အာဆင္နယ္အသင္းကို ေရြးခ်ယ္ျဖစ္ခဲ့ပုံကို ျပန္ေျပာျပခဲ့တဲ့ ဆာလီဘာ

အာဆင္နယ္အသင္းနဲ႔ စပါးစ္အသင္းတို႔ ေျမာက္လန္ဒန္ကေန အၿပဳိင္လုခဲ့ရတဲ့ ျပင္သစ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ စပါးစ္ကို ေက်ာ္ၿပီး အာဆင္နယ္အသင္းကို ေရြးခ်ယ္ျဖစ္ခဲ့ပုံအေၾကာင္းကို ျပင္သစ္အားကစားသတင္းဌာန ေလကီပ္နဲ႔ ေတြ႕ဆုံရာမွာ ေျပာျပသြားခဲ့ပါတယ္။ ARSENAL MYANMAR.

ျပင္သစ္ယူ-၂၀ ေနာက္ခံလူအတြက္ စိန္႔အက္တီယန္ဘက္က ေတာင္းဆုိတဲ့ ေဈးႏွဳန္းကို ေျမာက္လန္ဒန္ႏွစ္သင္းစလုံးက သေဘာတူခဲ့ခ်ိန္မွာ ေျပာင္းေရႊ႕ဖို႔ကေတာ့ ကစားသမားရဲ႕ ေရြးခ်ယ္မွဳသာျဖစ္ခဲ့ၿပီး သူက အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ခဲ့ရာမွာ အစဥ္အလာနဲ႔ သမိုင္းေၾကာင္းက အဓိက က်ခဲ့တယ္လုိ႔ ဆုိပါတယ္။ ARSENAL MYANMAR.

ဆာလီဘာက လူငယ္ကစားသမားဘဝမွာ စိန္႔အက္တီယန္အသင္းကို ေျပာင္းေရႊ႕ျဖစ္ခဲ့သလိုမ်ဳိးပဲ ႏွဳိင္းယွဥ္သြားခဲ့ၿပီး အသင္းရဲ႕ လက္ရွိ အေနအထားက အေကာင္းဆုံးမွာ ရွိမေနေပမယ့္ သမုိင္းေၾကာင္း၊ ျပင္သစ္ကစားသမားေတြနဲ႔ အသင္းရဲ႕ လိုဂိုကို ျမင္လုိက္တာနဲ႔ စိတ္ထဲက ေရြးခ်ယ္ခ်င္သြားတာလို႔ ေျပာျပပါတယ္။ ARSENAL MYANMAR.

“အာဆင္နယ္ကိုေတာ့ စစခ်င္းကတည္းက ေၾကြခဲ့ရတာလို႔ပဲ ေျပာရမွာေပါ့။ ဒီအသင္းမွာက ကၽြန္ေတာ္တို႔ေတြ ေကာင္းေကာင္းသိတဲ့ ျပင္သစ္ကစားသမားေတြ ကစားခဲ့တာပါ။ ေနာက္ပုိင္းသုံးေလးႏွစ္မွာ အသင္းရဲ႕ ပုံစံက မေကာင္းေပမယ့္ စိန္႔အက္တီယန္လုိပဲေပါ့ဗ်ာ၊ အသင္းရဲ႕ လိုဂိုတံဆိပ္နဲ႔ ပရိသတ္ေတြက ကၽြန္ေတာ့္ကို ေရြးခ်ယ္ေစခဲ့တာပါပဲ။ အျမဲပဲ စိတ္ထဲ ရွိခဲ့တဲ့ အသင္းျဖစ္ၿပီး ဒီကို ေျပာင္းဖို႔ တုံ႔ဆုိင္းမေနခဲ့ပါဘူး”လို႔ ဆာလီဘာက ဆုိပါတယ္။ ARSENAL MYANMAR.

ဆာလီဘာက ျပင္သစ္ဖလားဖိုင္နယ္ကို လြဲေခ်ာ္ခဲ့ရလို႔ စိတ္မေကာင္းေပမယ့္ သူ႕အတြက္ သေဘာတူညီမွဳရဖို႔ ႏွစ္သင္းစလုံးက ႀကဳိးစားခဲ့တယ္ဆုိတာကို နားလည္ေၾကာင္းနဲ႔ အစိမ္းေရာင္ စိန္႔အက္တီယန္ေတြအတြက္ ကစားမေပးႏုိင္ေတာ့ေပမယ့္လည္း အားေပးသြားမွာျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။ ARSENAL MYANMAR.

