ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေ၊ အသင်းအခြေအနေနဲ့ နိုင်ငံတကာပွဲရက်တွေအကြောင်း ပြောလာတဲ့ နည်းပြအာတေတာ

By | 2020-11-07T11:42:35+00:00 November 7th, 2020|Manager Talk|

အက်စ်တွန်ဗီလာအသင်းနဲ့ပွဲမတိုင်မီမှာ နည်းပြအာတေတာကတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ အသင်းအခြေအနေတွေနဲ့ နိုင်ငံတကာပွဲရက် အစရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြားသွားခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ ဘယ်ကစားသမားမှ ဒဏ်ရာထပ်ရတာမျိုး မရှိပါဘူး။ အားလုံးကိုတော့ ဒီနေ့ (သောကြာနေ့) မှာ ဆေးစစ်သွားရဦးမှာပါ။ အခုချိန်ထိတော့ ဘာပြဿနာမှ မရှိပါဘူး။ အားလုံးက ကြံ့ခိုင်မှုအပြည့်နဲ့ ဒီတပတ်ပွဲစဉ်အတွက် [...]

Comments Off on ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေ၊ အသင်းအခြေအနေနဲ့ နိုင်ငံတကာပွဲရက်တွေအကြောင်း ပြောလာတဲ့ နည်းပြအာတေတာ

ပေပေရဲ့ ခြေစွမ်း၊ ဘာလိုဂန်အပါအဝင် လူငယ်တွေကို အခွင့်အရေးပေးဖို့ ရှိနေသလားဆိုတာကို ပြောပြလာတဲ့ အာတေတာ

By | 2020-11-06T10:06:57+00:00 November 6th, 2020|Manager Talk|

မိုလ်ဒီအသင်းကို (၄-၁) ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ကာ သုံးပွဲကစား၊ သုံးပွဲနိုင်နဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးကောင်းသွားချိန်မှာ လူငယ်တွေကို အခွင့်အရေးပေးသွားမလားနဲ့ ပေပေရဲ့ ခြေစွမ်း ဘာတွေလုပ်နေသလဲဆိုတာကို နည်းပြအာတေတာက ပြောပြလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ပေပေ ပွဲထွက်ခွင့်ရဖို့ ဘာတွေလိုအပ်နေသလဲ။ ခြေစွမ်းတည်ငြိမ်မှုပါ။ ပွဲတပွဲလုံး၊ မိနစ် (၉၀) တလျှောက်လုံး၊ [...]

Comments Off on ပေပေရဲ့ ခြေစွမ်း၊ ဘာလိုဂန်အပါအဝင် လူငယ်တွေကို အခွင့်အရေးပေးဖို့ ရှိနေသလားဆိုတာကို ပြောပြလာတဲ့ အာတေတာ

ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း အာတေတာ ဖွင့်ဟ

By | 2020-11-05T10:44:05+00:00 November 5th, 2020|Manager Talk|

နည်းပြအာတေတာကတော့ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ အသင်းတည်ဆောက်နေချိန်မှာ ပရိသတ်တွေကို လွမ်းဆွတ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ အဆင့် (၄) အတွင်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသလို ယူရိုပါလိဂ်၊ ခါရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့မှာလည်း အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ [...]

Comments Off on ပြိုင်ပွဲအားလုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း အာတေတာ ဖွင့်ဟ

မနေ့ညကနိုင်ပွဲ၊ ချာကာ၊ ဂျိုးဝေးလ်လော့ခ်၊ ဘာလိုဂန်တို့နဲ့ပတ်သက်လို့ နည်းပြအာတေတာရဲ့ စကားသံများ

By | 2020-10-30T11:16:52+00:00 October 30th, 2020|Manager Talk|

နိုင်ပွဲတပွဲကို ပုံဖော်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကို အရမ်းကျေနပ်မိပါတယ်။ လွယ်ကူမယ့်ပွဲတပွဲလို့ ကိုယ်က ခံစားနေရပြီဆိုရင် ဒါမျိုးက အမြဲအန္တရာယ်ရှိပါတယ်။ အဲဒီနောက်မှာတော့ အမှားတွေကျူးလွန်မိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒန်းဒက်ခ်နဲ့ပွဲမှာတော့ ကျွန်တော်တို့ဟာ ပွဲစကတည်းက အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ ပြိုင်ဘက်ကလည်း ခံစစ်ကို အထိုင်ချကစားမယ်ဆိုတာ ကျွန်တော်တို့ သိထားနှင့်ခဲ့ပြီး ကိုယ်လုပ်စရာရှိတာကိုပဲ [...]

