အာတေတာ ဖြေရှင်းရဦးမယ့် ပြဿနာတစ်ရပ် (သို့မဟုတ်) ဝီလီယံ

ပြောရမယ်ဆိုရင်တော့ ဝီလီယံဟာ အာဆင်နယ်အတွက် ပထမဆုံးပွဲစဉ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခုပ်သံကို ရယူခဲ့သူ ဖြစ်တယ်။ အသက် (၃၂) နှစ်သားဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့သလို လာကာဇက်ရဲ့ သွင်းဂိုးကလည်း သူ့ရဲ့ ကန်ချက် လျှံထွက်လာမှုကနေတဆင့် ရရှိခဲ့တာပါ။

အဲဒီပွဲစဉ်မှာ ဝီလီယံဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမား ဖြစ်ခဲ့တယ်။ အာဆင်နယ်ပရိသတ် (၆၃) ရာခိုင်နှုန်းက မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်တယ်။

” ကျွန်တော်ကတော့ ဒီလောက်ကောင်းတာမျိုး ရှိတော့မယ်လို့ မထင်ပါဘူး။ သူဟာ ကျွန်တော်တို့ လိုချင်တဲ့အရာတွေကို အပြည့်အဝပဲ ထုတ်ဖော်ပြသခဲ့တယ်။ အသင်းဖော်တွေကို တွန်းအားပေး ကစားနိုင်ခဲ့တယ်။ ”

” သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ပြတ်သားပြီး ခြေစွမ်းပိုင် တည်ငြိမ်ဖို့ပဲ လုပ်စရာလိုပါတော့တယ်။ သူဟာ အရည်အသွေးမြင့် ကစားသမားတဦး ဖြစ်ပါတယ်။ ” ဆိုပြီး ပွဲအပြီးမှာပဲ နည်းပြအာတေတာက တခုတ်တရ ချီးကျူးခဲ့တယ်။

ဒီခြေစွမ်းတွေကြောင့်ပဲ ဝီလီယံဟာ အာဆင်နယ်အသင်း လိုအပ်နေတဲ့ ဖန်တီးမှုပိုင်းတွေအတွက် အဖြေတခု ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ပြီး ဝီလီယံဟာ အာတေတာအတွက် အခက်အခဲတခု၊ ပြဿနာတရပ် ဖြစ်လာခဲ့တဲ့အထိ အ‌ခြေအနေဆိုးလာခဲ့ပါတယ်။

အသင်းအတွက် (၁၀) ပွဲလောက် ထပ်ကစားပြီးပြီ။ သွင်းဂိုးမဆိုထားနှင့်၊ ဖန်တီးမှုတကြိမ်တောင် ထပ်မလုပ်ပြနိုင်တော့ဘူး။ ပုံမှန်စွမ်းဆောင်ရည်အောက် ‌ရောက်နေတယ်။ သူ့အစား နီကိုးလက်စ်ပေပေကို နေရာပေးတာကမှသာ အကျိုးရှိလိမ့်ဦးမယ်ဆိုပြီးလည်း ဝေဖန်မှုတွေ ခံယူလာရတယ်။ ဒီလိုကစားသမားမျိုးကို တပတ် ပေါင် (၁) သိန်းခွဲပေးပြီး (၃) နှစ်စာချုပ် ချုပ်ခဲ့တာ တန်ရဲ့လားဆိုတဲ့အထိ မေးခွန်းထုတ်လာကြပါတယ်။

အာဆင်နယ်အသင်း တကယ်ပဲ အမှားတရပ် ကျူးလွန်ခဲ့တာလား၊ ဝီလီယံအနေနဲ့ ချယ်လ်ဆီးအသင်းကလို ခြေစွမ်းမျိုး ပြန်လည်ပြသလာနိုင်ဖို့အတွက် အာဆင်နယ်အသင်းမှာ အသားကျဖို့အတွက် အချိန်ဘယ်လောက်အထိ ထပ်ယူဦးမှာလဲ။ အာတေတာကတော့ သူ့ကစားသမားဟာ မကြာမီမှာ ပိုကောင်းလာလိမ့်မယ်လို့ ယုံကြည်နေဆဲပါပဲ။