REF: L’ÉQUIPE
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတို့ မြောက်လန်ဒန်ကနေ အပြိုင်လုခဲ့ရတဲ့ ပြင်သစ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ စပါးစ်ကို ကျော်ပြီး အာဆင်နယ်အသင်းကို ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းကို ပြင်သစ်အားကစားသတင်းဌာန လေကီပ်နဲ့ တွေ့ဆုံရာမှာ ပြောပြသွားခဲ့ပါတယ်။ ARSENAL MYANMAR.

ပြင်သစ်ယူ-၂၀ နောက်ခံလူအတွက် စိန့်အက်တီယန်ဘက်က တောင်းဆိုတဲ့ ဈေးနှုန်းကို မြောက်လန်ဒန်နှစ်သင်းစလုံးက သဘောတူခဲ့ချိန်မှာ ပြောင်းရွှေ့ဖို့ကတော့ ကစားသမားရဲ့ ရွေးချယ်မှုသာဖြစ်ခဲ့ပြီး သူက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ရာမှာ အစဉ်အလာနဲ့ သမိုင်းကြောင်းက အဓိက ကျခဲ့တယ်လို့ ဆိုပါတယ်။ ARSENAL MYANMAR.

ဆာလီဘာက လူငယ်ကစားသမားဘဝမှာ စိန့်အက်တီယန်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့သလိုမျိုးပဲ နှိုင်းယှဉ်သွားခဲ့ပြီး အသင်းရဲ့ လက်ရှိ အနေအထားက အကောင်းဆုံးမှာ ရှိမနေပေမယ့် သမိုင်းကြောင်း၊ ပြင်သစ်ကစားသမားတွေနဲ့ အသင်းရဲ့ လိုဂိုကို မြင်လိုက်တာနဲ့ စိတ်ထဲက ရွေးချယ်ချင်သွားတာလို့ ပြောပြပါတယ်။ ARSENAL MYANMAR.

“အာဆင်နယ်ကိုတော့ စစချင်းကတည်းက ကြွေခဲ့ရတာလို့ပဲ ပြောရမှာပေါ့။ ဒီအသင်းမှာက ကျွန်တော်တို့တွေ ကောင်းကောင်းသိတဲ့ ပြင်သစ်ကစားသမားတွေ ကစားခဲ့တာပါ။ နောက်ပိုင်းသုံးလေးနှစ်မှာ အသင်းရဲ့ ပုံစံက မကောင်းပေမယ့် စိန့်အက်တီယန်လိုပဲပေါ့ဗျာ၊ အသင်းရဲ့ လိုဂိုတံဆိပ်နဲ့ ပရိသတ်တွေက ကျွန်တော့်ကို ရွေးချယ်စေခဲ့တာပါပဲ။ အမြဲပဲ စိတ်ထဲ ရှိခဲ့တဲ့ အသင်းဖြစ်ပြီး ဒီကို ပြောင်းဖို့ တုံ့ဆိုင်းမနေခဲ့ပါဘူး”လို့ ဆာလီဘာက ဆိုပါတယ်။ ARSENAL MYANMAR.

ဆာလီဘာက ပြင်သစ်ဖလားဖိုင်နယ်ကို လွဲချော်ခဲ့ရလို့ စိတ်မကောင်းပေမယ့် သူ့အတွက် သဘောတူညီမှုရဖို့ နှစ်သင်းစလုံးက ကြိုးစားခဲ့တယ်ဆိုတာကို နားလည်ကြောင်းနဲ့ အစိမ်းရောင် စိန့်အက်တီယန်တွေအတွက် ကစားမပေးနိုင်တော့ပေမယ့်လည်း အားပေးသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ARSENAL MYANMAR.

REF: L’ÉQUIPE
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-24T08:27:25+00:00 July 24th, 2020|News|Comments Off on အာဆင္နယ္အသင္းကို ေရြးခ်ယ္ျဖစ္ခဲ့ပုံကို ျပန္ေျပာျပခဲ့တဲ့ ဆာလီဘာ
error: Content is protected !!