Gunnersaurus လေး အမ်းမရိတ်ကို ပြန်လာခဲ့ပြီဖြစ်ပေမယ့် အရုပ်ထဲကသူက ဘယ်သူလဲ … ?

By | 2020-11-17T03:50:53+00:00 November 17th, 2020|Team News|

အာဆင်နယ်အသင်းဟာ အသင်းရဲ့ လာဘ်ကောင်အရုပ်လေး Gunnersaurus အမ်းမရိတ်မြေကို ပြန်လာခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ တရားဝင်ကြေညာခဲ့ပါတယ်။ ဘဏ္ဍာရေးအခြေအနေတွေကြောင့် အာဆင်နယ်အသင်း ဝန်ထမ်းတွေ လျှော့ချခဲ့တဲ့အထဲမှာ Gunnersaurus အဖြစ် ကာလရှည်ကိုယ်စားပြုခဲ့သူ ဂျယ်ရီကိုင်းကလည်း ပါဝင်သွားခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ဒါဟာ ခေတ္တခဏသာ အနားပေးခဲ့တာဖြစ်ပြီး [...]

Comments Off on Gunnersaurus လေး အမ်းမရိတ်ကို ပြန်လာခဲ့ပြီဖြစ်ပေမယ့် အရုပ်ထဲကသူက ဘယ်သူလဲ … ?

ပါတေးကြောင့် ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်ဖို့ ရွေးချယ်စရာများသွားတဲ့အကြောင်း ဆိုလာတဲ့ ကမ်းဘဲလ်

By | 2020-11-16T12:43:18+00:00 November 16th, 2020|Critic Talk|

ပါတေးကို ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ဈေးကွက်မှာ အရခေါ်ယူနိုင်ခဲ့တာက အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ ရွေးချယ်စရာ များသွားခဲ့ကြောင်း တိုက်စစ်မှူးဟောင်းကြီး ကယ်ဗင်ကမ်းဘဲလ်က သုံးသပ်လာခဲ့ပါတယ်။ ဂန်းနားတို့ဟာ အသက် (၂၇) နှစ်သားကို အက်သလက်တီကိုမက်ဒရစ်အသင်းဆီကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၄၅) သန်း ပေးချေခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြအာတေတာအနေနဲ့လည်း သူ့စိတ်ကြိုက်ကစားသမားကို ရခဲ့တယ်လို့ ဆိုရမှာ [...]

Comments Off on ပါတေးကြောင့် ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်ဖို့ ရွေးချယ်စရာများသွားတဲ့အကြောင်း ဆိုလာတဲ့ ကမ်းဘဲလ်

မူစတာဖီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

By | 2020-11-15T15:53:57+00:00 November 15th, 2020|Transfer News|

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ရှကိုဒရန်မူစတာဖီကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ ဒီဘက်နှစ်ပိုင်းတွေအတွင်း ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နည်းပြအာတေတာလက်အောက်မှာတော့ ပုံစံကောင်းတခုကို ပြသနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါဘရီယဲလ်မာဂါလွိုင်စ် ရောက်ရှိလာမှုအပြင် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီရာသီမှာ [...]

Comments Off on မူစတာဖီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း အဆင့်ရပ်တည်မှုရဲ့ (၁၃) နေရာမှာ ရှိနေတဲ့ အာဆင်နယ်

By | 2020-11-14T15:04:30+00:00 November 14th, 2020|Team News|

Transfermarkt ရဲ့ ‌‌ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် (၁၃) နေရာမှာ ရပ်တည်နေခဲ့တာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ဂန်းနားတို့ရဲ့ ကစားသမားစုစုပေါင်းတန်ဖိုးဟာ ပေါင် (၅၆၈.၇၆) သန်း ဖြစ်ပြီး လီဗာပူးလ် (၉၇၃.၃၅ သန်း) ၊ မန်စီးတီး (၉၇၁.၆၄ [...]

Comments Off on ကမ္ဘာ့ဈေးအကြီးဆုံး လူစာရင်း အဆင့်ရပ်တည်မှုရဲ့ (၁၃) နေရာမှာ ရှိနေတဲ့ အာဆင်နယ်

မတ်တီရိုဂွမ်ဒူဇီရဲ့ အာဆင်နယ်ကစားသမားဘဝက အဆုံးသတ်သွားပြီဖြစ်ကြောင်း ကယ်ဗင်ကမ်းဘဲလ် မှတ်ချက်ပြု

By | 2020-11-14T12:55:40+00:00 November 14th, 2020|Critic Talk|

စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိခဲ့တဲ့ ကွင်းလယ်ကစားသမားလေး မတ်တီရိုဂွမ်ဒူဇီရဲ့ အာဆင်နယ်ကစားသမားဘဝဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်တယ်လို့ ဂန်းနားတိုက်စစ်မှူးဟောင်းကြီး ကယ်ဗင်ကမ်းဘဲလ်က မှတ်ချက်ပြုလာခဲ့ပါတယ်။ အသက် (၂၁) နှစ်သားလေးဟာ နည်းပြဟောင်း အူနိုင်းအမ်မရီလက်အောက်မှာ တောက်ပလာခဲ့သလို နည်းပြအာတေတာလက်ထက်မှာလည်း ကနဦးအစနေ့ရက်တွေမှာ အခွင့်အရေးရခဲ့ကာ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လေ့ကျင့်ရေးကွင်းမှာ စည်းကမ်းပိုင်းအားနည်းချက်တွေ ရှိခဲ့တဲ့အပြင် [...]

Comments Off on မတ်တီရိုဂွမ်ဒူဇီရဲ့ အာဆင်နယ်ကစားသမားဘဝက အဆုံးသတ်သွားပြီဖြစ်ကြောင်း ကယ်ဗင်ကမ်းဘဲလ် မှတ်ချက်ပြု

နည်းပြအာတေတာ ရုန်းကန်နေရမှုနဲ့ မော်ဒန်ဘောလုံးနည်းပြတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို သုံးသပ်လာတဲ့ ဖာဘရီဂတ်စ်

By | 2020-11-14T11:24:52+00:00 November 14th, 2020|Critic Talk|

အာဆင်နယ်နည်းပြ မီကေလ်အာတေတာအနေနဲ့ လက်ရှိအချိန်မှာ ရလဒ် မတည်မငြိမ်မှုတွေနဲ့အတူ ရုန်းကန်နေရပေမယ့် အကူးအပြောင်းကာလတခုဖြစ်တာကြောင့် အချိန်တခု ပေးရမှာဖြစ်ကြောင်း ဂန်းနားဟောင်း ဆက်ဖာဘရီဂတ်စ်က သုံးသပ်လာပါတယ်။ စပိန်သားဟာ ပြီးခဲ့တဲ့ရာသီဝက်ကာလမှာမှ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း ထိရောက်တဲ့ အပြောင်းအလဲတွေနဲ့အတူ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ရလဒ်ကောင်းတွေ [...]

Comments Off on နည်းပြအာတေတာ ရုန်းကန်နေရမှုနဲ့ မော်ဒန်ဘောလုံးနည်းပြတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို သုံးသပ်လာတဲ့ ဖာဘရီဂတ်စ်
Load More Posts
error: Content is protected !!