ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း အာတေတာ ဖွင့်ဟ

နည်းပြအာတေတာကတော့ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ အသင်းတည်ဆောက်နေချိန်မှာ ပရိသတ်တွေကို လွမ်းဆွတ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ အဆင့် (၄) အတွင်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသလို ယူရိုပါလိဂ်၊ ခါရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့မှာလည်း အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

သုံးလေးရက်တပွဲကစားနေရချိန်မှာ ဒဏ်ရာပြဿနာတွေ၊ ပွဲပယ်ပြဿနာတွေနဲ့ အခြားမမျှော်လင့်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံလာနိုင်ပေမယ့်လည်း အာတေတာကတော့ သူ့အသင်းကို အကောင်းဆုံး ပြင်ဆင်နေတယ်လို့ ဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

” ဆုဖလားတွေအကြောင်း ဖြေဖို့ကတော့ ခက်ခဲတဲ့မေးခွန်းတခု ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအားလုံးမှာ အလှည့်ကျလူစာရင်းကို ပွဲထုတ်နေရတယ်။ လူစာရင်းအရတော့ ကောင်းကောင်းယှဉ်ပြိုင်လို့ရတဲ့ ကစားသမားအရေအတွက် ရှိနေတယ်လို့လည်း ထင်ပါတယ်။ သုံးလေးရက်တပွဲကစားနေရချိန်မှာက ဒဏ်ရာတွေ၊ ပွဲပယ်တွေနဲ့ ရင်ဆိုင်ရပြီး အခြေအနေတွေက ရှုပ်ထွေးလာတတ်တယ်လေ။ ”

” ဒီတော့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားရတယ်။ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့က ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်ပါတယ်။ ရာသီဆုံးချိန်အထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်လို့ပဲ ယုံကြည်ပါတယ်။ ”

” အောင်မြင်မှုရဖို့အတွက်က ကျွန်တော် တယောက်တည်းနဲ့တင်မဟုတ်ဘူး၊ ကစားသမားတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သူတို့အနေနဲ့ ကွင်းထဲမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲ၊ စိတ်ဆန္ဒတွေ ပြင်းပြနေကြသလဲဆိုနဲ့ပတ်သက်လို့ပေါ့။ ကျွန်တော်က ဒီကိုရောက်လာတာဟာ ကလပ်အသင်းကို အကောင်းဆုံး ဖြစ်စေလိုတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရောက်လာတာ ဖြစ်ပါတယ်။ ”

” ကစားသမားတွေကို ယုံကြည်မှုတွေပေးမယ်။ ကျွန်တော် ယုံကြည်တဲ့ ကစားဟန်တခုနဲ့ အသားကျသွားအောင် ကြိုးစားတယ်။ အတူတကွ တိုက်ပွဲဝင်တယ်။ ဒါဟာ ပရော်ဖက်ရှင်နယ်ပါပဲ။ ကျွန်တော့်အနေနဲ့ ကလပ်အသင်းကို အကောင်းဆုံး ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေကိုပဲ ရွေးချယ်ဆောင်ရွက်နေပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီအချိန်မှာ ပရိသတ်တွေကို လွမ်းမိတာပါပဲ။ ”

အာတေတာက ” အသင်းတည်ဆောက်နေချိန်မှာ သူတို့ကို အတူရှိစေချင်တယ်။ သူ့တို့ရဲ့ ခံစားချက်တွေ၊ ဆန္ဒပြင်းပြမှုတွေကို အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်စေချင်တယ်။ ဒါပေမယ့်လည်း အခြေအနေတွေရ သူတို့အနေနဲ့ အိမ်မှာပဲထိုင်ပြီး အားပေးနေရတယ်။ စိတ်ပိုင်းဆိုင်ရာအရ အများကြီး ခံစားရတဲ့ ဒီနေ့ကာလမှာ သူတို့ကို ပျော်ရွှင်မှုတွေပဲ ပေးချင်ပါတယ်။ ”

” ကျွန်တော်တို့ကြောင့် သူတို့ ပျော်ရတယ်ဆိုရင် အဲဒါကိုရဖို့ ဘာမဆို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံးပုံစံကို ပေးဆပ်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကို ကျွန်တော် ပြောလိုတာတခုကတော့ ကျွန်တော်တို့အသင်း အကောင်းဆုံးပုံစံရအောင်လို့ ကြိုးစားသွားပါမယ်။ ပွဲတပွဲ ဒါမှဟုတ် ဘာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသသွားနိုင်အောင် ကြိုးစားသွားပါမယ် ဆိုတာပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Arsenal Official

Zawgyi
နည္းျပအာေတတာကေတာ့ လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ ၿပိဳင္ပြဲအားလုံးမွာ အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႀကိဳးစားေနေၾကာင္းနဲ႔ အသင္းတည္ေဆာက္ေနခ်ိန္မွာ ပရိသတ္ေတြကို လြမ္းဆြတ္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္မွာ အဆင့္ (၄) အတြင္း ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးစားေနသလို ယူ႐ိုပါလိဂ္၊ ခါရာေဘာင္ဖလားနဲ႔ အက္ဖ္ေအဖလားတို႔မွာလည္း အေကာင္းဆုံး ယွဥ္ၿပိဳင္သြားဖို႔ ရွိေနပါတယ္။

သုံးေလးရက္တပြဲကစားေနရခ်ိန္မွာ ဒဏ္ရာျပႆနာေတြ၊ ပြဲပယ္ျပႆနာေတြနဲ႔ အျခားမေမွ်ာ္လင့္ထားတဲ့ အခက္အခဲေတြနဲ႔ ႀကဳံလာႏိုင္ေပမယ့္လည္း အာေတတာကေတာ့ သူ႔အသင္းကို အေကာင္းဆုံး ျပင္ဆင္ေနတယ္လို႔ ဆိုလာခဲ့တာလည္း ျဖစ္ပါတယ္။

