ဝတ္ဖုိ႔ဒ္နဲ႔ပြဲကို ရာႏွဳန္းျပည့္ကစားၿပီး မွ်မွ်တတလုပ္ေဆာင္ရမယ္လို႔ အာတီတာေျပာ

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက သူတုိ႔အေနနဲ႔ အမွတ္ေပးဇယားကေနတစ္ဆင့္ ယူ႐ိုပါလိဂ္ကို မဝင္ႏုိင္ေတာ့ခ်ိန္မွာ ေလ့က်င့္ကြင္းက အိမ္နီးခ်င္းျဖစ္တဲ့ ဝတ္ဖို႔ဒ္ကို ေလွ်ာ့ကန္ၿပီး တျခားတန္းဆင္းဇုန္ ႐ုန္းေနရတဲ့ အသင္းေတြအေပၚ သစၥာေဖာက္တဲ့ အျပဳအမူမ်ဳိး မလုပ္ဘဲ ကစားသြားရမယ္လို႔ ေျပာၾကားလုိက္ပါတယ္။ ARSENAL MYANMAR.

ဝတ္ဖို႔ဒ္အသင္းအေနနဲ႔ အာဆင္နယ္ကို အမ္းမရိတ္မွာ အႏုိင္ယူခဲ့မယ္ဆုိရင္ အဲဗာတန္ကို ဂြတ္ဒီဆန္ပါ့ခ္မွာ ရင္ဆုိင္ရမယ့္ အက္စ္တန္ဗီလာကို အသာစီးရယူႏုိင္မွာျဖစ္ၿပီး သူတုိ႔ႏွစ္သင္းစလုံးရွဳံးၿပီး ဘုန္းေမာက္တုိ႔ ႏုိင္ခဲ့မယ္ဆုိရင္ အေျခအေနေတြက တစ္မ်ဳိးတစ္မည္ ေျပာင္းလဲသြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။ ARSENAL MYANMAR.

အာဆင္နယ္အသင္းအေနနဲ႔ မႏွစ္က ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ဒဏ္ရာေတြ ေပးသြားခဲ့တဲ့ ၿမဳိ႕ခံၿပဳိင္ဘက္ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ဝင္ဘလီကြင္းက အက္ဖ္ေအဖလား ဗိုလ္လုပြဲအတြက္ အာ႐ုံစိုက္ျပင္ဆင္ေနခ်ိန္မွာ ဝတ္ဖုိ႔ဒ္နဲ႔ ရာသီပိတ္ပြဲစဥ္အတြက္ ခန္႔မွန္းမွဳနဲ႔ ထင္ေၾကးအမ်ဳိးမ်ဳိး ေပၚထြက္ေနခ်ိန္မွာ အာတီတာက ခုလိုေျပာၾကားလုိက္တာလည္းျဖစ္ပါတယ္။ ARSENAL MYANMAR.

“ကၽြန္ေတာ္တုိ႔အေနနဲ႔ တာဝန္သိစိတ္ရွိသင့္ၿပီး ဒီပြဲရဲ႕ ရလဒ္ဟာ တျခားအသင္းေတြအေပၚ ဘယ္လိုသက္ေရာက္မလဲဆုိတာကိုလည္း သိထားရမွာပါ။ ဒါဟာ ပြဲတုိင္းမွာ လုပ္ေဆာင္ရမယ့္အလုပ္ျဖစ္ၿပီး ကိုယ့္အသင္းရဲ႕ ရလဒ္အတြက္ကိုယ္ ၁၀၀ ရာခိုင္ႏွဳန္း မေပးဆပ္ဘဲ ေလွ်ာ့ေပါ့ၿပီး ကစားခဲ့မယ္ဆုိရင္ ျပႆနာရွိတဲ့ကိစၥပဲ ျဖစ္ပါတယ္”လုိ႔ အာတီတာက ဆုိပါတယ္။ ARSENAL MYANMAR.

ဒါ့အျပင္ အာတီတာက ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ ေျခစြမ္းျပႏုိင္တဲ့သူေတြကို အက္ဖ္ေအလားဖုိင္နယ္အတြက္ ထည့္သြင္းေရြးခ်ယ္သြားမယ္လုိ႔ ေျပာလိုက္ၿပီး အသင္းရဲ႕ အစဥ္အလာႀကီးတဲ့ ဖလားအတြက္ ကစားရာမွာ အေကာင္းဆုံး ခံယူခ်က္နဲ႔အတူ ႀကံ့ခိုင္မွဳနဲ႔ ပုံစံေကာင္းရရွိေနသူေတြကို အဓိက အသုံးျပဳသြားမွာျဖစ္တယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။ ARSENAL MYANMAR.

