ဆာလီဘာဟာ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္လာေတာ့မွာလား

အာဆင္နယ္အသင္းနဲ႔အတူ လာမယ့္ရာသီမွာ စတင္ကစားခြင့္ရရွိမယ့္ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာဟာ အသင္းအတြက္ အေရးပါတဲ့ ေဒါက္တုိင္ကစားသမားတစ္ဦးျဖစ္လာမယ္လို႔ သူ႕ကို ေပးအပ္လိုက္တဲ့ ေက်ာနံပါတ္ကို ၾကည့္ၿပီး ခန္႔မွန္းေနၾကေၾကာင္း သိရပါတယ္။ ARSENAL MYANMAR.

စိန္႔အက္တီယန္ကို တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားအၿပီးမွာ ျပန္ေရာက္လာခဲ့တဲ့ ဆာလီဘာကို အာဆင္နယ္အသင္းက ဂႏၴဝင္နံပါတ္တစ္ခုျဖစ္တဲ့ ေက်ာနံပါတ္ ၄ ကို ဝတ္ဆင္ခြင့္ျပဳခဲ့တာျဖစ္ၿပီး ဒီနံပါတ္ေၾကာင့္ အနာဂတ္မွာ သူ႕ရဲ႕ အခန္းက႑က ေပါ့ေသးေသးေတာ့ မဟုတ္ေလာက္ဘူးလို႔ ပရိသတ္ေတြက ခန္႔မွန္းေနၾကပါတယ္။ ARSENAL MYANMAR.

အရင္က ဒီေက်ာနံပါတ္ကို ဝတ္ဆင္ေနတဲ့ မိုဟာမက္ အယ္လ္နန္နီကေတာ့ ေက်ာနံပါတ္ ၂၅ ကို ေျပာင္းလဲဝတ္ဆင္ဖို႔ သေဘာတူညီခဲ့ၿပီး ရာသီသစ္မွာ အသင္းရဲ႕ ခံစစ္မွာေတာ့ ဆာလီဘာဟာ သူ႕ေရွ႕က ဒီနံပါတ္ကိုပဲ ဝတ္ဆင္ခဲ့တဲ့ ေနာက္ခံလူေဟာင္း အကယ္ဒမီမန္ေနဂ်ာ မာတီဆက္ကာရဲ႕ ေျခရာကို နင္းႏုိင္မလားလို႔ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။ ARSENAL MYANMAR.

ဒီနံပါတ္ ၄ ဟာ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္နံပါတ္လို႔လည္း ေျပာႏုိင္ၿပီး ေနာက္ဆုံးဝတ္ဆင္ခဲ့ၾကသူေတြထဲက ၃ ဦးျဖစ္တဲ့ ပက္ထရစ္ ဗီယာရာ၊ ဆက္စ္ ဖာဘရီဂက္စ္နဲ႔ မာတီဆက္ကာတုိ႔ဟာ ကပၸတိန္လက္ပတ္ေတြကို ဝတ္ဆင္ခဲ့ၾကသလို အသင္းအတြက္ ေျခစြမ္းျပသႏုိင္ခဲ့သူေတြလည္းျဖစ္ခဲ့ပါတယ္။ ARSENAL MYANMAR.

နည္းျပ မီခယ္လ္ အာတီတာကေတာ့ ဆာလီဘာအေပၚ ေမွ်ာ္လင့္ခ်က္ႀကီးမားသူျဖစ္ၿပီး အသင္းရဲ႕ ခံစစ္ပုိင္းမွာ ႀကီးႀကီးမားမား အက်ဳိးျပဳႏုိင္ဖို႔ ရည္ရြယ္ထားသလို သူဟာ ေကာင္းမြန္တဲ့ စိတ္ဓာတ္၊ ခံယူခ်က္နဲ႔ ႀကံ့ခုိင္မွဳေတြကို ပုိင္ဆုိင္ထားတယ္ဆုိတာကို ေကာင္းေကာင္းသိထားတယ္လုိ႔ ေျပာၾကားထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။ ARSENAL MYANMAR.

REF: METRO
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

UNICODE: အာဆင်နယ်အသင်းနဲ့အတူ လာမယ့်ရာသီမှာ စတင်ကစားခွင့်ရရှိမယ့် လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာဟာ အသင်းအတွက် အရေးပါတဲ့ ဒေါက်တိုင်ကစားသမားတစ်ဦးဖြစ်လာမယ်လို့ သူ့ကို ပေးအပ်လိုက်တဲ့ ကျောနံပါတ်ကို ကြည့်ပြီး ခန့်မှန်းနေကြကြောင်း သိရပါတယ်။ ARSENAL MYANMAR.

စိန့်အက်တီယန်ကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားအပြီးမှာ ပြန်ရောက်လာခဲ့တဲ့ ဆာလီဘာကို အာဆင်နယ်အသင်းက ဂန္ထဝင်နံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ် ၄ ကို ဝတ်ဆင်ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီနံပါတ်ကြောင့် အနာဂတ်မှာ သူ့ရဲ့ အခန်းကဏ္ဍက ပေါ့သေးသေးတော့ မဟုတ်လောက်ဘူးလို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ ARSENAL MYANMAR.

အရင်က ဒီကျောနံပါတ်ကို ဝတ်ဆင်နေတဲ့ မိုဟာမက် အယ်လ်နန်နီကတော့ ကျောနံပါတ် ၂၅ ကို ပြောင်းလဲဝတ်ဆင်ဖို့ သဘောတူညီခဲ့ပြီး ရာသီသစ်မှာ အသင်းရဲ့ ခံစစ်မှာတော့ ဆာလီဘာဟာ သူ့ရှေ့က ဒီနံပါတ်ကိုပဲ ဝတ်ဆင်ခဲ့တဲ့ နောက်ခံလူဟောင်း အကယ်ဒမီမန်နေဂျာ မာတီဆက်ကာရဲ့ ခြေရာကို နင်းနိုင်မလားလို့ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ ARSENAL MYANMAR.

ဒီနံပါတ် ၄ ဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်နံပါတ်လို့လည်း ပြောနိုင်ပြီး နောက်ဆုံးဝတ်ဆင်ခဲ့ကြသူတွေထဲက ၃ ဦးဖြစ်တဲ့ ပက်ထရစ် ဗီယာရာ၊ ဆက်စ် ဖာဘရီဂက်စ်နဲ့ မာတီဆက်ကာတို့ဟာ ကပ္ပတိန်လက်ပတ်တွေကို ဝတ်ဆင်ခဲ့ကြသလို အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့သူတွေလည်းဖြစ်ခဲ့ပါတယ်။ ARSENAL MYANMAR.

နည်းပြ မီခယ်လ် အာတီတာကတော့ ဆာလီဘာအပေါ် မျှော်လင့်ချက်ကြီးမားသူဖြစ်ပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ ကြီးကြီးမားမား အကျိုးပြုနိုင်ဖို့ ရည်ရွယ်ထားသလို သူဟာ ကောင်းမွန်တဲ့ စိတ်ဓာတ်၊ ခံယူချက်နဲ့ ကြံ့ခိုင်မှုတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကို ကောင်းကောင်းသိထားတယ်လို့ ပြောကြားထားခဲ့ကြောင်းလည်း သိရှိရပါတယ်။ ARSENAL MYANMAR.

REF: METRO
PHOTOS CREDIT TO OWNERS
HTUK AWNG LYNG
ARSENAL MYANMAR.

By | 2020-07-23T18:34:17+00:00 July 23rd, 2020|News|Comments Off on ဆာလီဘာဟာ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္လာေတာ့မွာလား
error: Content is protected !!