Comments Off on မနေ့ညကနိုင်ပွဲ၊ ချာကာ၊ ဂျိုးဝေးလ်လော့ခ်၊ ဘာလိုဂန်တို့နဲ့ပတ်သက်လို့ နည်းပြအာတေတာရဲ့ စကားသံများ

တိုက်စစ်စွမ်းဆောင်ရည် ဒီထက်ပိုကောင်းလာအောင် လုပ်ရမယ်လို့ နည်းပြအာတေတာ ဝန်ခံ

By | 2020-10-29T11:15:14+00:00 October 29th, 2020|Manager Talk|

အခွင့်အရေးတွေ ဖန်တီးနိုင်မှုအားနည်းနေပြီး သွင်းဂိုးတွေ နည်းပါးနေတဲ့ တိုက်စစ်ပိုင်းကို ပိုကောင်းလာအောင် အဖြေတခု အမြန်ဆုံး ရှာသွားရမယ်လို့ နည်းပြအာတေတာက ဒန်းဒက်ခ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲမတိုင်မီမှာ ဝန်ခံလာခဲ့ပါတယ်။ ဒီရာသီမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်တက်လာသလောက် တိုက်စစ်ပိုင်းက သွင်းဂိုးတွေ ရဖို့ ရုန်းကန်လာရတာနဲ့ပတ်သက်လို့ နည်းပြအာတေတာက ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ အသင်းရဲ့စွမ်းဆောင်ရည်တက်လာဖို့ ပြင်ဆင်သွားလိုနေတာဖြစ်ပြီး မကြာမီမှာ ဂိုးတွေ [...]

Comments Off on တိုက်စစ်စွမ်းဆောင်ရည် ဒီထက်ပိုကောင်းလာအောင် လုပ်ရမယ်လို့ နည်းပြအာတေတာ ဝန်ခံ

အာဆင်နယ်အသင်းမှာ အိုဇေးလ်အတွက် နေရာတနေရာအမြဲတမ်းရှိနေကြောင်း နည်းပြအာတီတာ ပြောကြား

By | 2020-07-03T12:49:40+00:00 July 3rd, 2020|Manager Talk|

ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်လို အရည်အသွေးမြင့်ကစားသမားမျိုးအတွက် အာဆင်နယ်အသင်းမှာ နေရာတနေရာ အမြဲတမ်းရှိနေကြောင်း နည်းပြမီကေးလ်အာတီတာက ပြောကြားလာခဲ့ပါတယ်။ မတ်လကတည်းက ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ခဲ့ပြီးနောက်မှာ ဂျာမန်သားဟာ အာဆင်နယ်အသင်းအတွက် တပွဲမျှကစားခွင့်မရသေးသူ ဖြစ်ပါတယ်။ အစောပိုင်းပွဲအချို့မှာ ကြံ့ခိုင်မှုကြောင့် ချန်လှပ်ထားခဲ့ရတယ်လို့ နည်းပြအာတီတာကဆိုခဲ့ပြီး ဒီနောက်ပိုင်းပွဲတွေကိုတော့ နောက်ကျောဒဏ်ရာကြောင့် လွဲချော်နေခဲ့တာလို့ အတည်ပြုထားပါတယ်။ လတ်တလောမှာ [...]

Comments Off on အာဆင်နယ်အသင်းမှာ အိုဇေးလ်အတွက် နေရာတနေရာအမြဲတမ်းရှိနေကြောင်း နည်းပြအာတီတာ ပြောကြား
Load More Posts
error: Content is protected !!