အသင္းကို ေရြးခ်ယ္ခံထားရေပမယ့္ ႏုတ္ထြက္ထားခဲ့သူျဖစ္ၿပီး ဥေရာပရဲ႕ အရည္အေသြးရွိ လူငယ္တစ္ဦးအျဖစ္ လက္ေရြးစင္ေဘာလုံး အဖြဲ႕ခ်ဳပ္က မွတ္ယူထားသူတစ္ဦးလည္းျဖစ္ပါတယ္။ ARSENAL MYANMAR.

ၿပီးခဲ့တဲ့ ေဆာင္းရာသီက ေပါင္ ၂၂.၅ သန္း ေတာင္းဆိုထားခဲ့တဲ့ လိုင္လီရဲ႕ ေဈးႏွဳန္းေၾကာင့္ အာဆင္နယ္တုိ႔ မေခၚယူႏုိင္ခဲ့ဘဲ ေဆာ္ေပၚလိုရဲ႕ ပါဘလို မာရီကိုသာ အငွား+အၿပီးသတ္နဲ႔ ေခၚယူခဲ့ရေပမယ့္ ရာသီသစ္အတြက္ ျပင္ဆင္မွဳမွာေတာ့ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႕ကို ထပ္ၿပီး ႀကဳိးစားဖို႔ ရွိေနပါတယ္။ ARSENAL MYANMAR.

ၿပဳိင္ဘက္အသင္းေတြအေနနဲ႔ေတာ့ အာဆင္နယ္နဲ႔ လိုင္လီရဲ႕ ဆက္ဆံေရးေကာင္းရွိထားမွဳကို ေက်ာ္ျဖတ္ႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ နီကိုလတ္စ္ ေပေပရဲ႕ အေျပာင္းအေရႊ႕အတုိင္းဆုိရင္ေတာ့ ဂါဘရီယယ္လ္ကိုလည္း ေအးေအးေဆးေဆးမွ အရစ္က် ေပးေခ်လုိ႔ရမွာ ျဖစ္ပါတယ္။ ARSENAL MYANMAR.

အာဆင္နယ္အသင္းအေနနဲ႔ ဘရာဇီးလ္သားဗဟိုေနာက္ခံလူေတြကို ေခၚယူဖူးျခင္းမရွိတဲ့ မန္ယူအတြက္ေတာ့ စိုးရိမ္စရာမလိုေပမယ့္ ဝါရင့္ နည္းျပ အန္ဆယ္ေလာ့တီ ကိုင္တြယ္ေနတဲ့အျပင္ အီရန္သူေဌး မိုရွီရီရဲ႕ ေငြေၾကးေတြကို သုံးစြဲလာဖို႔ ရွိေနတဲ့ အဲဗာတန္အတြက္ေတာ့ သတိထားရမွာျဖစ္ၿပီး အီဒူးရဲ႕ အစြမ္းအစနဲ႔ ခ်ိတ္ဆက္စည္း႐ုံးႏုိင္မွာလား ေစာင့္ၾကည့္ရမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ARSENAL MYANMAR.

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အသံထွက်ခဲ့ပြီး သုံးစရာ ငွေမရှိခဲ့လို့ လက်လျှော့ထားခဲ့ရတဲ့ လိုင်လီနောက်ခံလူ ဘရာဇီးလ်သား ဂါဘရီယယ်လ် မာဂါလက်စ်အတွက် ဒီနွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်တို့ ထပ်မံကြိုးစားဖို့ ရှိနေပြီး နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ ချိတ်ဆက်မှုတွေကို တွေ့မြင်ရဖို့ ရှိနေပါတယ်။ ARSENAL MYANMAR.

အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကလည်း အလိုရှိနေတဲ့ အသက် ၂၂ နှစ်အရွယ် နောက်ခံလူဟာ ဘရာဇီးလ်ယူ-၂၃ လက်ရွေးစင်အသင်းကို ရွေးချယ်ခံထားရပေမယ့် နုတ်ထွက်ထားခဲ့သူဖြစ်ပြီး ဥရောပရဲ့ အရည်အသွေးရှိ လူငယ်တစ်ဦးအဖြစ် လက်ရွေးစင်ဘောလုံး အဖွဲ့ချုပ်က မှတ်ယူထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ARSENAL MYANMAR.

ပြီးခဲ့တဲ့ ဆောင်းရာသီက ပေါင် ၂၂.၅ သန်း တောင်းဆိုထားခဲ့တဲ့ လိုင်လီရဲ့ ဈေးနှုန်းကြောင့် အာဆင်နယ်တို့ မခေါ်ယူနိုင်ခဲ့ဘဲ ဆော်ပေါ်လိုရဲ့ ပါဘလို မာရီကိုသာ အငှား+အပြီးသတ်နဲ့ ခေါ်ယူခဲ့ရပေမယ့် ရာသီသစ်အတွက် ပြင်ဆင်မှုမှာတော့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ကို ထပ်ပြီး ကြိုးစားဖို့ ရှိနေပါတယ်။ ARSENAL MYANMAR.

ပြိုင်ဘက်အသင်းတွေအနေနဲ့တော့ အာဆင်နယ်နဲ့ လိုင်လီရဲ့ ဆက်ဆံရေးကောင်းရှိထားမှုကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ နီကိုလတ်စ် ပေပေရဲ့ အပြောင်းအရွှေ့အတိုင်းဆိုရင်တော့ ဂါဘရီယယ်လ်ကိုလည်း အေးအေးဆေးဆေးမှ အရစ်ကျ ပေးချေလို့ရမှာ ဖြစ်ပါတယ်။ ARSENAL MYANMAR.

အာဆင်နယ်အသင်းအနေနဲ့ ဘရာဇီးလ်သားဗဟိုနောက်ခံလူတွေကို ခေါ်ယူဖူးခြင်းမရှိတဲ့ မန်ယူအတွက်တော့ စိုးရိမ်စရာမလိုပေမယ့် ဝါရင့် နည်းပြ အန်ဆယ်လော့တီ ကိုင်တွယ်နေတဲ့အပြင် အီရန်သူဌေး မိုရှီရီရဲ့ ငွေကြေးတွေကို သုံးစွဲလာဖို့ ရှိနေတဲ့ အဲဗာတန်အတွက်တော့ သတိထားရမှာဖြစ်ပြီး အီဒူးရဲ့ အစွမ်းအစနဲ့ ချိတ်ဆက်စည်းရုံးနိုင်မှာလား စောင့်ကြည့်ရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ARSENAL MYANMAR.

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-25T09:06:38+00:00 July 25th, 2020|News|Comments Off on မဆုံႏုိင္ေသးတဲ့ ဘရာဇီးလ္ေနာက္ခံလူကို ျပန္ႀကဳိးစားဖို႔ ရွိေနတဲ့ အာဆင္နယ္
error: Content is protected !!