ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုအပ်နေသေးကြောင်း ဖွင့်ဟဝန်ခံလာတဲ့ ပေပေ

လက်ရှိအချိန်အထိ တည်ငြိမ်တဲ့ ခြေစွမ်းတခု မပြနိုင်သေးတဲ့ တိုက်စစ်ကစားသမား နီကိုလက်စ်ပေပေကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုအပ်နေသေးတယ်လို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။

အိုက်ဗရီကို့စ်သားဟာ အမ်းမရိတ်မြေကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်တာကြောင့် ပရိသတ်တွေ မျှော်လင့်အားကိုးခဲ့ကြပေမယ့် လက်ရှိအချိန်အထိတော့ အားရစရာ ခြေစွမ်းမျိုး မရှိသေးပါဘူး။

အဆုံးသတ်သေချာမှုတွေကြောင့် သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ရရှိနေပေမယ့်လည်း အသက် (၂၅) နှစ်သားဟာ တဦးချင်းဖြတ်ကျော်မှုတွေလည်း ကျဆင်းလာခဲ့သလို အသင်းကစားကွက်ပိုင်းနဲ့လည်း လိုက်လျောညီထွေ ဖြစ်မနေတာက ဝေဖန်မှုတွေ ခံယူနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေပေကတော့ သူ့အနေနဲ့ မတူညီတဲ့နိုင်ငံနဲ့ မတူညီတဲ့လိဂ်မှာ ကစားနေရတာ ဖြစ်တဲ့အတွက် အသားမကျသေးတာကြောင့် အခုလို ရုန်းကန်နေရတာဖြစ်ပြီး အင်္ဂလန်မြေနဲ့ အသားကျဖို့ရာ လိုအပ်နေသေးတယ်လို့ Sky Sports နဲ့ အင်တာဗျူးမှာ ဆိုလာခဲ့ပါတယ်။

” ပရီးမီးယားလိဂ်ဟာ မတူညီတဲ့ လိဂ်ပြိုင်ပွဲတခု ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော် အခုရောက်နေတဲ့အသင်းကလည်း အရင်အသင်းတွေနဲ့ မတူပါဘူး။ နည်းပြလည်း မတူပါဘူး။ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်ဗျာ။ ” လို့ ပေပေက ပြောပါတယ်။

” အဲဒါတွေနဲ့ ကျွန်တော် အသားကျသွားဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော့်အနေနဲ့ လီလ်အသင်းမှာ ကစားခဲ့စဉ်တုန်းကနဲ့ တူညီတဲ့ ကစားသမား ဖြစ်နေစရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြားနားတဲ့လိဂ်ပြိုင်ပွဲတခုက ခြားနားတဲ့အသင်းတသင်းကို ရောက်နေခဲ့ပြီလေ။ ”

ပေပေက ” ဂါဘရီယဲလ်နဲ့လည်း သူ အသင်းကို ရောက်မလာခင်ကတည်းက အများကြီး စကားပြောဖြစ်ပါတယ်။ အာဆင်နယ်အသင်းဆီ သူ ပြောင်းရွှေ့ချင်နေတာဟာ စိတ်ကူးကောင်းတခု ဖြစ်ကြောင်းလည်း ထောက်ခံခဲ့ပါတယ်။ ”

” ကျွန်တော်တို့အသင်းက ခံစစ်ကစားသမားတဦး လိုအပ်နေခဲ့တာလေ။ သူ ရောက်လာခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ ကစားပြခဲ့တယ်။ ဒေးဗစ်လူးဝစ်ဇ်ကလည်း သူ့ကို စကားပြောခဲ့ပါတယ်။ သူက ပြင်သစ်နဲ့ ပေါ်တူဂီစကား ကောင်းကောင်း ကျွမ်းတော့ ဂါဘရီယဲလ်ကို စည်းရုံးနိုင်ခဲ့တယ်လေ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Sky Sports

Zawgyi
လက္ရွိအခ်ိန္အထိ တည္ၿငိမ္တဲ့ ေျခစြမ္းတခု မျပႏိုင္ေသးတဲ့ တိုက္စစ္ကစားသမား နီကိုလက္စ္ေပေပကေတာ့ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ အသားက်ဖို႔ လိုအပ္ေနေသးတယ္လို႔ ဖြင့္ဟဝန္ခံလာခဲ့ပါတယ္။