” သူ သိပ်မကောင်းသေးဘူး။ ဖူလ်ဟမ်နဲ့ပွဲတုန်းကလိုမျိုး စွမ်းဆောင်ရည်မျိုး မပြသနိုင်သေးဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ တိုက်စစ်ကစားသမား (၃) ဦးထားကစားခဲ့ကတည်းက သူ ဒဏ်ရာရသွားခဲ့တာ၊ လေ့ကျင့်ချိန်ကောင်းကောင်းမရှိခဲ့တာ၊ သူ အသင်းကို ရောက်လာခဲ့တာဟာလည်း နောက်ကျခဲ့တာတွေတော့ ထည့်တွက်ရပါဦးမယ်။ ”

” နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ သူ့ဆီကနေ တိုးတက်မှုတွေကို ကျွန်တော် မြင်ခဲ့ရပါတယ်။ ကျွန်တော် သူ့ဆီကနေ လိုချင်တာတွေက အရင်တုန်းက သူလုပ်ခဲ့တာတွေနဲ့တော့ နည်းနည်း ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် သူ ပိုပြီးကောင်းလာမှာလည်း အမှန်တရားပါပဲ။ သူ့အရည်အသွေးကို ကျွန်တော်တို့အားလုံး သိသားပဲ။ သူဟာ ကွင်းအတွင်းမှာ ရွေးချယ်မှုကောင်းတခု ဖြစ်ပါတယ်။ သူဟာ ခြားနားမှုတွေ ပြုလုပ်နိုင်သူပါ။ ”

အာတေတာ ပြောသလိုပဲ ဝီလီယံရဲ့ အရည်အသွေးတွေက သံသယ ရှိစရာတော့ မလိုပါဘူး။ ကစားသမားဘဝမှာ လိုချင်တဲ့ ဆုဖလားအားလုံးနီးပါး ရရှိထားသူ ဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တယ်။ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရာမှာ အဓိကကျခဲ့သူ ဖြစ်တယ်။

ဖရန့်ခ်လမ်းပတ်လက်အောက်မှာ (၁၁) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဖန်တီးမှု (၉) ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တယ်။ အချက်အလက်တွေအရတော့ တစ်ပွဲကို အခွင့်အရေးဖန်တီးမှု (၁.၇) ကြိမ်လောက် ရှိသူ ဖြစ်ပါတယ်။ အဓိကပြဿနာကတော့ သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့သူ အသားကျဖို့အတွက် အချိန်ယူနေရတာပါပဲ။

မန်ယူကို အနိုင်ကစားခဲ့တဲ့ပွဲမှာတော့ ဝီလီယံရဲ့ ကစားပုံက မဆိုးဘူးလို့ ပြောရမယ်။ ညာခြမ်းတိုက်စစ်မှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ အကျိုးပြုခဲ့တယ်။ ကန်သွင်းမှုတကြိမ်ရခဲ့ပေမဲ့ ဘားတန်းထိထွက်သွားတာကြောင့်သာ ဂိုးမရခဲ့တာပါ။ ဒါပေမယ့်လည်း အက်စ်တွန်ဗီလာအသင်းနဲ့ပွဲမှာတော့ ဆိုးဆိုးရွားရွား ကစားသွားခဲ့ပြန်တယ်။ အာဆင်နယ်အသင်းဟာလည်း (၃) ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး သူ့အပေါ် ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။

နိုင်ငံတကာပွဲရက်တွေ ခံသွားတာကတော့ ဝီလီယံအတွက်ရော၊ အာဆင်နယ်အသင်းအတွက်ရော၊ အာတေတာအတွက်ရော အဆိုးထဲက အကောင်း ဖြစ်လာပါတယ်။ ဒီအချိန်အတောအတွင်းမှာ အသင်းနဲ့ပတ်သက်လို့ ပြန်လည်ပြင်ဆင်ချိန် ကောင်းကောင်းရသွားတဲ့သဘော ဖြစ်တယ်။ ဒီရာသီရည်မှန်းချက်ဆီ အရောက်သွားနိုင်ဖို့ အဖြေတခု ပြန်ရှာရမယ်။

