“မီကေးလ်ရဲ့ ဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ကြတာပါ” – အူဘာမီယန်း
အူဘာမီယန်းကတော့ မန်ယူနိုက်တက်ကို အနိုင်ရရှိတဲ့ပွဲအပြီးမှာ အင်တာဗျူးဖြေကြားခဲ့ပါတယ်။
အူဘာသည် ယနေ့ညအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အိုးထရက်ဖို့ထ်ကွင်း၌ ပရီးမီးယားလိဂ်ပွဲများတွင် အနိုင်မရရှိခဲ့မှုအား အဆုံးသတ်ကာ အောင်ပွဲပြန်လည်ရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
မေး – ဒီနိုင်ပွဲက ဘယ်လောက် အရေးပါလဲ။
ဖြေ – အရမ်းအရေးပါတာပေါ့။ တကယ် ခက်ခဲခဲ့တဲ့ညပါ။ အသင်းအနေနဲ့ ကစားတာ အရမ်းကောင်းခဲ့လို့ တကယ်ဝမ်းသာမိပါတယ်။ ဒီကွင်းမှာ မနိုင်တာလည်း ကြာပြီမဟုတ်လား။ ဒီတော့ အရေးပါတဲ့ နိုင်ပွဲပါ။
မေး – ပွဲကို ထိန်းချုပ်ကစားသွားနိုင်မှုအပေါ်
ဖြေ – အတိအကျပါပဲ။ ပထမပိုင်းပြီးတော့ အခွင့်အရေးတွေ အသုံးမချနိုင်ဖြစ်ကာ ဂိုးမရသေးလို့ ကျွန်တော်တို့ စိတ်ပူမိခဲ့ကြသေးတယ်။ ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးရပြီးနောက်မှာတော့ တစ်သင်းလုံး အပေးအယူမျှတစွာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ တကယ်ကစားတာ ကောင်းခဲ့ပြီး အဲဒီအတွက် ပျော်မိပါတယ်။
မေး- ပင်နယ်တီမကန်ခင် ဘယ်လို ခံစားနေခဲ့ရလဲ။
ဖြေ – လေ့ကျင့်ရေးကွင်းမှာ လာကာနဲ့ ပင်နယ်တီကျင့်နေကျဆိုတော့ ယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်။
မေး – ဂါဘရီရယ်လ် နဲ့ ပါတေး တို့ ခြေစွမ်းပြနိုင်မှုအပေါ်
ဖြေ – ကျွန်တော် ပြောခဲ့သလိုပါပဲ။ တစ်သင်းလုံးကောင်းခဲ့ကြတာ။ အသင်းဖော်တွေအားလုံးအတွက် တကယ်ကျေနပ်မိတယ်။ တစ်ယောက်ဆီတိုင်းက အကောင်းဆုံး ကစားသွားနိုင်လို့လည်း ကျွန်တော်တို့ အနိုင်ရရှိခဲ့တာပါ။
မေး – ဒီညပွဲကနေ ယခု ရာသီအတွက် ယုံကြည်မှုတွေ ပိုရှိလာပြီလား။
ဖြေ – သိပ်သေချာတာပေါ့။ Trust the process လေ။ ဟိုးအစကတည်းက အသင်းရဲ့ သွားနေတဲ့ လမ်းကြောင်း ၊ စီမံကိန်းတွေကို ယုံကြည်ခဲ့ပြီးသားပါ။ မီကေးလ်က ကောင်းမွန်တဲ့အရာတွေကို ယူဆောင်လာသူဖြစ်ပြီး လူတိုင်းက သူ့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ အသင့်ပါပဲ။
Kenobi
Arsenal Myanmar
Ref: Arsenal Official
Zawgyi
Kenobi
Arsenal Myanmar
Ref: Arsenal Official
By | 2020-11-01T19:53:43+00:00 November 1st, 2020|Player Talk|Comments Off on “မီကေးလ်ရဲ့ ဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ကြတာပါ” – အူဘာမီယန်း
error: Content is protected !!