အိုက္ဗရီကို႔စ္သားဟာ အမ္းမရိတ္ေျမကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္တာေၾကာင့္ ပရိသတ္ေတြ ေမွ်ာ္လင့္အားကိုးခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ အားရစရာ ေျခစြမ္းမ်ိဳး မရွိေသးပါဘူး။

အဆုံးသတ္ေသခ်ာမႈေတြေၾကာင့္ သြင္းဂိုးေတြနဲ႔ ဖန္တီးမႈေတြ ရရွိေနေပမယ့္လည္း အသက္ (၂၅) ႏွစ္သားဟာ တဦးခ်င္းျဖတ္ေက်ာ္မႈေတြလည္း က်ဆင္းလာခဲ့သလို အသင္းကစားကြက္ပိုင္းနဲ႔လည္း လိုက္ေလ်ာညီေထြ ျဖစ္မေနတာက ေဝဖန္မႈေတြ ခံယူေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပေပကေတာ့ သူ႔အေနနဲ႔ မတူညီတဲ့ႏိုင္ငံနဲ႔ မတူညီတဲ့လိဂ္မွာ ကစားေနရတာ ျဖစ္တဲ့အတြက္ အသားမက်ေသးတာေၾကာင့္ အခုလို ႐ုန္းကန္ေနရတာျဖစ္ၿပီး အဂၤလန္ေျမနဲ႔ အသားက်ဖို႔ရာ လိုအပ္ေနေသးတယ္လို႔ Sky Sports နဲ႔ အင္တာဗ်ဴးမွာ ဆိုလာခဲ့ပါတယ္။

” ပရီးမီးယားလိဂ္ဟာ မတူညီတဲ့ လိဂ္ၿပိဳင္ပြဲတခု ျဖစ္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ အခုေရာက္ေနတဲ့အသင္းကလည္း အရင္အသင္းေတြနဲ႔ မတူပါဘူး။ နည္းျပလည္း မတူပါဘူး။ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ခဲ့တယ္ဗ်ာ။ ” လို႔ ေပေပက ေျပာပါတယ္။

” အဲဒါေတြနဲ႔ ကြၽန္ေတာ္ အသားက်သြားဖို႔ လိုအပ္ေနပါေသးတယ္။ ကြၽန္ေတာ့္အေနနဲ႔ လီလ္အသင္းမွာ ကစားခဲ့စဥ္တုန္းကနဲ႔ တူညီတဲ့ ကစားသမား ျဖစ္ေနစရာ မလိုဘူးလို႔ ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျခားနားတဲ့လိဂ္ၿပိဳင္ပြဲတခုက ျခားနားတဲ့အသင္းတသင္းကို ေရာက္ေနခဲ့ၿပီေလ။ ”

ေပေပက ” ဂါဘရီယဲလ္နဲ႔လည္း သူ အသင္းကို ေရာက္မလာခင္ကတည္းက အမ်ားႀကီး စကားေျပာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဆီ သူ ေျပာင္းေ႐ႊ႕ခ်င္ေနတာဟာ စိတ္ကူးေကာင္းတခု ျဖစ္ေၾကာင္းလည္း ေထာက္ခံခဲ့ပါတယ္။ ”

” ကြၽန္ေတာ္တို႔အသင္းက ခံစစ္ကစားသမားတဦး လိုအပ္ေနခဲ့တာေလ။ သူ ေရာက္လာခဲ့တယ္။ ယုံၾကည္မႈအျပည့္နဲ႔ ကစားျပခဲ့တယ္။ ေဒးဗစ္လူးဝစ္ဇ္ကလည္း သူ႔ကို စကားေျပာခဲ့ပါတယ္။ သူက ျပင္သစ္နဲ႔ ေပၚတူဂီစကား ေကာင္းေကာင္း ကြၽမ္းေတာ့ ဂါဘရီယဲလ္ကို စည္း႐ုံးႏိုင္ခဲ့တယ္ေလ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Sky Sports

By | 2020-11-07T10:40:34+00:00 November 7th, 2020|Player Talk|Comments Off on ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုအပ်နေသေးကြောင်း ဖွင့်ဟဝန်ခံလာတဲ့ ပေပေ
error: Content is protected !!