အူဘာမီယန်၊ လာကာဇက်နဲ့ ဝီလီယံတို့ အတွဲအဖက်ဟာ ပရီးမီးယားလိဂ်မှာ (၅) ဂိုးပဲ သွင်းနိုင်ခဲ့သေးတယ်။ အာဆင်နယ်အသင်းအနေနဲ့ (၈) ပွဲကစားပြီးချိန်မှာ (၉) ဂိုးပဲ ရထားတယ်။ ဒါဟာ (၁၉၉၈-၉၉) ရာသီနောက်ပိုင်း အဆိုးရွားဆုံး တိုက်စစ်မှတ်တမ်းပါပဲ။ အပြောင်းအလဲတခုခုတော့ လုပ်ဖို့ လိုအပ်နေပြီပဲ ဖြစ်တယ်။

လာမယ့်ပွဲစဉ်က လိဒ်ယူနိုက်တက်နဲ့ နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ကစားရမှာ။ အာတေတာအနေနဲ့ အဲဒီပွဲမှာ ဝီလီယံကို အရန်ခုံ ပြန်ထိုင်ခိုင်းမလား၊ ပုံစံကောင်းတွေ ပြန်ရအောင် လုပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်။ လောလေဆယ်တော့ သူ့ကို ဂျင်းအဖြစ် သတ်မှတ်ဖို့ရာတော့ စောနေပါသေးတယ်။

ကစားသမားတိုင်းဟာ အတွေ့အကြုံရင့်ကျက်သူ ဖြစ်စေကာမူ အသင်းသစ်မှာ အချိန်တခုပေးရမှာကတော့ ဓမ္မတာပါပဲ။ ဒါမှလည်း အသားကျသွားမှာမလား။ ဒီတော့ ဝီလီယံလည်း အချိန်လိုအပ်နေတာ မဆန်းပါဘူး။ ဝီလီယံကိုယ်တိုင်ကလည်း အာတေတာလက်အောက်မှာ အရင်ကနဲ့မတူဘဲ ကစားရတာ ပိုမိုခက်ခဲကြောင်း ဝန်ခံထားတယ်။ အဲဒီအတွက်လည်း အကောင်းဆုံး ပြင်ဆင်နေကြောင်း ဖွင့်ဟထားတယ်။

” မီကေလ်က ကျွန်တော် အရင်က လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေနဲ့ မတူပါဘူး။ နေရာယူကစားရတာတွေက လွတ်လပ်မှုမရှိဘူးလို့တော့ မပြောနိုင်ဘူး။ ဒါပေမယ့်လည်း အမြဲတမ်းပဲ ကိုယ့်နေရာကိုယ် အလေးထား ကစားရတယ်။ နည်းပြဖြစ်သူရဲ့ ကစားကွက်တည်ဆောက်မှုက အသင်းအတွက် ပိုကောင်းတယ်ဆိုတာ နားလည်ရပါတယ်။ ”

” ဘောလုံးကို ထိတွေ့ချိန်နည်းလာတာနဲ့အမျှ စိတ်ပျက်မှုတွေ ကြုံလာရမှာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း မီကေလ်က ပြောတယ်။ ခဏပဲစောင့်။ သိပ်မကြာခင် ဘောလုံး ရောက်လာလိမ့်မယ်တဲ့။ ကျွန်တော့်အနေနဲ့ အများကြီး သင်ယူနေပါတယ်။ ”

ဝီလီယံဟာ အာဆင်နယ်အသင်းဆီ အရောက်လာဖို့အတွက်တော့ အများကြီး စဉ်းစားဆုံးဖြတ်ခဲ့သူ ဖြစ်တယ်။ သူ့ရဲ့ ကနဦးရည်ရွယ်ချက်ကတော့ ချယ်လ်ဆီးအသင်းမှာပဲ ဆက်ကစားပြီး ဂန္ထဝင်တဦး ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းက သူ လိုချင်တဲ့ (၃) နှစ်စာချုပ်မပေးခဲ့တာ၊ အာတေတာနဲ့ အက်ဒူးတို့က စည်းရုံးမှုကောင်းတာတွေကြောင့်သာ အမ်းမရိတ်တွေကို ‌ရောက်လာခဲ့တာပါ။

အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ယူသွားဖို့လည်း ရည်မှန်းချက်ထားနေသူ ဖြစ်တယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သူ အရန်ခုံထိုင်ခဲ့ရရင်လည်း လက်ခံသင့်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဖူလ်ဟမ်နဲ့ပွဲတုန်းကလိုမျိုး ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်အောင် သူ ကြိုးစားရဦးမယ်။ အာတေတာအနေနဲ့လည်း အဲဒီအတွက် အဖြေတခု ရှာရပါဦးမယ်။

Ref : Goal

Zawgyi
ေျပာရမယ္ဆိုရင္ေတာ့ ဝီလီယံဟာ အာဆင္နယ္အတြက္ ပထမဆုံးပြဲစဥ္မွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ လက္ခုပ္သံကို ရယူခဲ့သူ ျဖစ္တယ္။ အသက္ (၃၂) ႏွစ္သားဟာ ဖူလ္ဟမ္အသင္းနဲ႔ ကစားခဲ့တဲ့ ရာသီအဖြင့္ပြဲစဥ္မွာ ဖန္တီးမႈ (၂) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို လာကာဇက္ရဲ႕ သြင္းဂိုးကလည္း သူ႔ရဲ႕ ကန္ခ်က္ လွ်ံထြက္လာမႈကေနတဆင့္ ရရွိခဲ့တာပါ။

အဲဒီပြဲစဥ္မွာ ဝီလီယံဟာ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမား ျဖစ္ခဲ့တယ္။ အာဆင္နယ္ပရိသတ္ (၆၃) ရာခိုင္ႏႈန္းက မဲေပးေ႐ြးခ်ယ္ခဲ့ၾကတာ ျဖစ္တယ္။

” ကြၽန္ေတာ္ကေတာ့ ဒီေလာက္ေကာင္းတာမ်ိဳး ရွိေတာ့မယ္လို႔ မထင္ပါဘူး။ သူဟာ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့အရာေတြကို အျပည့္အဝပဲ ထုတ္ေဖာ္ျပသခဲ့တယ္။ အသင္းေဖာ္ေတြကို တြန္းအားေပး ကစားႏိုင္ခဲ့တယ္။ ”

” သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ ျပတ္သားၿပီး ေျခစြမ္းပိုင္ တည္ၿငိမ္ဖို႔ပဲ လုပ္စရာလိုပါေတာ့တယ္။ သူဟာ အရည္အေသြးျမင့္ ကစားသမားတဦး ျဖစ္ပါတယ္။ ” ဆိုၿပီး ပြဲအၿပီးမွာပဲ နည္းျပအာေတတာက တခုတ္တရ ခ်ီးက်ဴးခဲ့တယ္။

ဒီေျခစြမ္းေတြေၾကာင့္ပဲ ဝီလီယံဟာ အာဆင္နယ္အသင္း လိုအပ္ေနတဲ့ ဖန္တီးမႈပိုင္းေတြအတြက္ အေျဖတခု ျဖစ္လာလိမ့္မယ္လို႔ အားလုံးက ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ေမွးမွိန္သြားခဲ့ၿပီး ဝီလီယံဟာ အာေတတာအတြက္ အခက္အခဲတခု၊ ျပႆနာတရပ္ ျဖစ္လာခဲ့တဲ့အထိ အ‌ေျခအေနဆိုးလာခဲ့ပါတယ္။

အသင္းအတြက္ (၁၀) ပြဲေလာက္ ထပ္ကစားၿပီးၿပီ။ သြင္းဂိုးမဆိုထားႏွင့္၊ ဖန္တီးမႈတႀကိမ္ေတာင္ ထပ္မလုပ္ျပႏိုင္ေတာ့ဘူး။ ပုံမွန္စြမ္းေဆာင္ရည္ေအာက္ ‌ေရာက္ေနတယ္။ သူ႔အစား နီကိုးလက္စ္ေပေပကို ေနရာေပးတာကမွသာ အက်ိဳးရွိလိမ့္ဦးမယ္ဆိုၿပီးလည္း ေဝဖန္မႈေတြ ခံယူလာရတယ္။ ဒီလိုကစားသမားမ်ိဳးကို တပတ္ ေပါင္ (၁) သိန္းခြဲေပးၿပီး (၃) ႏွစ္စာခ်ဳပ္ ခ်ဳပ္ခဲ့တာ တန္ရဲ႕လားဆိုတဲ့အထိ ေမးခြန္းထုတ္လာၾကပါတယ္။

