ခံယူချက်ကောင်းကောင်းနဲ့ ကစားခဲ့လို့ အနိုင်ရခဲ့တာဖြစ်ကြောင်း လီနိုပြောကြား

အိုးထရက်ဖို့ထ်ကွင်းမှာ ယနေ့ည လီနိုတစ်ယောက် အေးဆေးဖြတ်သန်းခဲ့သလိုမျိုး အခွင့်အရေး ဂိုးသမားအများစု ရခဲ့တာမဟုတ်ပါဘူး။

ယခုပွဲမှာ လီနိုဟာ အေးရာအေးကြောင်း ကစားနိုင်တယ်ဆိုတာ သူရှေ့က ခံစစ်ကစားသမားတွေရဲ့စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့်ဆိုလည်း မမှားပါဘူး။

လီနိုကတော့ ယခုရာသီ လေးပွဲမြောက် Clean sheet ရရှိအပြီးမှာ ကျေနပ်နေပါတယ်။

” ဇယားကိုကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက် ဒီညပွဲကို အနိုင်ရဖို့ ဘယ်လောက်အရေးကြီးလည်းဆိုတာ သိနိုင်ပါတယ်။ ထိပ်သီးခြောက်သင်းနဲ့ အဝေးကွင်းပွဲတွေမှာ မနိုင်တာ ကြာပြီလေ။ အိုးထရက်ဖို့ထ်မှာဆို ၁၄ နှစ်တောင် ရှိပြီထင်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။

အသင်းလိုက်ကစားပုံ ထိရောက်ပြီး တကယ်ကောင်းခဲ့တာပါ။ ကစားသမားတွေအကုန်လုံး ခြေစွမ်းပြခဲ့ပြီး အဓိကကတော့ အနိုင်ရဖို့လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ ကောင်းခဲ့လို့ပါ။ မန်ယူနိုက်တက်ဆို အခွင့်အရေးကောင်းကောင်းတောင် များများစားစား မဖန်တီးနိုင်ခဲ့ဘူးလေ။

နောက်ဆုံးတော့ အဲ့ဒါက အဓိကပါပဲ။ ကျစ်လစ်တဲ့ နောက်တန်းကစားပုံက ထိရောက်ခဲ့ပြီး ရလဒ်အပေါ် တော်တော်စကားပြောသွားတာပါ။ လွန်ခဲ့တဲ့ ၁-၂ နှစ်ကနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆို သိသိသာသာကြီးကို တိုးတက်လာတာ သတိထားမိမှာပါ။

ဒါပေမယ့် ခရီးက အရှည်ကြီးကျန်သေးပြီး ပိုပြီး ကြိုးစားရဦးမှာပါ။ ခြေစွမ်းကောင်းကို တစ်သမတ်တည်း ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီရာသီမှာ ရလဒ်ကောင်းတဲ့ပွဲတွေရှိသလို ပိုကောင်းအောင် ကစားသင့်နိုင်ပါလျက်နဲ့ အနိုင်မရခဲ့တဲ့ပွဲတွေလည်း ရှိနေပါတယ်။ ဒီအပိုင်းကို ပိုပြီး ကြိုးစားသွားမှာပါ။

ကျွန်တော်တို့ ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီရလဒ်မှာ ယစ်မူးမနေပဲ အသင်းရဲ့ ဦးတည်ရာကို သဘောပေါက်ပြီး အကောင်းဆုံး ဆက်လုပ်ပြနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Kenobi
Arsenal Myanmar
Ref: Arsenal Official

Zawgyi
အိုးထရက္ဖို႔ထ္ကြင္းမွာ ယေန႔ည လီႏိုတစ္ေယာက္ ေအးေဆးျဖတ္သန္းခဲ့သလိုမ်ိဳး အခြင့္အေရး ဂိုးသမားအမ်ားစု ရခဲ့တာမဟုတ္ပါဘူး။

ယခုပြဲမွာ လီႏိုဟာ ေအးရာေအးေၾကာင္း ကစားႏိုင္တယ္ဆိုတာ သူေရွ႕က ခံစစ္ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ ေကာင္းမြန္မႈေၾကာင့္ဆိုလည္း မမွားပါဘူး။

လီႏိုကေတာ့ ယခုရာသီ ေလးပြဲေျမာက္ Clean sheet ရရွိအၿပီးမွာ ေက်နပ္ေနပါတယ္။

” ဇယားကိုၾကည့္လိုက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔အတြက္ ဒီညပြဲကို အႏိုင္ရဖို႔ ဘယ္ေလာက္အေရးႀကီးလည္းဆိုတာ သိႏိုင္ပါတယ္။ ထိပ္သီးေျခာက္သင္းနဲ႔ အေဝးကြင္းပြဲေတြမွာ မႏိုင္တာ ၾကာၿပီေလ။ အိုးထရက္ဖို႔ထ္မွာဆို ၁၄ ႏွစ္ေတာင္ ရွိၿပီထင္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ လုပ္ႏိုင္ခဲ့ပါၿပီ။

အသင္းလိုက္ကစားပုံ ထိေရာက္ၿပီး တကယ္ေကာင္းခဲ့တာပါ။ ကစားသမားေတြအကုန္လုံး ေျခစြမ္းျပခဲ့ၿပီး အဓိကကေတာ့ အႏိုင္ရဖို႔လိုအပ္တဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာ ခံယူခ်က္ေတြ ေကာင္းခဲ့လို႔ပါ။ မန္ယူႏိုက္တက္ဆို အခြင့္အေရးေကာင္းေကာင္းေတာင္ မ်ားမ်ားစားစား မဖန္တီးႏိုင္ခဲ့ဘူးေလ။

ေနာက္ဆုံးေတာ့ အဲ့ဒါက အဓိကပါပဲ။ က်စ္လစ္တဲ့ ေနာက္တန္းကစားပုံက ထိေရာက္ခဲ့ၿပီး ရလဒ္အေပၚ ေတာ္ေတာ္စကားေျပာသြားတာပါ။ လြန္ခဲ့တဲ့ ၁-၂ ႏွစ္ကနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ဆို သိသိသာသာႀကီးကို တိုးတက္လာတာ သတိထားမိမွာပါ။

ဒါေပမယ့္ ခရီးက အရွည္ႀကီးက်န္ေသးၿပီး ပိုၿပီး ႀကိဳးစားရဦးမွာပါ။ ေျခစြမ္းေကာင္းကို တစ္သမတ္တည္း ထိန္းထားႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီရာသီမွာ ရလဒ္ေကာင္းတဲ့ပြဲေတြရွိသလို ပိုေကာင္းေအာင္ ကစားသင့္ႏိုင္ပါလ်က္နဲ႔ အႏိုင္မရခဲ့တဲ့ပြဲေတြလည္း ရွိေနပါတယ္။ ဒီအပိုင္းကို ပိုၿပီး ႀကိဳးစားသြားမွာပါ။

ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီရလဒ္မွာ ယစ္မူးမေနပဲ အသင္းရဲ႕ ဦးတည္ရာကို သေဘာေပါက္ၿပီး အေကာင္းဆုံး ဆက္လုပ္ျပႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္။

Kenobi
Arsenal Myanmar
Ref: Arsenal Official

By | 2020-11-02T06:00:41+00:00 November 2nd, 2020|Player Talk|Comments Off on ခံယူချက်ကောင်းကောင်းနဲ့ ကစားခဲ့လို့ အနိုင်ရခဲ့တာဖြစ်ကြောင်း လီနိုပြောကြား
error: Content is protected !!