လက္ရွိတုိက္စစ္မွဴးေတြေနရာမွာ အစားထိုးဖို႔ ဟီမီနက္ဇ္ကို အာဆင္နယ္အလိုရွိေန

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ အေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာသြားႏုိင္တဲ့ တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတုိ႔ေနရာမွာ ျပန္လည္အစားထိုးဖို႔ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္ကို အလိုရွိေနတယ္လို႔ ျပင္သစ္အေျခစိုက္ Le 10 Sport က ေဖာ္ျပခဲ့ပါတယ္။ ARSENAL MYANMAR.

အသင္းနဲ႔ စာခ်ဳပ္သစ္ သက္တမ္းတုိးဖို႔ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မွဳမရေသးတဲ့ အသင္းေခါင္းေဆာင္ ဂါဘြန္သားကို နည္းျပ မီခယ္လ္ အာတီတာက ဆက္လက္ထိန္းသိမ္းခ်င္ေနေပမယ့္ လာကာဇက္ကေတာ့ စပိန္သားနည္းျပအႀကဳိက္ တုိက္စစ္မွဴးမ်ဳိး မဟုတ္တာေၾကာင့္ သင့္ေတာ္တဲ့ ေဈးရမယ္ဆုိရင္ ေရာင္းခ်သြားဖို႔လည္း ရွိေနခဲ့တာျဖစ္ပါတယ္။ ARSENAL MYANMAR.

ကြင္းလယ္နဲ႔ ခံစစ္ပုိင္းအတြက္ အားျဖည့္မွဳေတြ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ အာတီတာအတြက္ ဒီရက္ပုိင္းမွာ အသင္းပုိင္ရွင္ ခ႐ိုယန္ကီေတြရဲ႕ ေငြထုတ္ေပးမယ္ဆုိတဲ့ စကားကို ရရွိထားခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံၿပီးျဖစ္တဲ့ မကၠဆီကန္လက္ေရြးစင္ဟာ အဓိကက်တဲ့ အေျပာင္းအလဲနဲ႔ အေရြ႕တစ္ခုလည္းျဖစ္လာႏုိင္ပါတယ္။ ARSENAL MYANMAR.

ဝုလ္ဗ္စ္ကို ၿပီးခဲ့တဲ့ ရာသီက ဘင္ဖီကာအသင္းကေန အငွားနဲ႔ လာကစားၿပီး ေျခစြမ္းျပႏုိင္ခဲ့လို႔ ယူ႐ိုသန္း ၃၀ နဲ႔ ေခၚယူထားခဲ့တဲ့ ဟီမီနက္ဇ္ဟာ ဒီရာသီမွာလည္း ဆက္လက္ေျခစြမ္းျပေနၿပီး ပရီးမီးယားလိဂ္ သြင္းဂိုး ၁၇ ဂိုး ရရွိထားခ်ိန္မွာ သူ႕ရဲ႕ အားပါလ်င္ျမန္တဲ့ ကစားပုံနဲ႔ ေလထဲမွာ ေကာင္းမြန္ပုံေတြက အာဆင္နယ္ပရိသတ္ေတြအတြက္ ရင္ခုန္စရာလည္းျဖစ္ေနပါတယ္။ ARSENAL MYANMAR.

လက္ရွိေပါက္ေဈး ယူ႐ုိသန္း ၅၀ ဝန္းက်င္မွာ ရွိေနတဲ့ ဒီတုိက္စစ္မွဴးအျပင္ အာဆင္နယ္အသင္းအေနနဲ႔ တျခားတိုက္စစ္မွဴးသုံးဦးေလာက္ကိုပါ ေစာင့္ၾကည့္ေနၿပီး ဒီထဲမွာ ဆဲလ္တစ္ရဲ႕ လူငယ္တုိက္စစ္မွဴး ေအာ့ဒ္ဆြန္း ေအဒူယာလည္း ပါဝင္ေနတယ္လို႔ သိရၿပီး လာမယ့္ရာသီကုန္မွာ တုိက္စစ္ပုိင္း အေျပာင္းအလဲေတြကို ေစာင့္ၾကည့္ရဖြယ္ရွိေၾကာင္းလည္း ျပင္သစ္အေျခစိုက္သတင္းဌာနက ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္။ ARSENAL MYANMAR.