အာဆင္နယ္အသင္း တကယ္ပဲ အမွားတရပ္ က်ဴးလြန္ခဲ့တာလား၊ ဝီလီယံအေနနဲ႔ ခ်ယ္လ္ဆီးအသင္းကလို ေျခစြမ္းမ်ိဳး ျပန္လည္ျပသလာႏိုင္ဖို႔အတြက္ အာဆင္နယ္အသင္းမွာ အသားက်ဖို႔အတြက္ အခ်ိန္ဘယ္ေလာက္အထိ ထပ္ယူဦးမွာလဲ။ အာေတတာကေတာ့ သူ႔ကစားသမားဟာ မၾကာမီမွာ ပိုေကာင္းလာလိမ့္မယ္လို႔ ယုံၾကည္ေနဆဲပါပဲ။

” သူ သိပ္မေကာင္းေသးဘူး။ ဖူလ္ဟမ္နဲ႔ပြဲတုန္းကလိုမ်ိဳး စြမ္းေဆာင္ရည္မ်ိဳး မျပသႏိုင္ေသးဘူး။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ေတြ တိုက္စစ္ကစားသမား (၃) ဦးထားကစားခဲ့ကတည္းက သူ ဒဏ္ရာရသြားခဲ့တာ၊ ေလ့က်င့္ခ်ိန္ေကာင္းေကာင္းမရွိခဲ့တာ၊ သူ အသင္းကို ေရာက္လာခဲ့တာဟာလည္း ေနာက္က်ခဲ့တာေတြေတာ့ ထည့္တြက္ရပါဦးမယ္။ ”

” ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္ေတြမွာေတာ့ သူ႔ဆီကေန တိုးတက္မႈေတြကို ကြၽန္ေတာ္ ျမင္ခဲ့ရပါတယ္။ ကြၽန္ေတာ္ သူ႔ဆီကေန လိုခ်င္တာေတြက အရင္တုန္းက သူလုပ္ခဲ့တာေတြနဲ႔ေတာ့ နည္းနည္း ကြဲျပားျခားနားပါတယ္။ ဒါေပမယ့္ သူ ပိုၿပီးေကာင္းလာမွာလည္း အမွန္တရားပါပဲ။ သူ႔အရည္အေသြးကို ကြၽန္ေတာ္တို႔အားလုံး သိသားပဲ။ သူဟာ ကြင္းအတြင္းမွာ ေ႐ြးခ်ယ္မႈေကာင္းတခု ျဖစ္ပါတယ္။ သူဟာ ျခားနားမႈေတြ ျပဳလုပ္ႏိုင္သူပါ။ ”

အာေတတာ ေျပာသလိုပဲ ဝီလီယံရဲ႕ အရည္အေသြးေတြက သံသယ ရွိစရာေတာ့ မလိုပါဘူး။ ကစားသမားဘဝမွာ လိုခ်င္တဲ့ ဆုဖလားအားလုံးနီးပါး ရရွိထားသူ ျဖစ္တယ္။ ၿပီးခဲ့တဲ့ရာသီမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္အေကာင္းဆုံး ကစားသမားေတြထဲက တဦး ျဖစ္တယ္။ ခ်ယ္လ္ဆီးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ရာမွာ အဓိကက်ခဲ့သူ ျဖစ္တယ္။

