မနေ့ညကနိုင်ပွဲ၊ ချာကာ၊ ဂျိုးဝေးလ်လော့ခ်၊ ဘာလိုဂန်တို့နဲ့ပတ်သက်လို့ နည်းပြအာတေတာရဲ့ စကားသံများ

နိုင်ပွဲတပွဲကို ပုံဖော်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး

ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကို အရမ်းကျေနပ်မိပါတယ်။ လွယ်ကူမယ့်ပွဲတပွဲလို့ ကိုယ်က ခံစားနေရပြီဆိုရင် ဒါမျိုးက အမြဲအန္တရာယ်ရှိပါတယ်။ အဲဒီနောက်မှာတော့ အမှားတွေကျူးလွန်မိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒန်းဒက်ခ်နဲ့ပွဲမှာတော့ ကျွန်တော်တို့ဟာ ပွဲစကတည်းက အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ ပြိုင်ဘက်ကလည်း ခံစစ်ကို အထိုင်ချကစားမယ်ဆိုတာ ကျွန်တော်တို့ သိထားနှင့်ခဲ့ပြီး ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ခဲ့ကြပါတယ်။

ရက်ပစ်ဒ်ဗီယင်နာနဲ့ပွဲက စွမ်းဆောင်ရည်ထက် ပိုကောင်းခဲ့တယ် ထင်ပါတယ်။ ကျွန်တော်တို့တွေ တိုက်စစ်ကို ထိထိရောက်ရောက် ကစးနိုင်ခဲ့ကြပါတယ်။ ပြိုင်ဘက်ဧရိယာထဲကို ပေးပို့မှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့တယ်။ ဂိုးရသင့်တဲ့အချိန်မှာ ရအောင် ယူနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ အခြေအနေတွေကို ကျွန်တော်တို့ အကောင်းဆုံး ထိန်းချုပ်သွားနိုင်တော့တာပါပဲ။

ခြုံပြောရရင်တော့ ပွဲကစားခွင့်သိပ်မရတဲ့ ကစားသမားတွေကို အခွင့်အရေး ပေးနိုင်ခဲ့တယ်။ ဒါက အပေါင်းလက္ခဏာတခုပါ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဒီပွဲအတွက် ဘယ်လောက်အထိ ပြင်ဆင်ထားခဲ့သလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ အသင်းအတွက် လိုအပ်တဲ့အချိန်တိုင်းမှာ အသင့်ရှိကြောင်း သူတို့ ပြသနိုင်ခဲ့ပါတယ်။

အဓိက ကစားသမားအများစုကို အနားပေးခဲ့တာနဲ့ပတ်သက်ပြီး

ကျွန်တော်တို့အားလုံး ပါဝင်ခဲ့ကြတာလို့ပဲ ပြောချင်ပါတယ်။ ဒီလိုပွဲမျိုးက ရလဒ်ကောင်းတွေရဖို့ လိုအပ်နေတာ သိပေမယ့် လာမဲ့ပွဲတွေကလည်း အများကြီး ရှိနေသေးတာလေ။ ဒီပွဲမှာ သူတို့အနေနဲ့ ကစားခွင့်နဲ့ မထိုက်တန်ခဲ့တာမျိုး မဟုတ်ပါဘူး။ ကစားခွင့်မရသေးတဲ့သူတွေကို အခွင့်အရေးပေးချင်တာကြောင့်သာ အနားပေးခဲ့တာ ဖြစ်ပါတယ်။ အခွင့်အရေးရခဲ့တဲ့ ကစားသမားတွေကလည်း အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြတယ်လေ။ အခုတော့ အိုးထရက်ဖို့ဒ်ပွဲအတွက် ပြင်ဆင်ချိန်ကျပြီပေါ့။

ချာကာကို ဗဟိုနောက်ခံလူနေရာမှာ အသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး

အဲဒီနေရာက ကစားသမားတဦး၊ နှစ်ဦးလောက်ကို ကျွန်တော်တို့ အနားပေးချင်ခဲ့တယ်။ ဒါကြောင့် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ သေချာပြင်ဆင်ထားခဲ့ပြီး နေရာချထားပေးခဲ့တာပါ။ တခါတလေမှာတော့ ပွဲအတွင်းမှာ ယုံကြည်မှုအပြည့်၊ ခံစားချက်အပြည့်နဲ့ ကစားနိုင်ဖို့လည်း လိုအပ်တာပေါ့လေ။ ဒါကို ချာကာက အကောင်းဆုံး လုပ်ပြသွားခဲ့ပါတယ်။ ဒန်းဒက်ခ်နဲ့ပွဲမှာ ခံစစ်အတွက် တာဝန်ယူခဲ့ကြတဲ့ ကစားသမားတွေအားလုံး ကောင်းကြတယ်။ ပေးဂိုးမဲ့ နိုင်ပွဲတပွဲ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတွေလည်း မြင့်တက်လာပါတယ်။

