ပွဲတပွဲပြီးတိုင်း ကိုယ့်အရည်အချင်းကိုယ် ဆန်းစစ်တတ်ပြီး ကိုယ်ချစ်မြတ်နိုးရတဲ့အသင်းအတွက် ကစားပေးနေရတဲ့အတွက် ပျော်ရွှင်မိကြောင်း ဝေးလော့ခ် ဖွင့်ဟ

လူငယ်ကွင်းလယ်ကစားသမားလေး ဂျိုးလ်ဝေးလ်လော့ခ်ကတော့ သူ့အနေနဲ့ အရည်အသွေးပိုင်း ဒီထက်ပိုမိုတိုးတက်အောင် ကြိုးစားနေတယ်လို့ ဆိုခဲ့ပြီး ကိုယ်ချစ်မြတ်နိုးရတဲ့အသင်းအတွက် ကစားပေးခွင့်ရနေတဲ့အတွက်လည်း ပျော်ရွှင်မိတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

အသင်းဖော် သူငယ်ချင်းတွေဖြစ်ကြတဲ့ ဘူကာရိုဆာကာနဲ့ အိန်းစလေ မစ်လန်း-နိုင်းစ်တို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရနေတာကိုလည်း ဝေးလ်လော့ခ်က အားကျနေပြီး အဲဒီအတွက်လည်း ပွဲစဉ်တိုင်းကို အကောင်းဆုံး ကြိုးစားကစားနေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

” ပထမဆုံးအနေနဲ့ ပြောရရင် သူတို့ (ဆာကာနဲ့ မစ်လန်း-နိုင်းစ်) ဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြပါတယ်။ လက်ရွေးစင်အသင်းထဲမှာ သူတို့ပါသွားတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပျော်ရွှငမိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ ”

” ကျွန်တော်က အကယ်ဒမီမှာကတည်းက သူတို့နဲ့အတူ ကြီးပြင်းလာခဲ့တာ ဖြစ်တယ်လေ။ သူတို့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတဲ့ဆိုတာဟာ ဆုလာဘ်ကြီးတခုပါပဲ။ သူတို့လည်း လုပ်နိုင်ခဲ့ကြပြီဆိုတော့ ကျွန်တော်လည်း ပိုကြိုးစားရပါမယ်။ အဲဒီအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ။ ကျွန်တော့်နိုင်ငံအတွက် တောက်ပနိုင်ရမယ်။ ”

” ကျွန်တော် ဆက်လက်ကြိုးစားသွားမှာပါ။ ကျွန်တော့်အသက်က (၂၁) နှစ်၊ ကိုယ်ချစ်မြတ်နိုးရတဲ့အသင်းအတွက် ကစားခွင့်ရနေတယ်။ ကျွန်တော်က ဒီအသင်းကို ဘဝတလျှောက်လုံး အားပေးခဲ့တာဗျ။ ဒါကြောင့် ကျွန်တော် ပေါ့ပေါ့တန်တန် မနေပါဘူး။ အချိန်တိုင်းပဲ အမြဲကြိုးစားနေပါတယ်။ ကိုယ်သိလိုသမျှကိုလည်း ဘော့စ် (မီကေလ်အာတေတာ) ကို အမြဲမေးနေပါတယ်။ ”

ဝေးလ်လော့ခ်က ” ပွဲတိုင်းပွဲတိုင်းမှာလည်း ကိုယ့်အရည်အသွေးနဲ့ပတ်သက်လို့ အမြဲတမ်းမေးခွန်းထုတ်ပါတယ်။ ကျွန်တော်က စကားတွေ အများကြီး မပြောတတ်ဘဲ ကွင်းထဲမှာပဲ ကိုယ့်အရည်အသွေးကိုယ် ပြသချင်တဲ့သူမျိုး ဖြစ်ပါတယ်။ ကျွန်တော်က အမြဲတမ်းပဲ ယှဉ်ပြိုင်မှုတွေကို မြတ်နိုးပါတယ်။ ဘော့စ်နဲ့ စကားပြောတိုင်းလည်း အမြဲတမ်း အပေါင်းလက္ခဏာဆောင်ပါတယ်။ ”

” ပြီးတော့ အသင်းဖော်တွေဆီကနေလည်း အမြဲမပြတ် သင်ယူနေပါတယ်။ သူတို့နဲ့အတူ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်တယ်။ ပညာတွေယူတယ်။ အပြိုင်ကြိုးစားတယ်။ ဘော့စ်ကလည်း ကျွန်တော့်ကို အမြဲပံ့ပိုးပေးနေတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ သူကလည်း ကျွန်တော့်ကိုပြောပါတယ်။ မင်းသာ အကောင်းဆုံးဖြစ်နေရင် အခွင့်အရေးရမယ်တဲ့။ ကျွန်တော့်အနေနဲ့ အဲဒါကြောင့်ပဲ ကြိုးစားနေတာ ဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Arsenal Official

Zawgyi
လူငယ္ကြင္းလယ္ကစားသမားေလး ဂ်ိဳးလ္ေဝးလ္ေလာ့ခ္ကေတာ့ သူ႔အေနနဲ႔ အရည္အေသြးပိုင္း ဒီထက္ပိုမိုတိုးတက္ေအာင္ ႀကိဳးစားေနတယ္လို႔ ဆိုခဲ့ၿပီး ကိုယ္ခ်စ္ျမတ္ႏိုးရတဲ့အသင္းအတြက္ ကစားေပးခြင့္ရေနတဲ့အတြက္လည္း ေပ်ာ္႐ႊင္မိတယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။