REF: ARSENAL OFFICIAL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူတို့အနေနဲ့ အမှတ်ပေးဇယားကနေတစ်ဆင့် ယူရိုပါလိဂ်ကို မဝင်နိုင်တော့ချိန်မှာ လေ့ကျင့်ကွင်းက အိမ်နီးချင်းဖြစ်တဲ့ ဝတ်ဖို့ဒ်ကို လျှော့ကန်ပြီး တခြားတန်းဆင်းဇုန် ရုန်းနေရတဲ့ အသင်းတွေအပေါ် သစ္စာဖောက်တဲ့ အပြုအမူမျိုး မလုပ်ဘဲ ကစားသွားရမယ်လို့ ပြောကြားလိုက်ပါတယ်။ ARSENAL MYANMAR.

ဝတ်ဖို့ဒ်အသင်းအနေနဲ့ အာဆင်နယ်ကို အမ်းမရိတ်မှာ အနိုင်ယူခဲ့မယ်ဆိုရင် အဲဗာတန်ကို ဂွတ်ဒီဆန်ပါ့ခ်မှာ ရင်ဆိုင်ရမယ့် အက်စ်တန်ဗီလာကို အသာစီးရယူနိုင်မှာဖြစ်ပြီး သူတို့နှစ်သင်းစလုံးရှုံးပြီး ဘုန်းမောက်တို့ နိုင်ခဲ့မယ်ဆိုရင် အခြေအနေတွေက တစ်မျိုးတစ်မည် ပြောင်းလဲသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ ARSENAL MYANMAR.

အာဆင်နယ်အသင်းအနေနဲ့ မနှစ်က ယူရိုပါလိဂ်ဖိုင်နယ်မှာ ဒဏ်ရာတွေ ပေးသွားခဲ့တဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးနဲ့ ကစားရမယ့် ဝင်ဘလီကွင်းက အက်ဖ်အေဖလား ဗိုလ်လုပွဲအတွက် အာရုံစိုက်ပြင်ဆင်နေချိန်မှာ ဝတ်ဖို့ဒ်နဲ့ ရာသီပိတ်ပွဲစဉ်အတွက် ခန့်မှန်းမှုနဲ့ ထင်ကြေးအမျိုးမျိုး ပေါ်ထွက်နေချိန်မှာ အာတီတာက ခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ ARSENAL MYANMAR.

“ကျွန်တော်တို့အနေနဲ့ တာဝန်သိစိတ်ရှိသင့်ပြီး ဒီပွဲရဲ့ ရလဒ်ဟာ တခြားအသင်းတွေအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကိုလည်း သိထားရမှာပါ။ ဒါဟာ ပွဲတိုင်းမှာ လုပ်ဆောင်ရမယ့်အလုပ်ဖြစ်ပြီး ကိုယ့်အသင်းရဲ့ ရလဒ်အတွက်ကိုယ် ၁၀၀ ရာခိုင်နှုန်း မပေးဆပ်ဘဲ လျှော့ပေါ့ပြီး ကစားခဲ့မယ်ဆိုရင် ပြဿနာရှိတဲ့ကိစ္စပဲ ဖြစ်ပါတယ်”လို့ အာတီတာက ဆိုပါတယ်။ ARSENAL MYANMAR.

ဒါ့အပြင် အာတီတာက ဝတ်ဖို့ဒ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်တဲ့သူတွေကို အက်ဖ်အေလားဖိုင်နယ်အတွက် ထည့်သွင်းရွေးချယ်သွားမယ်လို့ ပြောလိုက်ပြီး အသင်းရဲ့ အစဉ်အလာကြီးတဲ့ ဖလားအတွက် ကစားရာမှာ အကောင်းဆုံး ခံယူချက်နဲ့အတူ ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းရရှိနေသူတွေကို အဓိက အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ARSENAL MYANMAR.

REF: ARSENAL OFFICIAL
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-24T04:00:00+00:00 July 24th, 2020|News|Comments Off on ဝတ္ဖုိ႔ဒ္နဲ႔ပြဲကို ရာႏွဳန္းျပည့္ကစားၿပီး မွ်မွ်တတလုပ္ေဆာင္ရမယ္လို႔ အာတီတာေျပာ
error: Content is protected !!