ဘာလိုဂန်ကို အခွင့်အရေးပေးခဲ့တာနဲ့ပတ်သက်ပြီး

ဒီကစားသမားလေးဟာ ကျွန်တော် တကယ်ကြိုက်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ကျွန်တော်က ဒီကို မကြာသေးမီကမှ ရောက်လာခဲ့တာကြောင့် သူ့ရဲ့ အခြေအနေအသေးစိတ်ကို အတော်လေး ကြာမှာ သိခွင့်ရခဲ့တယ်။ ဒါပေမယ့်လည်း အခုချိန်မှာ သေချာပေါက် ပြောနိုင်တာက သူဟာ ကျွန်တော် အခွင့်အရေးပေးချင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ပွဲ လူစာရင်းထဲမှာ ပါဝင်လာခဲ့တာပေါ့။ ကျွန်တော်တို့ သူ့ကို ယုံကြည်ထားတယ်။ သူသာ ဆန္ဒရှိမယ်ဆိုရင် အာဆင်နယ်ရဲ့ အနာဂတ်ကြယ်တပွင့် ဖြစ်လာနိုင်ပါတယ်။

ဂျိုးဝေးလ်လော့ခ်ရဲ့ ခြေစွမ်း

ဂျိုးလ်နဲ့ ရီးစ်တို့ကတော့ အရမ်းကောင်းခဲ့ပါတယ်။ အချိန်တိုင်းမှာ ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်ခဲ့တယ်။ ပွဲချိန်အတွင်းမှာ တခုခု အပြောင်းအလဲတွေ ယူဆောင်ပေးလာနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဧရိယာနားတဝိုက်မှာ ကောင်းကောင်းလှုပ်ရှားခဲ့ကြတယ်။ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်။ နှစ်ဦးစလုံးခြေစွမ်းကို ကျွန်တော် ကျေနပ်ပါတယ်။

Ref : Arsenal Official

Zawgyi
ႏိုင္ပြဲတပြဲကို ပုံေဖာ္ႏိုင္ခဲ့တဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး

ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ပုံစံကို အရမ္းေက်နပ္မိပါတယ္။ လြယ္ကူမယ့္ပြဲတပြဲလို႔ ကိုယ္က ခံစားေနရၿပီဆိုရင္ ဒါမ်ိဳးက အၿမဲအႏၲရာယ္ရွိပါတယ္။ အဲဒီေနာက္မွာေတာ့ အမွားေတြက်ဴးလြန္မိတာမ်ိဳးေတြ ရွိလာႏိုင္ပါတယ္။ ဒန္းဒက္ခ္နဲ႔ပြဲမွာေတာ့ ကြၽန္ေတာ္တို႔ဟာ ပြဲစကတည္းက အေကာင္းဆုံး ႀကိဳးစားခဲ့ၾကတယ္။ ၿပိဳင္ဘက္ကလည္း ခံစစ္ကို အထိုင္ခ်ကစားမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိထားႏွင့္ခဲ့ၿပီး ကိုယ္လုပ္စရာရွိတာကိုပဲ လုပ္ခဲ့ၾကပါတယ္။

ရက္ပစ္ဒ္ဗီယင္နာနဲ႔ပြဲက စြမ္းေဆာင္ရည္ထက္ ပိုေကာင္းခဲ့တယ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ေတြ တိုက္စစ္ကို ထိထိေရာက္ေရာက္ ကစးႏိုင္ခဲ့ၾကပါတယ္။ ၿပိဳင္ဘက္ဧရိယာထဲကို ေပးပို႔မႈေတြ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့တယ္။ ဂိုးရသင့္တဲ့အခ်ိန္မွာ ရေအာင္ ယူႏိုင္ခဲ့တယ္။ အဲဒီေနာက္မွာေတာ့ အေျခအေနေတြကို ကြၽန္ေတာ္တို႔ အေကာင္းဆုံး ထိန္းခ်ဳပ္သြားႏိုင္ေတာ့တာပါပဲ။

ၿခဳံေျပာရရင္ေတာ့ ပြဲကစားခြင့္သိပ္မရတဲ့ ကစားသမားေတြကို အခြင့္အေရး ေပးႏိုင္ခဲ့တယ္။ ဒါက အေပါင္းလကၡဏာတခုပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြဟာ ဒီပြဲအတြက္ ဘယ္ေလာက္အထိ ျပင္ဆင္ထားခဲ့သလဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ အသင္းအတြက္ လိုအပ္တဲ့အခ်ိန္တိုင္းမွာ အသင့္ရွိေၾကာင္း သူတို႔ ျပသႏိုင္ခဲ့ပါတယ္။