ဖရန႔္ခ္လမ္းပတ္လက္ေအာက္မွာ (၁၁) ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ဖန္တီးမႈ (၉) ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့တယ္။ အခ်က္အလက္ေတြအရေတာ့ တစ္ပြဲကို အခြင့္အေရးဖန္တီးမႈ (၁.၇) ႀကိမ္ေလာက္ ရွိသူ ျဖစ္ပါတယ္။ အဓိကျပႆနာကေတာ့ သူ႔အေနနဲ႔ အာဆင္နယ္အသင္းနဲ႔သူ အသားက်ဖို႔အတြက္ အခ်ိန္ယူေနရတာပါပဲ။

မန္ယူကို အႏိုင္ကစားခဲ့တဲ့ပြဲမွာေတာ့ ဝီလီယံရဲ႕ ကစားပုံက မဆိုးဘူးလို႔ ေျပာရမယ္။ ညာျခမ္းတိုက္စစ္မွာ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ အက်ိဳးျပဳခဲ့တယ္။ ကန္သြင္းမႈတႀကိမ္ရခဲ့ေပမဲ့ ဘားတန္းထိထြက္သြားတာေၾကာင့္သာ ဂိုးမရခဲ့တာပါ။ ဒါေပမယ့္လည္း အက္စ္တြန္ဗီလာအသင္းနဲ႔ပြဲမွာေတာ့ ဆိုးဆိုး႐ြား႐ြား ကစားသြားခဲ့ျပန္တယ္။ အာဆင္နယ္အသင္းဟာလည္း (၃) ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီး သူ႔အေပၚ ေဝဖန္မႈေတြ ပိုမိုျပင္းထန္လာခဲ့တယ္။

ႏိုင္ငံတကာပြဲရက္ေတြ ခံသြားတာကေတာ့ ဝီလီယံအတြက္ေရာ၊ အာဆင္နယ္အသင္းအတြက္ေရာ၊ အာေတတာအတြက္ေရာ အဆိုးထဲက အေကာင္း ျဖစ္လာပါတယ္။ ဒီအခ်ိန္အေတာအတြင္းမွာ အသင္းနဲ႔ပတ္သက္လို႔ ျပန္လည္ျပင္ဆင္ခ်ိန္ ေကာင္းေကာင္းရသြားတဲ့သေဘာ ျဖစ္တယ္။ ဒီရာသီရည္မွန္းခ်က္ဆီ အေရာက္သြားႏိုင္ဖို႔ အေျဖတခု ျပန္ရွာရမယ္။

အူဘာမီယန္၊ လာကာဇက္နဲ႔ ဝီလီယံတို႔ အတြဲအဖက္ဟာ ပရီးမီးယားလိဂ္မွာ (၅) ဂိုးပဲ သြင္းႏိုင္ခဲ့ေသးတယ္။ အာဆင္နယ္အသင္းအေနနဲ႔ (၈) ပြဲကစားၿပီးခ်ိန္မွာ (၉) ဂိုးပဲ ရထားတယ္။ ဒါဟာ (၁၉၉၈-၉၉) ရာသီေနာက္ပိုင္း အဆိုး႐ြားဆုံး တိုက္စစ္မွတ္တမ္းပါပဲ။ အေျပာင္းအလဲတခုခုေတာ့ လုပ္ဖို႔ လိုအပ္ေနၿပီပဲ ျဖစ္တယ္။

လာမယ့္ပြဲစဥ္က လိဒ္ယူႏိုက္တက္နဲ႔ ႏိုဝင္ဘာလ (၂၂) ရက္ေန႔မွာ ကစားရမွာ။ အာေတတာအေနနဲ႔ အဲဒီပြဲမွာ ဝီလီယံကို အရန္ခုံ ျပန္ထိုင္ခိုင္းမလား၊ ပုံစံေကာင္းေတြ ျပန္ရေအာင္ လုပ္ႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္တယ္။ ေလာေလဆယ္ေတာ့ သူ႔ကို ဂ်င္းအျဖစ္ သတ္မွတ္ဖို႔ရာေတာ့ ေစာေနပါေသးတယ္။