REF: LE 10 SPORT & DAILY EXPRESS
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့နေရာမှာ ပြန်လည်အစားထိုးဖို့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကို အလိုရှိနေတယ်လို့ ပြင်သစ်အခြေစိုက် Le 10 Sport က ဖော်ပြခဲ့ပါတယ်။ ARSENAL MYANMAR.

အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ လက်ရှိအချိန်အထိ အောင်မြင်မှုမရသေးတဲ့ အသင်းခေါင်းဆောင် ဂါဘွန်သားကို နည်းပြ မီခယ်လ် အာတီတာက ဆက်လက်ထိန်းသိမ်းချင်နေပေမယ့် လာကာဇက်ကတော့ စပိန်သားနည်းပြအကြိုက် တိုက်စစ်မှူးမျိုး မဟုတ်တာကြောင့် သင့်တော်တဲ့ ဈေးရမယ်ဆိုရင် ရောင်းချသွားဖို့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ARSENAL MYANMAR.

ကွင်းလယ်နဲ့ ခံစစ်ပိုင်းအတွက် အားဖြည့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အာတီတာအတွက် ဒီရက်ပိုင်းမှာ အသင်းပိုင်ရှင် ခရိုယန်ကီတွေရဲ့ ငွေထုတ်ပေးမယ်ဆိုတဲ့ စကားကို ရရှိထားခဲ့တဲ့အတွက် ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံပြီးဖြစ်တဲ့ မက္ကဆီကန်လက်ရွေးစင်ဟာ အဓိကကျတဲ့ အပြောင်းအလဲနဲ့ အရွေ့တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ ARSENAL MYANMAR.

ဝုလ်ဗ်စ်ကို ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာအသင်းကနေ အငှားနဲ့ လာကစားပြီး ခြေစွမ်းပြနိုင်ခဲ့လို့ ယူရိုသန်း ၃၀ နဲ့ ခေါ်ယူထားခဲ့တဲ့ ဟီမီနက်ဇ်ဟာ ဒီရာသီမှာလည်း ဆက်လက်ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၇ ဂိုး ရရှိထားချိန်မှာ သူ့ရဲ့ အားပါလျင်မြန်တဲ့ ကစားပုံနဲ့ လေထဲမှာ ကောင်းမွန်ပုံတွေက အာဆင်နယ်ပရိသတ်တွေအတွက် ရင်ခုန်စရာလည်းဖြစ်နေပါတယ်။ ARSENAL MYANMAR.

လက်ရှိပေါက်ဈေး ယူရိုသန်း ၅၀ ဝန်းကျင်မှာ ရှိနေတဲ့ ဒီတိုက်စစ်မှူးအပြင် အာဆင်နယ်အသင်းအနေနဲ့ တခြားတိုက်စစ်မှူးသုံးဦးလောက်ကိုပါ စောင့်ကြည့်နေပြီး ဒီထဲမှာ ဆဲလ်တစ်ရဲ့ လူငယ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာလည်း ပါဝင်နေတယ်လို့ သိရပြီး လာမယ့်ရာသီကုန်မှာ တိုက်စစ်ပိုင်း အပြောင်းအလဲတွေကို စောင့်ကြည့်ရဖွယ်ရှိကြောင်းလည်း ပြင်သစ်အခြေစိုက်သတင်းဌာနက ရေးသားခဲ့ကြောင်း သိရှိရပါတယ်။ ARSENAL MYANMAR.

REF: LE 10 SPORT & DAILY EXPRESS
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-24T18:46:43+00:00 July 24th, 2020|News|Comments Off on လက္ရွိတုိက္စစ္မွဴးေတြေနရာမွာ အစားထိုးဖို႔ ဟီမီနက္ဇ္ကို အာဆင္နယ္အလိုရွိေန
error: Content is protected !!