အဓိက ကစားသမားအမ်ားစုကို အနားေပးခဲ့တာနဲ႔ပတ္သက္ၿပီး

ကြၽန္ေတာ္တို႔အားလုံး ပါဝင္ခဲ့ၾကတာလို႔ပဲ ေျပာခ်င္ပါတယ္။ ဒီလိုပြဲမ်ိဳးက ရလဒ္ေကာင္းေတြရဖို႔ လိုအပ္ေနတာ သိေပမယ့္ လာမဲ့ပြဲေတြကလည္း အမ်ားႀကီး ရွိေနေသးတာေလ။ ဒီပြဲမွာ သူတို႔အေနနဲ႔ ကစားခြင့္နဲ႔ မထိုက္တန္ခဲ့တာမ်ိဳး မဟုတ္ပါဘူး။ ကစားခြင့္မရေသးတဲ့သူေတြကို အခြင့္အေရးေပးခ်င္တာေၾကာင့္သာ အနားေပးခဲ့တာ ျဖစ္ပါတယ္။ အခြင့္အေရးရခဲ့တဲ့ ကစားသမားေတြကလည္း အေကာင္းဆုံး လုပ္ျပႏိုင္ခဲ့ၾကတယ္ေလ။ အခုေတာ့ အိုးထရက္ဖို႔ဒ္ပြဲအတြက္ ျပင္ဆင္ခ်ိန္က်ၿပီေပါ့။

ခ်ာကာကို ဗဟိုေနာက္ခံလူေနရာမွာ အသုံးျပဳခဲ့တာနဲ႔ပတ္သက္ၿပီး

အဲဒီေနရာက ကစားသမားတဦး၊ ႏွစ္ဦးေလာက္ကို ကြၽန္ေတာ္တို႔ အနားေပးခ်င္ခဲ့တယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ေသခ်ာျပင္ဆင္ထားခဲ့ၿပီး ေနရာခ်ထားေပးခဲ့တာပါ။ တခါတေလမွာေတာ့ ပြဲအတြင္းမွာ ယုံၾကည္မႈအျပည့္၊ ခံစားခ်က္အျပည့္နဲ႔ ကစားႏိုင္ဖို႔လည္း လိုအပ္တာေပါ့ေလ။ ဒါကို ခ်ာကာက အေကာင္းဆုံး လုပ္ျပသြားခဲ့ပါတယ္။ ဒန္းဒက္ခ္နဲ႔ပြဲမွာ ခံစစ္အတြက္ တာဝန္ယူခဲ့ၾကတဲ့ ကစားသမားေတြအားလုံး ေကာင္းၾကတယ္။ ေပးဂိုးမဲ့ ႏိုင္ပြဲတပြဲ ရယူႏိုင္ခဲ့ၿပီး ယုံၾကည္မႈေတြလည္း ျမင့္တက္လာပါတယ္။

ဘာလိုဂန္ကို အခြင့္အေရးေပးခဲ့တာနဲ႔ပတ္သက္ၿပီး

ဒီကစားသမားေလးဟာ ကြၽန္ေတာ္ တကယ္ႀကိဳက္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ ကြၽန္ေတာ္က ဒီကို မၾကာေသးမီကမွ ေရာက္လာခဲ့တာေၾကာင့္ သူ႔ရဲ႕ အေျခအေနအေသးစိတ္ကို အေတာ္ေလး ၾကာမွာ သိခြင့္ရခဲ့တယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာ ေသခ်ာေပါက္ ေျပာႏိုင္တာက သူဟာ ကြၽန္ေတာ္ အခြင့္အေရးေပးခ်င္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီေန႔ပြဲ လူစာရင္းထဲမွာ ပါဝင္လာခဲ့တာေပါ့။ ကြၽန္ေတာ္တို႔ သူ႔ကို ယုံၾကည္ထားတယ္။ သူသာ ဆႏၵရွိမယ္ဆိုရင္ အာဆင္နယ္ရဲ႕ အနာဂတ္ၾကယ္တပြင့္ ျဖစ္လာႏိုင္ပါတယ္။

ဂ်ိဳးေဝးလ္ေလာ့ခ္ရဲ႕ ေျခစြမ္း

ဂ်ိဳးလ္နဲ႔ ရီးစ္တို႔ကေတာ့ အရမ္းေကာင္းခဲ့ပါတယ္။ အခ်ိန္တိုင္းမွာ ၿပိဳင္ဘက္ကို အႏၲရာယ္ေပးႏိုင္ခဲ့တယ္။ ပြဲခ်ိန္အတြင္းမွာ တခုခု အေျပာင္းအလဲေတြ ယူေဆာင္ေပးလာႏိုင္တယ္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ ဧရိယာနားတဝိုက္မွာ ေကာင္းေကာင္းလႈပ္ရွားခဲ့ၾကတယ္။ ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္။ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ခဲ့တယ္။ ႏွစ္ဦးစလုံးေျခစြမ္းကို ကြၽန္ေတာ္ ေက်နပ္ပါတယ္။

Ref : Arsenal Official

By | 2020-10-30T11:16:52+00:00 October 30th, 2020|Manager Talk|Comments Off on မနေ့ညကနိုင်ပွဲ၊ ချာကာ၊ ဂျိုးဝေးလ်လော့ခ်၊ ဘာလိုဂန်တို့နဲ့ပတ်သက်လို့ နည်းပြအာတေတာရဲ့ စကားသံများ
error: Content is protected !!