အာဆင်နယ်အသင်းကို ဝယ်ယူမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး သူဟာ အများထင်နေကြသလို ယူရို (၃၀) ‌ဘီလီယံလောက် မချမ်းသာဘူးလို့လည်း ဖွင့်ဟလာတဲ့ ဖလာမီနီ

သူ့အနေနဲ့ အာဆင်နယ်အသင်းကို ဝယ်ယူသွားမှာမဟုတ်ဘူးလို့ ဂန်းနားဟောင်းကြီး မတ်သရူးဖလာမီနီက ငြင်းဆန်ခဲ့ပြီး အများထင်နေကြသလို ယူရို (၃၀) ဘီလီယံလောက် ကြွယ်ဝချမ်းသာချင်းမရှိဘူးလို့လည်း ဖွင့်ဟလာခဲ့ပါတယ်။

ST ALBANS, ENGLAND – APRIL 23: (Photo by Stuart MacFarlane/Arsenal FC via Getty Images) *** Local Caption *** Laurent Koscielny;Mesut Ozil;Oezil;Mathieu Flamini

အသက် (၃၆) နှစ်သားဟာ အာဆင်နယ်အသင်းအတွက် ပွဲစဉ်ပေါင်း (၂၄၆) ပွဲအထိ ကစားပေးခဲ့ဖူးပြီး FA ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို (၂၀၀၆) ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအဆင့်ထိလည်း တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘောလုံးကစားသမားတဦးဖြစ်ပေမယ့်လည်း စီးပွားရေးပိုင်းကိုလည်း စိတ်ဝင်စားတဲ့ ပြင်သစ်သားဟာ ငွေကြေး ယူရို (၃၀) ဘီလီလံလောက် ကြွယ်ဝချမ်းသာသူဖြစ်နေပြီဆိုပြီးတော့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

The Athletic သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဖလာမီနီက ” ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းကို ဝယ်ယူသွားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ဘောလုံးလောက ဘယ်လိုရင်းနှီးမြှုပ်နှံသွားမလဲဆိုတာလည်း မမေးပါနဲ့ဗျာ။ ဒါဟာ ကျွန်တော် စိတ်ကူးနေတဲ့အထဲမှာ မပါပါဘူး။ ”

” ဒါပေမယ့်လည်း ဘောလုံးဆိုတာက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် ထာဝရ တည်ရှိနေမှာ ဖြစ်ပါတယ်။ ဒီအသိုက်အဝန်းထဲမှာ ကျွန်တော် အမြဲတမ်း ရှိနေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိအချိန်အထိလည်း ဘောလုံးသမားဘဝကနေ အနားယူခဲ့ကြောင်း မကြေညာရသေးဘူးလေ။ ”

” ကြံ့ခိုင်မှုအပြည့်၊ ကျန်းမာမှုအပြည့်နဲ့ နေထိုင်နေပါတယ်။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်တဘ်ဆိုရင်၊ ကောင်းမွန်စွာ စားသောက်နေထိုင်တယ်ဆိုရင် ကျန်းမာရေးက ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ အရမ်းကျန်းမာနေပါတဘ်။ ဘောလုံးဆက်ကစားရမလား၊ ရပ်တန့်လိုက်ရတော့မလားဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ ”

” ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ရင်လည်း ဒီအသိုက်အဝန်းထဲမှာ ကျွန်တော် အမြဲတမ်း ဆက်ရှိချင်ပါတယ်။ ဒီလောကအကြောင်းကို ကျွန်တော်က အသိဆုံးလေ။ ဒီတော့ ကျွန်တော့်အနေနဲ့ နီးနီးကပ်ကပ် ရှိနေပြီး အမြဲတမ်း ပါဝင်ပတ်သက်သွားနိုင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Goal

Zawgyi
သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို ဝယ္ယူသြားမွာမဟုတ္ဘူးလို႔ ဂန္းနားေဟာင္းႀကီး မတ္သ႐ူးဖလာမီနီက ျငင္းဆန္ခဲ့ၿပီး အမ်ားထင္ေနၾကသလို ယူ႐ို (၃၀) ဘီလီယံေလာက္ ႂကြယ္ဝခ်မ္းသာခ်င္းမရွိဘူးလို႔လည္း ဖြင့္ဟလာခဲ့ပါတယ္။