” ဆုဖလားေတြအေၾကာင္း ေျဖဖို႔ကေတာ့ ခက္ခဲတဲ့ေမးခြန္းတခု ျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ၿပိဳင္ပြဲအားလုံးမွာ အလွည့္က်လူစာရင္းကို ပြဲထုတ္ေနရတယ္။ လူစာရင္းအရေတာ့ ေကာင္းေကာင္းယွဥ္ၿပိဳင္လို႔ရတဲ့ ကစားသမားအေရအတြက္ ရွိေနတယ္လို႔လည္း ထင္ပါတယ္။ သုံးေလးရက္တပြဲကစားေနရခ်ိန္မွာက ဒဏ္ရာေတြ၊ ပြဲပယ္ေတြနဲ႔ ရင္ဆိုင္ရၿပီး အေျခအေနေတြက ရႈပ္ေထြးလာတတ္တယ္ေလ။ ”

” ဒီေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံး ျပင္ဆင္ထားရတယ္။ ၿပိဳင္ပြဲတိုင္းမွာ အေကာင္းဆုံး ယွဥ္ၿပိဳင္သြားဖို႔က ကြၽန္ေတာ္တို႔ ရည္မွန္းခ်က္ ျဖစ္ပါတယ္။ ရာသီဆုံးခ်ိန္အထိ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္သလဲဆိုတဲ့အေပၚမူတည္ၿပီး အေျခအေနေတြ ေျပာင္းလဲသြားလိမ့္မယ္လို႔ပဲ ယုံၾကည္ပါတယ္။ ”

” ေအာင္ျမင္မႈရဖို႔အတြက္က ကြၽန္ေတာ္ တေယာက္တည္းနဲ႔တင္မဟုတ္ဘူး၊ ကစားသမားေတြနဲ႔လည္း သက္ဆိုင္ပါတယ္။ သူတို႔အေနနဲ႔ ကြင္းထဲမွာ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္သလဲ၊ စိတ္ဆႏၵေတြ ျပင္းျပေနၾကသလဲဆိုနဲ႔ပတ္သက္လို႔ေပါ့။ ကြၽန္ေတာ္က ဒီကိုေရာက္လာတာဟာ ကလပ္အသင္းကို အေကာင္းဆုံး ျဖစ္ေစလိုတဲ့ အစိတ္အပိုင္းတခုအေနနဲ႔ ေရာက္လာတာ ျဖစ္ပါတယ္။ ”

” ကစားသမားေတြကို ယုံၾကည္မႈေတြေပးမယ္။ ကြၽန္ေတာ္ ယုံၾကည္တဲ့ ကစားဟန္တခုနဲ႔ အသားက်သြားေအာင္ ႀကိဳးစားတယ္။ အတူတကြ တိုက္ပြဲဝင္တယ္။ ဒါဟာ ပေရာ္ဖက္ရွင္နယ္ပါပဲ။ ကြၽန္ေတာ့္အေနနဲ႔ ကလပ္အသင္းကို အေကာင္းဆုံး ျဖစ္ေစႏိုင္တဲ့ နည္းလမ္းေတြကိုပဲ ေ႐ြးခ်ယ္ေဆာင္႐ြက္ေနပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ဒီအခ်ိန္မွာ ပရိသတ္ေတြကို လြမ္းမိတာပါပဲ။ ”

အာေတတာက ” အသင္းတည္ေဆာက္ေနခ်ိန္မွာ သူတို႔ကို အတူရွိေစခ်င္တယ္။ သူ႔တို႔ရဲ႕ ခံစားခ်က္ေတြ၊ ဆႏၵျပင္းျပမႈေတြကို အစိတ္အပိုင္းတရပ္အေနနဲ႔ ပါဝင္ေစခ်င္တယ္။ ဒါေပမယ့္လည္း အေျခအေနေတြရ သူတို႔အေနနဲ႔ အိမ္မွာပဲထိုင္ၿပီး အားေပးေနရတယ္။ စိတ္ပိုင္းဆိုင္ရာအရ အမ်ားႀကီး ခံစားရတဲ့ ဒီေန႔ကာလမွာ သူတို႔ကို ေပ်ာ္႐ႊင္မႈေတြပဲ ေပးခ်င္ပါတယ္။ ”

” ကြၽန္ေတာ္တို႔ေၾကာင့္ သူတို႔ ေပ်ာ္ရတယ္ဆိုရင္ အဲဒါကိုရဖို႔ ဘာမဆို ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ အေကာင္းဆုံးပုံစံကို ေပးဆပ္ၿပီး ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။ ပရိသတ္ေတြကို ကြၽန္ေတာ္ ေျပာလိုတာတခုကေတာ့ ကြၽန္ေတာ္တို႔အသင္း အေကာင္းဆုံးပုံစံရေအာင္လို႔ ႀကိဳးစားသြားပါမယ္။ ပြဲတပြဲ ဒါမွဟုတ္ ဘာပဲျဖစ္ျဖစ္ တည္ၿငိမ္တဲ့ ေျခစြမ္းေတြ ျပသသြားႏိုင္ေအာင္ ႀကိဳးစားသြားပါမယ္ ဆိုတာပါပဲ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : Arsenal Official

By | 2020-11-05T10:44:05+00:00 November 5th, 2020|Manager Talk|Comments Off on ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း အာတေတာ ဖွင့်ဟ
error: Content is protected !!