အသင္းေဖာ္ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ဘူကာ႐ိုဆာကာနဲ႔ အိန္းစေလ မစ္လန္း-ႏိုင္းစ္တို႔ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ပါဝင္ခြင့္ရေနတာကိုလည္း ေဝးလ္ေလာ့ခ္က အားက်ေနၿပီး အဲဒီအတြက္လည္း ပြဲစဥ္တိုင္းကို အေကာင္းဆုံး ႀကိဳးစားကစားေနတာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

” ပထမဆုံးအေနနဲ႔ ေျပာရရင္ သူတို႔ (ဆာကာနဲ႔ မစ္လန္း-ႏိုင္းစ္) ဟာ ကြၽန္ေတာ့္ရဲ႕ သူငယ္ခ်င္းေကာင္းေတြ ျဖစ္ၾကပါတယ္။ လက္ေ႐ြးစင္အသင္းထဲမွာ သူတို႔ပါသြားတဲ့အတြက္ ကြၽန္ေတာ္ အရမ္းဝမ္းသာေပ်ာ္႐ႊငမိပါတယ္။ ဂုဏ္လည္း ဂုဏ္ယူမိပါတယ္။ ”

” ကြၽန္ေတာ္က အကယ္ဒမီမွာကတည္းက သူတို႔နဲ႔အတူ ႀကီးျပင္းလာခဲ့တာ ျဖစ္တယ္ေလ။ သူတို႔အတြက္ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ပါဝင္ခြင့္ရတဲ့ဆိုတာဟာ ဆုလာဘ္ႀကီးတခုပါပဲ။ သူတို႔လည္း လုပ္ႏိုင္ခဲ့ၾကၿပီဆိုေတာ့ ကြၽန္ေတာ္လည္း ပိုႀကိဳးစားရပါမယ္။ အဲဒီအတြက္ က်ားကုတ္က်ားခဲ ႀကိဳးစားေနပါတယ္။ ဒါဟာ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ပါပဲ။ ကြၽန္ေတာ့္ႏိုင္ငံအတြက္ ေတာက္ပႏိုင္ရမယ္။ ”

” ကြၽန္ေတာ္ ဆက္လက္ႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ့္အသက္က (၂၁) ႏွစ္၊ ကိုယ္ခ်စ္ျမတ္ႏိုးရတဲ့အသင္းအတြက္ ကစားခြင့္ရေနတယ္။ ကြၽန္ေတာ္က ဒီအသင္းကို ဘဝတေလွ်ာက္လုံး အားေပးခဲ့တာဗ်။ ဒါေၾကာင့္ ကြၽန္ေတာ္ ေပါ့ေပါ့တန္တန္ မေနပါဘူး။ အခ်ိန္တိုင္းပဲ အၿမဲႀကိဳးစားေနပါတယ္။ ကိုယ္သိလိုသမွ်ကိုလည္း ေဘာ့စ္ (မီေကလ္အာေတတာ) ကို အၿမဲေမးေနပါတယ္။ ”

ေဝးလ္ေလာ့ခ္က ” ပြဲတိုင္းပြဲတိုင္းမွာလည္း ကိုယ့္အရည္အေသြးနဲ႔ပတ္သက္လို႔ အၿမဲတမ္းေမးခြန္းထုတ္ပါတယ္။ ကြၽန္ေတာ္က စကားေတြ အမ်ားႀကီး မေျပာတတ္ဘဲ ကြင္းထဲမွာပဲ ကိုယ့္အရည္အေသြးကိုယ္ ျပသခ်င္တဲ့သူမ်ိဳး ျဖစ္ပါတယ္။ ကြၽန္ေတာ္က အၿမဲတမ္းပဲ ယွဥ္ၿပိဳင္မႈေတြကို ျမတ္ႏိုးပါတယ္။ ေဘာ့စ္နဲ႔ စကားေျပာတိုင္းလည္း အၿမဲတမ္း အေပါင္းလကၡဏာေဆာင္ပါတယ္။ ”

” ၿပီးေတာ့ အသင္းေဖာ္ေတြဆီကေနလည္း အၿမဲမျပတ္ သင္ယူေနပါတယ္။ သူတို႔နဲ႔အတူ ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္တယ္။ ပညာေတြယူတယ္။ အၿပိဳင္ႀကိဳးစားတယ္။ ေဘာ့စ္ကလည္း ကြၽန္ေတာ့္ကို အၿမဲပံ့ပိုးေပးေနတဲ့အတြက္ ေက်းဇူးတင္မိပါတယ္။ သူကလည္း ကြၽန္ေတာ့္ကိုေျပာပါတယ္။ မင္းသာ အေကာင္းဆုံးျဖစ္ေနရင္ အခြင့္အေရးရမယ္တဲ့။ ကြၽန္ေတာ့္အေနနဲ႔ အဲဒါေၾကာင့္ပဲ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Arsenal Official

By | 2020-11-05T15:48:27+00:00 November 5th, 2020|Player Talk|Comments Off on ပွဲတပွဲပြီးတိုင်း ကိုယ့်အရည်အချင်းကိုယ် ဆန်းစစ်တတ်ပြီး ကိုယ်ချစ်မြတ်နိုးရတဲ့အသင်းအတွက် ကစားပေးနေရတဲ့အတွက် ပျော်ရွှင်မိကြောင်း ဝေးလော့ခ် ဖွင့်ဟ
error: Content is protected !!