ကစားသမားတိုင္းဟာ အေတြ႕အႀကဳံရင့္က်က္သူ ျဖစ္ေစကာမူ အသင္းသစ္မွာ အခ်ိန္တခုေပးရမွာကေတာ့ ဓမၼတာပါပဲ။ ဒါမွလည္း အသားက်သြားမွာမလား။ ဒီေတာ့ ဝီလီယံလည္း အခ်ိန္လိုအပ္ေနတာ မဆန္းပါဘူး။ ဝီလီယံကိုယ္တိုင္ကလည္း အာေတတာလက္ေအာက္မွာ အရင္ကနဲ႔မတူဘဲ ကစားရတာ ပိုမိုခက္ခဲေၾကာင္း ဝန္ခံထားတယ္။ အဲဒီအတြက္လည္း အေကာင္းဆုံး ျပင္ဆင္ေနေၾကာင္း ဖြင့္ဟထားတယ္။

” မီေကလ္က ကြၽန္ေတာ္ အရင္က လက္တြဲခဲ့ဖူးတဲ့ နည္းျပေတြနဲ႔ မတူပါဘူး။ ေနရာယူကစားရတာေတြက လြတ္လပ္မႈမရွိဘူးလို႔ေတာ့ မေျပာႏိုင္ဘူး။ ဒါေပမယ့္လည္း အၿမဲတမ္းပဲ ကိုယ့္ေနရာကိုယ္ အေလးထား ကစားရတယ္။ နည္းျပျဖစ္သူရဲ႕ ကစားကြက္တည္ေဆာက္မႈက အသင္းအတြက္ ပိုေကာင္းတယ္ဆိုတာ နားလည္ရပါတယ္။ ”

” ေဘာလုံးကို ထိေတြ႕ခ်ိန္နည္းလာတာနဲ႔အမွ် စိတ္ပ်က္မႈေတြ ႀကဳံလာရမွာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္လည္း မီေကလ္က ေျပာတယ္။ ခဏပဲေစာင့္။ သိပ္မၾကာခင္ ေဘာလုံး ေရာက္လာလိမ့္မယ္တဲ့။ ကြၽန္ေတာ့္အေနနဲ႔ အမ်ားႀကီး သင္ယူေနပါတယ္။ ”

ဝီလီယံဟာ အာဆင္နယ္အသင္းဆီ အေရာက္လာဖို႔အတြက္ေတာ့ အမ်ားႀကီး စဥ္းစားဆုံးျဖတ္ခဲ့သူ ျဖစ္တယ္။ သူ႔ရဲ႕ ကနဦးရည္႐ြယ္ခ်က္ကေတာ့ ခ်ယ္လ္ဆီးအသင္းမွာပဲ ဆက္ကစားၿပီး ဂႏၴဝင္တဦး ျဖစ္ခ်င္ခဲ့တာ။ ဒါေပမယ့္လည္း ခ်ယ္လ္ဆီးအသင္းက သူ လိုခ်င္တဲ့ (၃) ႏွစ္စာခ်ဳပ္မေပးခဲ့တာ၊ အာေတတာနဲ႔ အက္ဒူးတို႔က စည္း႐ုံးမႈေကာင္းတာေတြေၾကာင့္သာ အမ္းမရိတ္ေတြကို ‌ေရာက္လာခဲ့တာပါ။

အာဆင္နယ္နဲ႔အတူ ေအာင္ျမင္မႈေတြ ယူသြားဖို႔လည္း ရည္မွန္းခ်က္ထားေနသူ ျဖစ္တယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ သူ အရန္ခုံထိုင္ခဲ့ရရင္လည္း လက္ခံသင့္တဲ့ အေျခအေန ျဖစ္ေနပါတယ္။ ဖူလ္ဟမ္နဲ႔ပြဲတုန္းကလိုမ်ိဳး ပုံစံေကာင္းေတြ ျပန္လည္ျပသႏိုင္ေအာင္ သူ ႀကိဳးစားရဦးမယ္။ အာေတတာအေနနဲ႔လည္း အဲဒီအတြက္ အေျဖတခု ရွာရပါဦးမယ္။

Ref : Goal

By | 2020-11-15T10:17:28+00:00 November 15th, 2020|Feature Article|Comments Off on အာတေတာ ဖြေရှင်းရဦးမယ့် ပြဿနာတစ်ရပ် (သို့မဟုတ်) ဝီလီယံ
error: Content is protected !!