ST ALBANS, ENGLAND – APRIL 23: (Photo by Stuart MacFarlane/Arsenal FC via Getty Images) *** Local Caption *** Laurent Koscielny;Mesut Ozil;Oezil;Mathieu Flamini

အသက္ (၃၆) ႏွစ္သားဟာ အာဆင္နယ္အသင္းအတြက္ ပြဲစဥ္ေပါင္း (၂၄၆) ပြဲအထိ ကစားေပးခဲ့ဖူးၿပီး FA ဖလားကို ဆြတ္ခူးႏိုင္ခဲ့သလို (၂၀၀၆) ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလား ဗိုလ္လုပြဲအဆင့္ထိလည္း တက္လွမ္းႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ေဘာလုံးကစားသမားတဦးျဖစ္ေပမယ့္လည္း စီးပြားေရးပိုင္းကိုလည္း စိတ္ဝင္စားတဲ့ ျပင္သစ္သားဟာ ေငြေၾကး ယူ႐ို (၃၀) ဘီလီလံေလာက္ ႂကြယ္ဝခ်မ္းသာသူျဖစ္ေနၿပီဆိုၿပီးေတာ့လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

The Athletic သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ ဖလာမီနီက ” ကြၽန္ေတာ့္အေနနဲ႔ အာဆင္နယ္အသင္းကို ဝယ္ယူသြားမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ကို ေဘာလုံးေလာက ဘယ္လိုရင္းႏွီးျမႇဳပ္ႏွံသြားမလဲဆိုတာလည္း မေမးပါနဲ႔ဗ်ာ။ ဒါဟာ ကြၽန္ေတာ္ စိတ္ကူးေနတဲ့အထဲမွာ မပါပါဘူး။ ”

” ဒါေပမယ့္လည္း ေဘာလုံးဆိုတာက ကြၽန္ေတာ့္ဘဝရဲ႕ အစိတ္အပိုင္းတခုအျဖစ္ ထာဝရ တည္ရွိေနမွာ ျဖစ္ပါတယ္။ ဒီအသိုက္အဝန္းထဲမွာ ကြၽန္ေတာ္ အၿမဲတမ္း ရွိေနခ်င္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ လက္ရွိအခ်ိန္အထိလည္း ေဘာလုံးသမားဘဝကေန အနားယူခဲ့ေၾကာင္း မေၾကညာရေသးဘူးေလ။ ”

” ႀကံ့ခိုင္မႈအျပည့္၊ က်န္းမာမႈအျပည့္နဲ႔ ေနထိုင္ေနပါတယ္။ ကိုယ့္က်န္းမာေရးကိုယ္ ဂ႐ုစိုက္တဘ္ဆိုရင္၊ ေကာင္းမြန္စြာ စားေသာက္ေနထိုင္တယ္ဆိုရင္ က်န္းမာေရးက ပိုေကာင္းလာမယ္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အရမ္းက်န္းမာေနပါတဘ္။ ေဘာလုံးဆက္ကစားရမလား၊ ရပ္တန႔္လိုက္ရေတာ့မလားဆိုတာေတာ့ မဆုံးျဖတ္ရေသးပါဘူး။ ”

” ေဘာလုံးသမားဘဝကေန အနားယူသြားခဲ့ရင္လည္း ဒီအသိုက္အဝန္းထဲမွာ ကြၽန္ေတာ္ အၿမဲတမ္း ဆက္ရွိခ်င္ပါတယ္။ ဒီေလာကအေၾကာင္းကို ကြၽန္ေတာ္က အသိဆုံးေလ။ ဒီေတာ့ ကြၽန္ေတာ့္အေနနဲ႔ နီးနီးကပ္ကပ္ ရွိေနၿပီး အၿမဲတမ္း ပါဝင္ပတ္သက္သြားႏိုင္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Goal

By | 2020-11-17T07:26:51+00:00 November 17th, 2020|Player Talk|Comments Off on အာဆင်နယ်အသင်းကို ဝယ်ယူမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး သူဟာ အများထင်နေကြသလို ယူရို (၃၀) ‌ဘီလီယံလောက် မချမ်းသာဘူးလို့လည်း ဖွင့်ဟလာတဲ့ ဖလာမီနီ
error: Content is protected !!