အသင်းလက်မဲ့ဖြစ်နေတာတောင်မှ စပါးကို ပြောင်းမှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့တဲ့ ဂျက်ဝဲလ်ရှိုင်းယား

သူဟာ ဂန်းနားတဦးဖြစ်တာကြောင့် လက်ရှိအချိန်မှာ စပါးအသင်းက ကမ်းလှမ်းလာရင်တောင်မှ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ အသင်းလက်မဲ့ဖြစ်နေသူ ကွင်းလယ်ကစားသမား ဂျက်ဝဲလ်ရှိုင်းယားက ဖွင့်ဟခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အင်္ဂလန်သားဟာ လက်ရှိအချိန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ကလပ်အသင်းသစ်ကို ရှာဖွေနေသူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်ခဲ့ပြီးနောက်မှာ ပင်ကိုအရည်အသွေးကောင်းမွန်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ တောက်ပခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်လာဖို့အထိ ပရိသတ်တွေ မျှော်မှန်းခဲ့တဲ့ ဘေဘီဂျက်ဟာ ဒဏ်ရာတွေကြောင့် ကစားသမားဘဝ အမှောင်မိုက်ဆုံးအချိန်ကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့်ပဲ သူ ချစ်မြတ်နိုးတဲ့ အာဆင်နယ်အသင်းက‌နေ ထွက်ခွာခဲ့သလို ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာလည်း ဒဏ်ရာတွေကပဲ ထပ်မံနှိပ်စက်ခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ မြက်ခင်းစိမ်းတွေနဲ့ ဝေးကွာနေခဲ့ရပြီး အသင်းလက်မဲ့ အခြေအနေအထိ ဖြစ်လာခဲ့တာပါ။

” ကျွန်တော်က အခုမှ အသက် (၂၈) နှစ်ပဲ ရှိသေးတာ။ ရည်မှန်းချက်တွေ ရှိနေသေးတယ်။ နိုင်ပွဲတွေ ရယူဖို့ ဆာလောင်နေသေးတယ်။ ဘောလုံးကစားဖို့ ဆန္ဒပြင်းပြနေသေးတယ်။ အောင်မြင်မှုတွေ ရယူလိုသေးတယ်ဗျာ။ ” လို့ ဂျက်က ပြောပါတယ်။

” ကျွန်တော် ခြေစွမ်း အမြင့်ဆုံးအထိ မရောက်ခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ဝက်စ်ဟမ်းအသင်းမှာတောင်မှ ကျွန်တော် ခက်ခဲခဲ့တယ်။ ဒါပေမယ့်လည်း ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ကစားနိုင်သေးတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်နေဆဲ ဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်ကစားခွင့် ပေးနိုင်တဲ့ ကလပ်အသင်းတသင်းဆီ ကျွန်တော် ပြောင်းရွှေ့ချင်ပါတယ်။ ”

” ဥရောပမှာပဲဖြစ်ဖြစ်၊ မေဂျာလိဂ်မှာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော့်အတွက် သင့်တောတဲ့ မန်နေဂျာတဦးလက်အောက်မှာ ကစားချင်ပါတယ်။ ကျွန်တော့်အနေနဲ့ တရာသီကို (၂၅) ပွဲ၊ ပွဲ (၃၀) ‌လောက်အထိ ကစားချင်သေးတယ်။ လူတွေက ကျွန်တော့်ကို အသက် (၃၀)၊ (၃၁) နှစ်လောက် ထင်နေကြတယ်ဗျ။ အဲဒါကတော့ ကျွန်တော် အသက် (၁၆) နှစ်ကတည်းက ပရိုတယောက်ဖြစ်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခုဆို (၁၂) တောင်မှ ကြာခဲ့ပြီလေ။ ‌ဘောလုံးမှာတော့ တော်တော်ကြာတဲ့ ခရီးပါပဲ။ ”

ဂျက်က ” ဘုန်းမောက်မှာတုန်းကတော့ အက်ဒီဟောင်းရဲ့ လက်အောက်မှာ အဆင်ပြေခဲ့တယ်။ သူက ကျွန်တော့်ကို နေရာပေးတယ်။ ကျွန်တော်ကလည်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဝက်ဟမ်းမှာကျတော့ ဘာတွေဖြစ်မှန်းတောင် ကျွန်တော် မသိနိုင်တော့ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဘောလုံး ကစားချင်သေးတယ်။ ”

” ဂျိုဆေးမော်ရင်ညိုလို နည်းပြမျိုးကိုတော့ ကျွန်တော် သဘောကျပါတယ်။ သူဟာ တကယ်တော်တဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးကိုတော့ ကျွန်တော် မပြောင်းပါဘူး။ ဒါက ရိုးရိုးသားသားပဲ ပြောတာပါ။ သူတို့ ကျွန်တော့်ကို ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဂန်းနားတယောက်ပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Daily Express

Zawgyi
သူဟာ ဂန္းနားတဦးျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္မွာ စပါးအသင္းက ကမ္းလွမ္းလာရင္ေတာင္မွ ေျပာင္းေ႐ႊ႕မွာမဟုတ္ဘူးလို႔ အသင္းလက္မဲ့ျဖစ္ေနသူ ကြင္းလယ္ကစားသမား ဂ်က္ဝဲလ္ရႈိင္းယားက ဖြင့္ဟခဲ့ပါတယ္။

ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့ အဂၤလန္သားဟာ လက္ရွိအခ်ိန္မွာ ဝက္စ္ဟမ္းအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနၿပီး ကလပ္အသင္းသစ္ကို ရွာေဖြေနသူ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီကေန ေပၚထြက္ခဲ့ၿပီးေနာက္မွာ ပင္ကိုအရည္အေသြးေကာင္းမြန္မႈေတြေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ပဲ ေတာက္ပခဲ့ၿပီး အသင္းေခါင္းေဆာင္ ျဖစ္လာဖို႔အထိ ပရိသတ္ေတြ ေမွ်ာ္မွန္းခဲ့တဲ့ ေဘဘီဂ်က္ဟာ ဒဏ္ရာေတြေၾကာင့္ ကစားသမားဘဝ အေမွာင္မိုက္ဆုံးအခ်ိန္ကို ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။

ဒဏ္ရာျပႆနာေတြေၾကာင့္ပဲ သူ ခ်စ္ျမတ္ႏိုးတဲ့ အာဆင္နယ္အသင္းက‌ေန ထြက္ခြာခဲ့သလို ဝက္စ္ဟမ္းအသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္းမွာလည္း ဒဏ္ရာေတြကပဲ ထပ္မံႏွိပ္စက္ခဲ့တာေၾကာင့္ တျဖည္းျဖည္းနဲ႔ ျမက္ခင္းစိမ္းေတြနဲ႔ ေဝးကြာေနခဲ့ရၿပီး အသင္းလက္မဲ့ အေျခအေနအထိ ျဖစ္လာခဲ့တာပါ။

” ကြၽန္ေတာ္က အခုမွ အသက္ (၂၈) ႏွစ္ပဲ ရွိေသးတာ။ ရည္မွန္းခ်က္ေတြ ရွိေနေသးတယ္။ ႏိုင္ပြဲေတြ ရယူဖို႔ ဆာေလာင္ေနေသးတယ္။ ေဘာလုံးကစားဖို႔ ဆႏၵျပင္းျပေနေသးတယ္။ ေအာင္ျမင္မႈေတြ ရယူလိုေသးတယ္ဗ်ာ။ ” လို႔ ဂ်က္က ေျပာပါတယ္။

” ကြၽန္ေတာ္ ေျခစြမ္း အျမင့္ဆုံးအထိ မေရာက္ခဲ့တာကေတာ့ စိတ္ပ်က္စရာပါပဲ။ ဝက္စ္ဟမ္းအသင္းမွာေတာင္မွ ကြၽန္ေတာ္ ခက္ခဲခဲ့တယ္။ ဒါေပမယ့္လည္း ထိပ္တန္းအဆင့္ၿပိဳင္ပြဲေတြမွာ ကစားႏိုင္ေသးတယ္လို႔ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။ ပုံမွန္ပြဲထြက္ကစားခြင့္ ေပးႏိုင္တဲ့ ကလပ္အသင္းတသင္းဆီ ကြၽန္ေတာ္ ေျပာင္းေ႐ႊ႕ခ်င္ပါတယ္။ ”

” ဥေရာပမွာပဲျဖစ္ျဖစ္၊ ေမဂ်ာလိဂ္မွာပဲ ျဖစ္ျဖစ္ေပါ့။ ကြၽန္ေတာ့္အတြက္ သင့္ေတာတဲ့ မန္ေနဂ်ာတဦးလက္ေအာက္မွာ ကစားခ်င္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ တရာသီကို (၂၅) ပြဲ၊ ပြဲ (၃၀) ‌ေလာက္အထိ ကစားခ်င္ေသးတယ္။ လူေတြက ကြၽန္ေတာ့္ကို အသက္ (၃၀)၊ (၃၁) ႏွစ္ေလာက္ ထင္ေနၾကတယ္ဗ်။ အဲဒါကေတာ့ ကြၽန္ေတာ္ အသက္ (၁၆) ႏွစ္ကတည္းက ပ႐ိုတေယာက္ျဖစ္ခဲ့တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အခုဆို (၁၂) ေတာင္မွ ၾကာခဲ့ၿပီေလ။ ‌ေဘာလုံးမွာေတာ့ ေတာ္ေတာ္ၾကာတဲ့ ခရီးပါပဲ။ ”

ဂ်က္က ” ဘုန္းေမာက္မွာတုန္းကေတာ့ အက္ဒီေဟာင္းရဲ႕ လက္ေအာက္မွာ အဆင္ေျပခဲ့တယ္။ သူက ကြၽန္ေတာ့္ကို ေနရာေပးတယ္။ ကြၽန္ေတာ္ကလည္း ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ ဝက္ဟမ္းမွာက်ေတာ့ ဘာေတြျဖစ္မွန္းေတာင္ ကြၽန္ေတာ္ မသိႏိုင္ေတာ့ဘူးဗ်ာ။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ေဘာလုံး ကစားခ်င္ေသးတယ္။ ”

” ဂ်ိဳေဆးေမာ္ရင္ညိဳလို နည္းျပမ်ိဳးကိုေတာ့ ကြၽန္ေတာ္ သေဘာက်ပါတယ္။ သူဟာ တကယ္ေတာ္တဲ့ နည္းျပ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စပါးကိုေတာ့ ကြၽန္ေတာ္ မေျပာင္းပါဘူး။ ဒါက ႐ိုး႐ိုးသားသားပဲ ေျပာတာပါ။ သူတို႔ ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ ရမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္က ဂန္းနားတေယာက္ပါ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Daily Express

By | 2020-11-11T02:50:04+00:00 November 11th, 2020|Player Talk|Comments Off on အသင်းလက်မဲ့ဖြစ်နေတာတောင်မှ စပါးကို ပြောင်းမှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့တဲ့ ဂျက်ဝဲလ်ရှိုင်းယား
error: Content is protected !!